အာဖရိက တိုက် မာလီ နိုင်ငံတွင် သမ္မတ President Amadou Toumani Toure ကို ဖြုတ်
ချပြီး စစ်အာဏာ သိမ်း မှု တစ် ရပ် ယနေ့ မနက် အစော ပိုင်း တွင် ဖြစ်ပွား ခဲ့ သည်။
National Committee for the Restoration of Democracy and State (CNRDR)
ဟု အမည် ပေးထား သည့် စစ် အာဏာ သိမ်း အဖွဲ့  က မြို့ တော် ဘာမာ ကို ရှိ သမ္မတ နန်း
တော် ကို သိမ်းပိုက် လိုက် ခြင်း ဖြစ်သည်။
အာဏာသိမ်း တပ် ဖွဲ့  မှာ တပ် တွင်း စစ်တပ် ပုန်ကန် မှု ဖြစ်ပြီး နောင် ဗိုလ်ကြီး တစ်ဦး ဦး
ဆောင် သည့် အဖွဲ့  က သိမ်းလိုက် ခြင်း ဖြစ်သည်။
သမ္မတ နန်းတော် ကို သိမ်း ဆည်းထား သော် လည်း သမ္မတ ကို ဖမ်းဆီး ရမိခြင်း မရှိ သေး
ပဲ လွတ်မြောက် နေသည် ဟု သတင်း များ တွင် ဖော်ပြထား သည်။
အာဏာ သိမ်း အဖွဲ့  မှ ပြောခွင့် ရ ဒုဗိုလ် Amadou Konare က အစိုးရ သည် နိုင်ငံ မြောက်
ပိုင်းမှ တော်ရဂ် သူပုန်များ ကို အောင်မြင် စွာ တိုက် ထုတ် နိုင် ခြင်း မရှိ ဟု အကြောင်း
ပြ ကာ သိမ်းဆည်း လိုက် ခြင်း ဖြစ်သည်။
တော်ရဂ် များ ကို လစ်ဗျား ခေါင်းဆောင် ဟောင်း မွမ်မာ ကဒါဖီ က မြှောက်စား ထားခြင်း
ဖြစ်ပြီး ယမန် နှစ် က လစ်ဗျား ရှိ တော်ရဂ် သူပုန် များ က ကဒါဖီ ဘက်မှ နေ၍ ကြေးစား
စစ်သား အနေဖြင့် ၀င်ရောက် တိုက် ခိုက်ပေး ခဲ့ သည်။
အာဏာသိမ်း အဖွဲ့  က နိုင်ငံ ပိုင် ရုပ်သံ မှာ အာဏာ သိမ်း သတင်း ကို ကြေငြာ ပြီး နောက်
အခြေခံ ဥပဒေ ကို ပါ ဖျက်သိမ်း လိုက် သည် ဟု ထည့် သွင်း ပြောကြားသွား သည်။
စစ်အာဏာ သိမ်းမှု ကို ကန့် ကွက် သူများ လည်း ရှိ ပြီး ထောက်ခံ သူများ လည်း ရှိသည်။

အရက်မူး နေသည့် စစ်သား များ က လုယက် နေကြ စဉ်
Update ———–
မာလီ စစ်အာဏာ သိမ်းမှု ကို အမေရိကန် အစိုးရ က ရှုံ့ ချ လိုက်ပြီး ပြင်သစ် နိုင်ငံ က တော့
သံတမန် အဆက်အသွယ် ဖြတ် တောက် လိုက် ပါတယ်။
တစ်ချိန် က အာဖရိက တိုက်မှာ မာလီ အင်ပါယာ လို နာမည် ကျော်ခဲ့ တဲ့ ယနေ့ မာလီ နိုင်ငံ
ဟာ ပြင်သစ် ရဲ့  ကိုလိုနီ လက်အောက်ခံ ဘ၀ ကို ကျရောက် ခဲ့ ဖူး ပါတယ်။
အိမ်နီးချင်း နိုင်ဂျီးရီးယား နိုင်ငံ ကလည်း အခြေခံ ဥပဒေ အရ မဟုတ် ဘဲ တက်လာ တဲ အစိုး
ရ ကို အသိ အမှတ် မပြု နိုင် ဘူး လို့  ဆို ပါတယ်။ ကုလ သမဂ္ဂ အထွေ ထွေ အတွင်း ရေးမှုး
ချုပ် ဘန်ကီမွန်း က တော့ မာလီ ဟာ အထူး စိုးရိမ် စရာ ကောင်း တဲ့ အနေ အထား ရောက်
နေတယ် လို့  ဆို ပါတယ်။
အာဏာ သိမ်းပြီး နောက် စစ်သား အချို့  က သမ္မတ နန်းတော် က ပစ္စည်း တွေ နဲ့  ဌာနဆိုင်
ရာ ရုံး တွေ က ပစ္စည်း တစ်ခု ကို လုယူ ဖျက်ဆီး မှု တွေ ရှိ နေတယ် လို့  သတင်း တွေ မှာ
ဖော် ပြ ထား ပါတယ်။
