အသျှင် ၀ီရသူ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေး တောင်းဆို

မကြာခင် က မှ အကျဉ်းထောင် က နေ ပြန်လည် လွတ်မြောက် လာတဲ့ အသျှင် ၀ီရသူ ဟာ
အကျဉ်းထောင် တွေ ထဲ မှာ ကျန် ရှိ နေသေးတဲ့ နိုင်ငံ ရေး အကျဉ်းသား တွေ လွတ်မြောက်
ဖို့  အတွက် ဒီနေ့  နေ့ လည် က မန္တလေး မဟာ မြတ် မုနိ ဘုရားကြီး မှာ ဆုတောင်း ဆန္ဒ ထုတ်
ပွဲ ကို ပြုလုပ် ခဲ့ တယ် လို့  သတင်း ရရှိ ပါတယ်။

မန္တလေး မစိုးရိမ် တိုက် သစ် ကျောင်း က ဆရာ တော် ရဲ့  ဆန္ဒ ထုတ် ဖော် ပွဲ ကို သံဃာတော်
၅၀၀ ခန့်  အပါ အ၀င် ကျောင်းသား ပြည်သူ တွေ လဲ တက် ရောက် ခဲ့  ပါတယ်။

ဆန္ဒထုတ် ဖော် စဉ် အတွင်း ဆရာ တော် က ကျန် ရှိ နေ တဲ့ နိုင်ငံ ရေး အကျဉ်း သား တွေ ကို
အမြန် ဆုံး လွှတ် ပေး ဖို့  နဲ့  နိုင်ငံရေး အကျဉ်း သား ဟောင်း သံ ဃာ တော် တွေ ကို ဖိအား
ပေးတာ မျိုး မလုပ် ဖို့  အစိုးရ ကို တောင်း ဆို သွား ခဲ့ ပါတယ်။

ရန်ကုန် မြို့ မှာ လည်း နိုင်ငံ ရေး အကျဉ်းသား တွေ လွတ်မြောက် ဖို့  ဆန္ဒထုတ် ဖော် ဖို့  ရှိ တယ်
လို့  သိရ ပါတယ်။

Photo : Burma VJ Media Network