ပစ်ခတ်မှု တွင် သေဆုံးသူများ ၏ မိသားစု ကို အမေရိကန် က ကရုဏာ ကြေး ပေး

အမေရိကန် အစိုးရ က အာဖဂန် နစ္စတန် ကန်ဒါဟာ ပြည်နယ် တွင် မတ်လ ၁၂ ရက် နေ့ က
ပခတ်မှု အတွင်း သေဆုံး သွား သူ ၁၆ ဦး နှင့် ဒဏ်ရာ ရရှိ သူ ၆ ဦး အတွက် စနေ နေ့  က
အမေရိကန် ဒေါ်လာ ခြောက်သိန်း ရှစ်သောင်း ကရုဏာ ကြေး ပေး ခဲ့ သည် ဟု ထုတ်
ဖော် ပြောကြား ခဲ့ သည်။

သေဆုံးသူ တစ်ဦး လျှင် တစ်ဦး ကို အမေရိကန် ဒေါ်လာ  ကျပ် ငါးသောင်းစီ ပေးချေ ခြင်း ဖြစ်
ပြီး ဒဏ်ရာ ရရှိ သူ တစ်ဦး လျှင် အဆင့် မြင့် ကျမ္မာရေး စောင့် ရှောက် မှု အပါအ၀င် ဒေါ်လာ
ငွေ  တစ်သောင်း ထပ်မံ ပေးချေ ခဲ့ သည်။

အမေရိကန် စစ်တပ် မှ တပ်ကြပ်ကြီး ရောဘတ် ဘေလ် ၏ ပစ်ခတ်မှု တွင် အမျိုးသမီး ၃ ဦး နှင့်
ကလေး ၉ ဦး အပါ အ၀င် ၁၆ဦး အသက် ဆုံးရှုံး ခဲ့ သည်။

ရောဘတ် ဘေလ် ကို လူသတ်မှု ၁၇ မှု ဖြင့် အမေရိကန် တွင် တရား စီရင် ရန် အတွက် စုံးစမ်း
စစ်ဆေး မှု ပြု နေသည်။

ယမန် နှစ် နိုဝင်ဘာ လ က ဖြစ်ပွား ခဲ့ သည့် ပါကစ္စတန် နှင့် အာဖဂန် နစ္စတန် နယ်စပ် Salala
စစ်ဆေး ရေးဂိတ် တွင် ပါကစ္စတန် စစ်သား ၂၄ ဦး သေဆုံး ခဲ့ ရမှု တွင်  စစ်မြေပြင် စိတ်ရှုပ်ထွေး
မှု အခြေ အနေ ဖြစ်သောကြောင့် လေကြောင်း တိုက် ခိုက် မှု တာဝန် ရှိ သူ များ ကို ပြစ်ဒဏ်
ချမှု မှု မပြု ဟု သိရသည်။

တပ်ကြပ်ကြီး ရောဘတ် ဘေလ်၏  ဇနီး က  ခင်ပွန်း ဖြစ်သူ အမှု အတွက် တရားရေး ခုခံ ဆောင်
ရွက် မှု ပြု ရန် ရံပုံ ငွေ ကောက်ခံ မှု စတင် လျှက် ရှိ သည်။

U.S. Army Staff Sgt. Robert Bales, Pakistan, Afghanistan,  Pakistani border post,
Kandaha.