နေမျိုးဦး၊ ၊ ယမန်နေ့ က တနင်္သာ ရီ တိုင်း မြိတ် မြို့  နဲ့  မြိတ်ကျွန်းစု ခရီးစဉ် တွေ ကို မဲ ဆွယ်
ဟော ပြောပွဲ အတွက် သွား ရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ဟာ ခရီးစဉ် အတွင်း မှာ ကျမ္မာရေး ချို့  ယွင်း ခဲ့ တာ ကြောင့် အထက် အညာ ဒေ သတွေ ဖြစ် တဲ့
တောင်တွင်းကြီး နဲ့  မကွေး မြို့  တွေ ကို ရွေးကောက်ပွဲ မဲဆွယ် ဟောပြောမှု ခရီးစဉ် မထွက် နိုင် တော့
ဘူး လို့  NLD က တရား ၀င် ကြေငြာ ချက် ထုတ် ပြန် ခဲ့ ပါတယ်။
မြိတ် ကျွန်းစု ကို သွားရောက် ဟော ပြောမယ့် ခရီးစဉ် မှာ ရှပ်ပြေး ရေယာဉ် တွေ ကို ငှားမရ တဲ့
အတွက် စက်လှေ နဲ့  အသွား မှာ နာရီ အတော်ကြာ သောင် တင် ခဲ့ ရာ က စပြီး ကျန်းမာ ရေး ချို့ 
ယွင်း ခဲ့ တာ ဖြစ် ပါတယ်။
မြိတ်မြို့  ခရီးစဉ် မှာ ဒေသခံ တွေ ကမ်းလုံး ညွတ် မျှ ကြိုဆို ခဲ့ ကြ ပေမယ့် ဒေသန္တရ အာဏာပိုင်
တွေ ရဲ့  ပူးပေါင်း ဆောင် ရွက် မှု ကင်းမဲ့ တယ် လို့  မြိတ်မြို့  အမျိုး သား ဒီမို ကရေစီ အဖွဲ့  ၀င် တစ်
ဦး က FNG ကို ပြောပါတယ်။
မြိတ် မြို့  မှာ ရှပ် ပြေး ရေယာဉ် တွေ ငှား ရမ်း မရ တာ နဲ့  ပတ် သက် ပြီး မြိတ်ဒေ သ ခံ တစ်ဦး က
တော့ မြိတ်မြို့  က ရှပ်ပြေး ရေယာဉ် အုပ် စု ကို ကြံ့ဖွတ် က ထိမ်းချုပ် ထား တာ တစ်ခြား ပိုင် ရှင်
တစ်ဦး က ထိုင်းကို ခရီး သွား နေတုန်း ကြံ့ဖွတ် က မန်နေဂျာ ကို ဖိအား ပေး ထား တာ ဖြစ် နိုင်
တယ် လို့  ပြော ပါတယ်။
ယမန် နေ့  ညက ကျောက် ပန်းတောင်း မြို့  ခံ တွေ က ဒေါ်အောင်ဆန်းစုကြည် ကျမ္မာရေး ပြန်လည်
ကောင်း မွန် ဖို့  ဆုတောင်း ပွဲ တွေ ပြု လုပ် ခဲ့ ပါတယ်။
Photo Credit : Super Photography (Myeik)
: San Francisco Chronicle







အမေစု ဘိတ်မှာ နေမကောင်းဖြစ်တာကို ဘိတ်သူဘိတ်သားတွေကို တကယ်ကို စိုးရိမ်ခဲ့ကြပါတယ်ဗျ
ဘိတ်ကို လာမှ ဒီလိုဖြစ်ရလို့ တကယ်ကို စိတ်မကောင်းကြပါဘူးဗျ