စသုံးလုံး စစ်ဆေးစဉ် ပြုတ်ကျသေမှု သတင်းယူသည့် သတင်းထောက် ခြိမ်းခြောက်ခံရ

ပြည်ထဲရေး ၀န်ကြီးဌာန လက် အောက် ရှိ အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စ သုံးလုံး)
က ခေါ် ယူစစ်ဆေးစဉ် သေဆုံးသွား သည့် မိန်းကလေး တစ်ဦး ၏ အမှု အကြောင်း ကို လို
လံ စုံစမ်း သည့် သတင်း ထောက် တစ်ဦး ကို စသုံးလုံး အရာရှိ ငယ် တစ်ဦး က ” ယခုအမှုကို
ဆက်လက်စုံစမ်းပါက ညီလေး အန္တရာယ် ရှိသည်ဟု ” ခြိမ်းခြောက် ခဲ့ သည် ဟု FNG မှ သတင်း
ရရှိ သည်။

ကမ္ဘာ အေး အရပ် တွင် နေထိုင်သည့် အသက် ၁၉ နှစ် အရွယ် ရှိ နန်းမိုဟန် ဆိုသည့် အမျိုး
သမီး ငယ် သည် သူ မ ကို စသုံးလုံး မှ စစ်ဆေးစဉ် ခုန်ချ ပြီး သတ်သေမှု ကို သတင်းထောက်
များ က လိုက်လံ စုံစမ်း ရာ စသုံးလုံး က ယခု ကဲ့ သို့  ခြိမ်းခြောက် ခြင်း ဖြစ်သည်။

စစ်တပ် ဗိုလ်ချုပ် ကြီး အဆင့် မှ အသွင် ပြောင်း က လက်ရှိ အစိုးရ ၏ သမ္မတ အဖြစ် တာဝန်
ထမ်းဆောင် နေ သည့် ဦးသိန်းစိန် လက် ထက် တွင် သတင်းစာ တိုက် များ ၊ သတင်း ထောက်
များ ကို ခြိမ်းခြောက် မှု များ မှာ နေ့  စဉ် ရက် ဆက် ဆို သလို ကြုံနေရ သည် ဟု ရန်ကုန်
မြို့  မှ သတင်း အယ်ဒီတာ တစ်ဦး က FNG ကို ပြောသည်။