FNG၊ ၊ ယမန် နှစ် ဧပြီလ ၁ ရက်နေ့  ရာထူးမှ အနား ယူသွား ခဲ့ သည့် စစ်ခေါင်းဆောင် ဟောင်း
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ နေရွှေ သွေးအောင် ခေါ် ဖိုးလပြည့် က မြန်မာနှစ်သစ်ကူး
အတာသင်္ကြန် တွင် ရေပက်ကစားရန် အတွက် သူ ၏ ရေပက် မဏ္ဍပ် ကို ပြည်လမ်း မပေါ် တွင်
စတင် ဆောက်လုပ် တော့ မှာ ဖြစ်ကြောင်း Freedom News Group မှ သတင်း ရရှိသည်။
၂၀၀၉ ခုနှစ် က သူ၏ ရေပက် မဏ္ဍပ် ကို ရန်ကုန်မြို့ အင်းလျှားလမ်း တွင် ဆောက်လုပ်ခဲ့ပြီး
၂၀၁၀ နှင့် ၂၀၁၁ ခုနှစ် များ တွင် ယခု ဆောက် လုပ် မည့် မဏ္ဍပ် နေရာ နှင့် မနီးမဝေး တွင်ပင်
ဖြစ်သည် ဟု သူ၏ မိတ်ဆွေ တစ်ဦး က ပြောသည်။
၂၀၁၀ ခု နှစ် သင်္ကြန် က ရန်ကုန် မြို့ ကန်တော်ကြီး ကန် ပတ်လမ်း တွင် နှစ်သစ် ကူးကာလ
ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ ရာ လူလေးဆယ် ကျော် သေဆုံး ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။
ယခင် နှစ်က နေရွှေသွေးအောင် ၏ မဏ္ဍပ် ကို ဦးဇော်ဇော် ၏ Max Myanmar က တာဝန်
ယူဆောက် လုပ်ပေး ခဲ့ ပြီး ယခု နှစ် အတွက် မည် သူ က ဆောက် လုပ် ပေး သည် ဆိုသည်
ကို မူ သတင်းပေး သူ က မသိရှိ ရ သေး ဟု ဆိုသည်။
ယခု သတင်း နှင့် ဆက်စပ် သတင်း မှာ ဧပြီလ ၁ ရက်နေ့  ကြားဖြတ် ရွေးကောက် ပွဲ တွင်
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် မိသား စု လည်း မဲပေး မည် ဟု သိရသည်။
ပြန်ကြား ရေး ၀န်ကြီး ဦးကျော်ဆန်း က အမေရိကန် ပြည်ထောင်စု အခြေစိုက် Wall Street
Journal နှင့် တွေ့ ဆုံ ရာ တွင် ဗိုလ်ချုပ်မှုးကြီး စာ ဖတ် နေသည် ဟု ဆိုသည်။

money is not for monkey…..
သူ့မဲကို စိတ်မ၀င်စားဘူး ဖွတ်တွေကိုပဲပေးမှာပေါ့ ဖွတ်ပါတီဝင်ပဲဟာ..။
ဦးသန်းရွေပေးမည့်မဲကလည်း
ပြည်သူတွေအတွက်ရည်ညွန်းခြင်း
ဦးတည်ခြင်းမဟုတ်ပါ။
အချင်းချင်းကိုယ့်ငါးချဉ်ကိုယ်ချဉ်မည့်သူများသာ
လွမ်းလောက်စရာဘာမှမရှိ
kkkk than shwe he is not acceptable to make so many mistake