သောကြာနေ့  ည သန်းခေါင်းယံ တွင် ဖွင့် လှစ်သော ထီ ဆုမဲ မှ ဂဏန်း တူသူ သုံး ဦးရှိ ပြီး
၎င်း တို့  မှာ အီလီနွိုက်(စ) ၊ ကန်းဆစ် နှင့် မေရီလန်း ပြည်နယ် တွင် နေ ထိုင် ကြသည်။
ပေါက် ဂဏန်းမှာ မီဂါ ဘော ၂၃ မှ 2, 4, 23, 38, 46 ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု တွင် ဖွင့် လှစ်သည့် Jackpot ဂဏန်း တိုက် အမျိုးအစား ထီဆု
ကြေး စနစ် သည် ပြီး ခဲ့ သည့် ဖွင့်လှစ်မှု ၁၈ ကြိမ် အတွင်း ဉ် ဂဏန်း ငါး လုံး အထိ တူသူ တစ်
ဦးမှ မရှိ ခဲ့ သောကြောင့် ဆုကြေးငွေ ဒေါ်လာ သန်း ၆၄၀ အထိ မြင့် တက်ရ သည် ဟု Jack
Pot ကုမ္ပဏီ မှ တာဝန် ရှိ သူ တစ်ဦး က ပြောသည်။
Mega Millions group ထီကုမ္ပဏီ ၏ ဒါရိုက်တာ ဖြစ်သူ ဂယ်ရီ ဂရိဖ် က တစ်ဒေါ်လာ ကျပ်
ငွေ နဲ့  ဘီလျှံ ထက်ဝက် ကျော် ချမ်းသာ မယ့် အိပ်မက် ကို မက် နိုင် တယ် ဟု CNN ကိုပြော
သည်။
အကယ်၍ ယနေ့  အမေရိကန် အရှေ့ ဘက် ကမ်းရိုးတန်း သောကြာ နေ့  ည ၁၂ နာရီ အချိန်
တွင် ဖွင့် လှစ် မည့် ထီနံပါတ် တွင် နံပါတ် ငါး လုံး တူ ဂဏန်း ပိုင်ရှင် မရှိ ပါက ဆုကြေးငွေ သည်
ဒေါ်လာ သန်း ၉၀၀ ကျော် အထိ ဖြစ်သွားမည် ဟု CBS သတင်း တွင် ဖော်ပြထားသည်။
ယနေ့ ည ဖွင့်လှစ် မည့် ဆု ငွေ ကို ဆွတ် ခူး နိုင်ခဲ့ သူ ဖြစ်ပါက ဒေါ်လာ သန်း ၆၄၀ ကို တစ်နှစ်
လျှင် ၂၄ သန်း ဖြင့် ၂၆ နှစ် အရစ် ကျ ပေးချေ သွား မည် ဖြစ်ပြီး ငွေသား ချက်ခြင်း လိုချင်သည့်
ကံထူးရှင် ဖြစ်ပါက ၄၆၂ မီလျှံ ရရှိ မည် ဖြစ်သည်။
၂၀၀၇ ခုနှစ် က Jackpot ထီ ဖွင့် ပွဲ တွင် ဒေါ်လာ သန်း ၃၉၀ အထိ ဆုကြေး ငွေ မြင့် တက်ပြီး
နောက် ယခု တစ်ကြိမ် သည် သမိုင်း ၀င် ဆုကြေး အများ ဆုံး ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု တွင် ရှိ သည့် ထီကုမ္ပဏီ များ ဉ် Jackpot သည် နာမည် အကြီးဆုံး
ဖြစ်ပြီး ယခု ထီပွင့် အတွက် လက်မှတ် စောင်ရေ ၁၇၆ သန်း ကျော်ရောင်းချ ထားသည်။
ယခု ဆု ငွေ သည် အမေရိကန် ထီ သမိုင်း တွင် သာ မက ကမ္ဘာ့ ထီသမိုင်း တွင် လည်း အများ
ဆုံး ဖြစ်သည်။
နယူးယောက် ၊ ဂျော်ဂျီယာ နှင့် ကာလီဖိုးနီးယား တွင် ထီထိုးသူ မျာ Jackpot ရောင်းချ သည့်
နေရာများ တွင် စောင့် ဆိုင်း ၀ယ် ယူကြသည်။
နယူးယောက် မြို့ မှ အသက် ၅၆ နှစ် ရှိ တက္ကစီ ဒရိုင်ဘာ ထီပေါက်လျှင် သူမောင်း နေသည့် ကား
ကို နေရာ တွင် ပင် ထား ခဲ့ မည် ဟု ဆိုသည်။
စိတ်ပညာ ရှင် Scott Bea က သင့်မှာ ပေါက်ဖို့  အခွင့် အလမ်းတော့ မရှိ ဘူး ၊ ဒါပေမယ့် စိတ်
လှုပ်ရှား စရာ ကောင်းတယ် ဟု ပြောသည်။
ထီလက်မှတ် များ ကို အရှေ့ ဘက်ကမ်းရိုးတန်း စံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ် အထိ ရောင်းချ
မည် ဖြစ်သည်။
ကံထူးရှင် တစ်ဦးထက် ပိုပါက ထီလက်မှတ် ဆုငွေ ကို အချိုး ကျ ခွဲဝေ ယူရမည် ဖြစ်သည်။
Related articles
- Web Poll: Mega Millions Jackpot Now Estimated at $500 Million (whnt.com)
- BREAKING: Mega Millions Jackpot Hits $640 MILLION (VIDEO) (blippitt.com)
- You’re not going to win Mega Millions jackpot (news.blogs.cnn.com)
