FNG ဘော့စနီးယား – ဟာဇီဂိုဗီးနား စစ်ပွဲ ဖြစ်ပွား ခြင်း နှစ် ၂၀ ပြည့် ကို ယနေ့  ဆာရာ ယေဗို မြို့ တော်
ရှိ လူစည် ကား ရာ မြို့ လည် ရှိ လမ်းမ ကြီး ပေါ် တွင် ကျင်းပခဲ့သည်။ မြို့ လည် လမ်းမကြီးတစ်
လျှောက် အနီရောင် ထိုင်ခုံ ၁၁.၄၅၁ ခုံ ချထားပြီး ပန်း နှင့် အမှတ်တရ ပစ္စည်းများ ကိုလည်းခင်း
ကျင်းထား ခဲ့သည့် အနီရောင် ထိုင် ခုံ များမှာ စစ် အတွင်း က သေဆုံး ခဲ့သည့် အမျိုးသား ၊ အမျိုး
သမီး ကလေးသူငယ် များ စသည့် အပြစ်မဲ့ ပြည်သူ များ ကို ကိုယ်စား ပြုသည် ဟု ဆာရာယေဗို
မြို့ တော်ဝန် က ပြောသည်။
အနုပညာ မြောက် စွာတင် ဆက် ခဲ့သည့် စစ်၏ အနိဌာ ရုံ အနှစ် ၂၀ ပြည့် တင်ဆက် မှု တွင် ထိုင်
ခုံ အနီရောင် အသေး အလုံး ၁၀၀ ကျော်ပါ ၀င်ပြီး ထိုထိုင် ခုံ များ က စစ် အတွင်း သေဆုံး ခဲ့သည့်
ကလေး ငယ် များ အတွက် ဟု ဆိုသည်။ လာရောက် လည်ပတ်သူ များ က ကလေး ငယ်များ
အတွက် ထိုင် ခုံ တွင် Teddy Bear ၊ Barbie Doll စသည့် ကလေးများ နှစ်သက် သည့် အရုပ်
နှင့် ကစား စရာများ ကို လာရောက် ချထား ကြသည်။
ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲ ပြီးနောက် ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား စစ်ပွဲတွင်
ဆာဘ် တပ် ဖွဲ့  က မွတ်ဆလင် အများ စု နေထိုင် ရာ ဆာရောယေဗို မြို့ တော် ကို ၁၉၉၂ခုနှစ်
မှ စတင် ပိတ်ဆို့ ထား ချိန် မှ စပြီး မွတ်ဆလင် လူမျိုး ၈၀၀၀ ကျော် သေဆုံး ခဲ့ရသည် ဟု ကုလ
သမဂ္ဂ မှတ် တမ်းများ တွင် ဖော်ပြထားသည်။
စစ်ပွဲ ကာလ အတွင်း အနိဌာရုံ များ က အခုထိ သူ့ မျက်စေ့ထဲ တွင် မေ့ ပျောက် နိုင်မှု မရှိ သေး
ကြောင်း ဆာရာ ယေ ဗို မြို့ သူ တစ်ဦး ဖြစ်သည့် ဂီယာ ဘာဆာရှော က AP သတင်း သို့  ပြော
သည်။စစ်ပွဲ ကာလ အတွင်း သူ မ၏ ကလေး နှစ် ဦး နှင့် ခင်ပွန်း ဖြစ်သူ သေဆုံး ခဲံ သည်။
ယူဂိုဆလားဗီးယား ပြို ကွဲ ပြီး နောက် နိုင်ငံ ၈ နိုင်ငံ ငံ ပေါ်ပေါက် ခဲ့ ရာ ထို့  မတိုင်ခင် စစ်ပွဲ များ
အတွင်း ဉ် အစွန်းရောက် အမျိုး သား ရေး ၀ါဒကြောင့် သွေးချောင်း စီးသတ်ဖြတ်မှု များ နှင့်
စစ်ပွဲများ ပေါ်ပေါက် ခဲ့သည်။
Bosnia- Hercegovina
By AIDA CERKEZ, Associated Press –
SARAJEVO, Bosnia-Herzegovina (AP)
Related articles
- Bosnian war 20th anniversary: Sarajevo residents remember siege victims Friday (csmonitor.com)
- Bosnia marks 20 years since war began (abc.net.au)
- Concert to mark the anniversary of the war in Bosnia and Herzegovina (itv.com)
- Ethnic Cleansing in Bosnia – United States Holocaust Memorial Museum – Eyewitness: Ron Haviv (zokstersomething.wordpress.com)





