FNG ဧပြီ လ ၁ ရက်နေ့  ကြား ဖြတ် ရွေးကောက် ပွဲ တွင် အနိုင်ရရှိ ခဲ့ သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ 
ချုပ် ဥက္ကဌ ဖြစ် သူ ဒေါ်အောင်ဆန်းစုကြည် အား လွန်ခဲ့သည့် ကိုး နှစ် ဒီပဲယင်း လုပ်ကြံမှု ဖြစ်ပွား
စဉ် ကသူမ ၏ အသက် ကို ဇန်န၀ါ ရီ လ က နေ အိမ် အကျယ် ချုပ် မှ ပြန်လည် လွတ်မြောက် လာ
သည့်ဝန်ကြီးချုပ် ဟောင်း နှင့် စစ်ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ် ကြီး ခင်ညွန့် က ကယ်
တင်ပေးခဲ့ သည်ဟု တနင်္ဂနွေ နေ့  ဘန် ကောက် ပို့  စ် သတင်း စာ နှင့် ပြု လုပ်သည့် သတင်းစာ ရှင်း
လင်း ပွဲ တွင် သူ က ပြောကြား ခဲ့ သည်။
၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အရေးအခင်း ဖြစ်ပွား ချိန် တွင် ၀န်ကြီးချုပ် တာဝန် ထမ်းဆောင်
နေ သည့် ဗိုလ် ချုပ်ကြီး ခင် ညွန့် က သူ့  လူများ ကို လွှတ်ကာ ဒေါ်အောင်ဆန်းစုကြည် ကို ကယ်
တင်ခဲ့ ပြီး အနီးဆုံး တပ် စခန်း တစ်ခု တွင် လုံ ခြုံ စွာ ထား ရှိ ခဲ့ သည် ဟု ဆိုသည်။
ထိုစဉ် က ဒေါ်အောင်ဆန်းစုကြည် အား လုပ်ကြံသူ များ စာရင်း တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် မှာ
သိသာ ထင်ရှား စွာ ပါဝင်ခဲ့ ခြင်း မရှိ ဟု မြန်မာအတိုက်အခံ သတင်း ရပ် ကွက် များ မှ သုံး
သပ်ကြ သည်။
ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီး ထိမ်းသိမ်းပြီး တစ်နှစ် ကျော် အကြာ တွင် ဗိုလ်ချုပ်ကြီး ခင်
ညွန့် မှာ လည်း ရာထူး မှ ဖယ်ရှား က နေ အိမ် အကျယ် ချုပ် ချထား ခြင်းခံ ခဲ့ ရသည်။
ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ် ချုပ်မှ လွတ်မြောက် ပြီး တစ်နှစ် ကျော် အကြာ တွင် ဗိုလ်
ချုပ်ကြီး ခင်ညွန့်  လည်း ပြန်လည် လွတ်မြောက် လာသည်။
ဒီပဲယင်း လုပ်ကြံ မှု ဖြစ်ပွား စဉ် က ဒေါ်အောင်ဆန်းစုကြည် အား ကြံ့ဖွံ့ ပါတီ မှ စနစ်တကျ လေ့
ကျင့် ထား ခြင်း မဟုတ်သည့် စွမ်းအား ရှင် ဆိုသည့် လက်မရွံ့  အဖွဲ့  က သတ်ဖြတ် ရန် ကြံစည်
ခဲ့ သည်။
ဒီပဲယင်း အရေး အခင်း တွင် စစ်အစိုးရ လိုလားသူ များ ၏ ချုံ ခို တိုက်ခိုက်မှု ကြောင့် ဒီမိုကရေစီ
လှုပ်ရှား သူ အနည်းဆုံး ၅၀ ကျော် သေဆုံး ခဲ့ သည်။
Bangkok Post နှင့် အင်တာဗျူး တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်  က ဒေါ်အောင်ဆန်းစုကြည် ကို ညီ
မ သဖွယ် သဘောထား ကြောင်း နှင့် ပြတ်သား စိတ်ဓာတ် ကိုလည်း နှစ်သက်သည် ဟု ဆိုသည်။

ဒါပြီးရင်.. ဒဂုံစင်တာ၊ ရှစ်မိုင်၊ ကုန်သွယ်ရေးအဆောက်အအုံ ကရောခမျ..
ဒါဆိုအဲဒိတုံးကတကယ်ဖြစ်ခဲ့တာပေါ့နော် ဒါဆို တရားခံ ဘယ်သူလဲ ဘယ်သူကိုမှ အရေးယူတာ လဲမတွေ့ ဘူး အရိုက်ခံရတဲ့သူတောင် အရေးယူခံရသေးတယ်
သွားမယုံဘူး။
ဦးခင်ညွန့်တို့မလုပ်ရင်တ၇ားခံကို
ဖေါ်ထုတ်ပေးလေ။ဘာလို့နှာစေးနေတာလဲ။
အထက်ကအမိန့်အဆင့်ဆင့်နဲ့စွမ်းအားရှင်များကို
မြင်းဆေးတွေတိုက်ပြီးစေခိုင်းခဲ့တာ
စွမ်းအားရှင်တွေထဲကထွက်လာတဲ့သီတင်း။
ထောင်ထဲကကျွန်းပြန်တွေကိုစေခိုင်းပြီး
ထောင်ထဲကိုပြန်သွင်းထားတယ်လို့လည်း
ကြားတယ်။ကယ်တင်ရှင်လိုရုပ်ရှင်ရိုက်ပြခဲ့တာလို့ပဲ
ယူဆတယ်။မဟုတ်ရင်တ၇ားခံဖြစ်သွားမယ်လေ။
ကမ္ဘာကိုမျက်လှည့်ပြလိုက်တာပဲ။
ကျမတို့မုန်းခဲ့တာသူတော်ကောင်းကို
ပြစ်မှားစော်ကားလို့ပါ။ဗမာအချင်းချင်း
တယောက်ကိုတယောက်ယုတ်မာဖို့မကောင်းဘူး။
အမေစုဆို၇င်သူ့ကိုယုတ်မာခဲသူတွေကို
့ခွင့်လွတ်နိုင်တဲ့စိတ်နဲ့ပြည်သူ့အကျိုးသယ်ပိုးတယ်။
ဒိလိုမိန်းမသားကိုဝိုင်းပြီးနေ၇ာပေးပါ။
ချီးမြှင့်မြှောက်စားမယ်ဆိုရင်
ကျမတို့ပြည်သူတွေစိတ်သက်သာမယ်။
အမေ့ကိုမုန်းတီးတဲ့သူတယောက်မှမရှိခဲ့ဘူး။
စစ်အာဏာရှုင်များရဲ့မြှောက်ပင့်ပေးမှုကြောင့်သာ
စော်ကားတာဖြစ်တယ်။
အမေစုကိုညီမရင်းလိုသဘောထားပေးတာတကယ်ဆိုရင်
ကာကွယ်ပေးပါ။စောင့်ရှောက်ပေးပါ။
အမှန်တရားဘက်ကရပ်တည်ပေးပါ။
သန်းရွေ က လုပ်ကြံတာကိုဆိုလိုတာလား၊
မလယ်ရှုပ်လုပ်ကြတာလား၊
ဒါကြောင့်ကြံ့ဖွတ်တွေကလူသတ်စွမ်းအား၇ှင်တွေဆိုတာပြည်သူတွေသိနေတယ်လေ…မဲမပေးဘူး။