ဒီမိုကရေစီ ဘက်တော်သား ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် လား ?

တင်ကျော်ကျော် စိုး ၊         ။နေအိမ် အကျယ် ချုပ် မှ ပြန်လည် လွတ် မြောက် လာသည် မှာ သုံး လ
မပြည့် တတ်သေးသည့် ၀န်ကြီး ချုပ် ဟောင်း ဗိုလ်ချုပ် ကြီးခင်ညွန့် က လက်ရှိ နိုင်ငံ ရေး နှင့်
အရပ်ရပ် အခြေအနေ များ ကို အတော်
အသင့် လေ့လာ ပြီးသည့် အခါ  ဒေါ်အောင်ဆန်းစုကြည် ၏ အသက် ကို သူကယ် တင်ခဲ့ သည် ဟု
ဘန်ကောက်ပို့ စ်သတင်းစာ နှင့် တွေ့ ဆုံ မေးမြန်း မှု တွင် ပြောခဲ့ သည်။

သို့  ဆိုလျှင် ကျေးဇူး တင် ဖို့  ကောင်းလေစွ ။
ဒေါ်အောင်ဆန်းစုကြည် ကို သူ ကယ်တင် ခဲ့ သည် ဆိုသည် မှာ ဟုတ် ပါသလား ။ ဒေါ်အောင်ဆန်းစုကြည်ကို
ညီမလေး တစ်ယောက် ကဲ့ သို့  ပင် သဘောထား သည် ဟု အင်တာဗျူး တွင် သူကဆိုခဲ့ သေးသည်။ ဒါက သူ
၏ သဘောထား အမှန် ပဲ လား ။ မဝေး သော အတိတ် ဆီ က လိုသည် ထက် ပိုလျှံ ကာ ပင်  အာဏာ အပြည့်
အ၀ ရှိ ခဲ့ သည့် စစ်ထောက်လှမ်းရေး အကြီး အကဲ ဟောင်း မှာ အခု တော့ စက္ကူ ကျား တစ်ကောင်သာ ဖြစ်
သည်။ အရင် လို  power player တစ်ယောက် လည်း မဟုတ် တော့ ၊ maker and shaker လည်း
မဟုတ်တော့ ပြီး ဖြစ်သည်။ ဘေးတီး ကောင်း လျှင် မူ ကား ဖျက်မျဉ်း တစ်ယောက် တော့ ဖြစ် နိုင်သေး သည့်
ဝန်ကြီးချုပ် ဟောင်း ၏ ဘန်ကောက် ပို့  စ် ပြောကြား ချက် မှာ စိတ် ၀င်စား စရာ တော့ ကောင်းလှသည်။

ဒီမိုကရေစီ ရေးလှုပ်ရှား သူများ ကို ဆယ်စု နှစ် နှစ် စု ကျော် ကြာအောင် နှိပ်ကွပ်ခဲ့ သည့် ဗိုလ်ချုပ်ကြီး ခင်
ညွန့် က “ ဒေါ်အောင်ဆန်း စုကြည် ကို သူ ကယ်တင် ခဲ့ သည်” ဟု ပြောလိုက် ခြင်း မှာ  အသိဥာဏ်ကျယ်
လှ ပြီး မျက် စေ့ ကြီး နားကြီး သည့် ပြည်သူများ အတွက် မူ တတိယ တန်းစာ လူရွင် တော် တစ်ယောက်၏
ညလယ်ယံ အိမ် ငိုက် ပြေ စေသည့် ပျက်လုံး တစ်ခုထက် မပို သော်လည်း ၊ ဒီမိုကရေစီ လိုလား သူ များ အုံ
ိလိုက် ကျင်းလိုက် ရှိ နေသည့် မြန်မာပြည်တွင် က သူက ဗီလိန် တစ်ယောက် အဖြင့် အများ က သူ့  ကို မြင်
ထား သည် ကို ခ၀ါ ချခြင် ပုံ ရသည်။

တစ်နည်း အား ဖြင့် တော့ ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ အားကောင်း လှ
သည့် နိုင်ငံ ရေး အရှိန် အဟုန် တွင် စစ်သား မဟုတ် တော့ ပြီ ဖြစ်သည့် သူကား စစ်တပ် ဘက်မှ မရပ် လို
တော့ ခြင်း ဖြစ် နိုင်သည်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံ မှု တွင် အဓိက တရားခံ မှာ မည်သူလဲ ဆိုသည် ကို မူ
ထို အချိန် က အာဏာရှိသည့် ဗိုလ်ချုပ် ကြီး ခင်ညွန့်  ကောင်းကောင်း သိပေ လိမ့် မည် ဖြစ်သည်။ သို့  သော်
လည်း တရား ခံ ဘယ်သူလဲ ဆိုသည် ကို သူ က ထုတ် မပြောခဲ့ ။ သူ့ ကို လုပ်ဖော်ကိုင်ဖက် များ က  အထင်
မြင် လွဲမှား မှု လည်း ရှိသည်“ ပြီးတာ တွေ ပြီးပါ စေ တော့” ဟု သာ သူ က ပြောခဲ့ သည်။

ဗိုလ်ချုပ် ကြီး ခင်ညွန့် သည် လိမ္မာ ပါး နပ် သော သူ တစ်ယောက် ဖြစ်သည်။ အရာ ရာ တိုင်း တွင် မြွေ မသေ
တုတ် မကျိုး အောင် ဆောင်ရွက် ခြင်း ဖြင့် သူ့  အင်အား ကို တည် ဆောက် နိုင်သည်။ ဧပြီ လ ၁ ရက်နေ့ 
ကြား ဖြတ် ရွေး ကောက် ပွဲ တွင် သတင်းထောက် တစ်ဦးက ဘယ်ပါတီ ကို မဲပေး ခဲ့ လဲ ဆိုသည့် မေးခွန်း
ကို အများကြိုက် ပါတီ ကို သာ မဲပေး ခဲ့ သည် ဟု ပြန်လည် ဖြေကြား ခြင်း ဖြင့် သူ၏ ပါး နပ် သည့် စွမ်းရည်
များ ကို ယခု တိုင် အသုံး ချ နေသေး သည် ။

ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့  ၀င် များ ကို လုပ်ကြံ ခဲ့ သည့် ဒီပဲယင်း ကိုးနှစ်
ပြည့် နီးကပ် ရန် လပိုင်းမျှ သာ လို တော့ သည့် အချိန် တွင် သူကား ဒီပဲယင်း ကိစ္စ ကို ပြန်နွှေး ပေး သည် မှာ
လည်း စဉ်းစား စရာ တော့ အတော် ကောင်းသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် သည့် နေ့ တွင် ထိုစဉ်က ရဲ ချုပ် ခင်ရီ နှင့် တွေ့ ဆုံ မှု ၊ နောက်တွင်တော့
မြန်မာ အစိုးရ ဆက်ဆံ ရေး ၀န်ကြီး ဦးအောင်ကြည် နှင့် တွေ့ ဆုံ မှု တို့  တွင် ဒီပဲယင်း ကိစ္စ ကို နှစ် ဖက် အတော်
အတန် ဆွေး နွေး မှု များ လုပ် ခဲ့ ပြီး နောက် ပိုင်း တွင် တော့ အဆိုပါဖြစ် ရပ် ကို နှစ်ဖက် လုံး မှ ပြော
ဆိုခြင်း သိပ် မတွေ့ ရှိရ  တော့ ချေ။

သို့ ဆိုလျှင် ကား ၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့် သည် ဒီပဲယင်း ဖြစ်ရပ် မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နှင့် အပေါင်း အပါ
များလက်ချက်  ဖြစ်သည် ဟု ဆို ချင် ပြီး သူကား လူစွမ်းကောင်း ဖြစ်ချင် ပုံ ရသည်။ ရဲစခန်း တွင် ရောက်နေပြီး
ဘာမဆို ဖြစ်သွား နိုင်သည့် ဒေါ်အောင်ဆန်းစုကြည် ၏ အသက် ကို သူ့  လူများ လွှတ်ကာ ကယ်တင် ခဲ့ ပြီး အနီး
ဆုံး တပ်စခန်း တစ်ခု ထဲ သို့  ခေါ်ဆောင်ခဲ့ ခြင်း က ဒေါ်စု ၏ အသက် ကို သူ ကယ်တင် ခဲ့ လိုက်သည် ဆိုလျှင်
ဒေါ်အောင်ဆန်းစုကြည် ၏ အသက် ကို သတ်ဖြတ် ရန် စီစဉ် ထားမှု များ နှင့် စီစဉ် ထား သူ များ
ကို သူ သိပြီး ဖြစ်ပေ လိမ့် မည်။

ဒီပဲယင်း လုပ်ကြံ မှု ဖြစ်ပွား စဉ် က ဒေါ်အောင်ဆန်းစုကြည် အား ကြံ့ဖွံ့ ပါတီ မှ စနစ်တကျ လေ့
ကျင့် ထား ခြင်း မဟုတ်သည့် စွမ်းအား ရှင် ဆိုသည့် လက်မရွံ့ အဖွဲ့  က သတ်ဖြတ် ရန် ကြံစည်
ခဲ့ သည်။ ထို စွမ်း အား ရှင် ဆိုသည့် ကြံ့ဖွံ့ အဖွဲ့  မှာ ယခု အာဏာရ  ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်
ဖွ့ံ ဖြိုးရေး ပါတီ ဖြစ်နေ ချေပြီ။

ခဲ တစ်လုံး နှင့် ငှက် နှစ် ကောင် မှန် အောင် ပစ်တတ် သူ အဖြစ် ဦးခင်ညွှန့် ကား ဆက်လက် ရပ်
တည် နေဆဲ ပင်  ဖြစ်သည်။

ဧပြီ လ ၁ ရက် ရွေးကောက် ပွဲ နေ့  ကား တွေ့ ရသည့် ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်  ဓာတ်ပုံ - Getty Images

ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် သူ အာဏာရရှိ ပြီး ချိန် မှစ ၍ အများ က သူ့  ကို နှစ်သက်မှု ရှိ အောင် ပါးနပ်စွာ
နေပြ ခဲ့ သည်။ ရုပ်သံ နှင့် သတင်းစာ များ တွင် ကလေး ချစ်တတ်သူ ၊ သက်ကြီး ရွယ်အိုများ က စောင့်ရှောက်
သူ ၊ ဘုရား တရား လုပ် သူ ၊ ကျောင်းသား ၊ ပညာရေး နှင့် အိုင်တီ ဖွံ့ ဖြိုး ရေး တွင် တစ်ခန်း တစ်ဏ္ဍ ပါ ၀င်ခဲ့
သူ အဖြစ် သူ့  ကို လူအများ က မှတ် ထင် ခဲ့ ကြ  သည်။  တက်ကြွ သူများ ကို ညှင်းပန်း နှိပ်စက် ပြီး သွေးစွန်း
သည့် သူ ၏ လက် ကို ကတ္တီ ပါ လက် အိပ် စွတ်ထား ခဲ့ သည်။

သူ၏ ၀ါဒ ဖြန့် ချိ ရေး များ က ဒီမိုကရေစီ ဘက်တော် သား ယောင် ယောင် သတင်း လွှင့်ခဲ့ သော်လည်း သူကား
စစ်အာဏာရှင် စနစ် ၏ ဘက်တော် သားတစ် ယောက် သာ ဖြစ်သည်။  မြန်မာ အစိုးရ   နှင့်
ဗိုလ်ချုပ် မှုးကြီး ဟောင်း သန်းရွှေ အတွက် မူ သူ ကား ကြောက်စရာ ကောင်းလှသူ တော့ မဟုတ် ။ မြန်မာ အစိုး
ရ အဆက် ဆက်ကား သူ တို့  ကိုအန္တရယ် ပြု ချေနိုင်မှု အနည်း ဆုံး လူ ကို မျှ ပြန်လည် လွှတ်ပေးတတ်ခြင်း ဖြစ်လေ
တော့ ၀န်ကြီးချုပ် ဟောင်း ကြီး ကို စာရင်း ပင် ထည့် တွက် ထား မည် မဟုတ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယခင် လို နိုင်ငံ ရေး အာဏာစွမ်း မထက် တော့ သည် ကို သိထား ပြီး ဖြစ်၍ သူ
ကား ရဲရဲ ၀ံ ၀ံ ပြောချ လိုက် သည် ဟု လည်း ထင်စရာရှိသည်။ သို့ ဆိုလျှင် တော့ နောက် ပိုင်း တွင် ဗိုလ်ချုပ်ကြီး
ခင်ညွန့် ဆီ မှ စစ်အစိုးရ ၏ လှို့ ဝှက် ချက် များ  ၊ မသမာမှု များ ကို ထပ် သိရ ပေ အုံး မည် ။

လက်ရှိ မြန်မာ အစိုး ရ ခေါင်းဆောင် များ ကြွေး ကျော် နေသလို သူ လည်း ဒီမိုကရေစီ ဘက်တော် သား တစ်
ယောက် ဖြစ် ချင် ပုံ ရသည်။ သို့  မဟုတ်လျှင်ကား သူ သည် “ အတိုက်အခံ နှင့် အစိုး ရ ကြား ဉ် အကောင်းဆုံး
ဖျက်မျဉ်း ဖြစ်လာ လာ နိုင်သည့် မပေါက် ကွဲ သေး သော ချိန် ကိုက် ဗုံး တစ်လုံးမျှ သာ ဖြစ်သည်။

8 thoughts on “ဒီမိုကရေစီ ဘက်တော်သား ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် လား ?

  1. ဟုတ်သယောင်ယောင် လုပ်ကြံဝါဒဖြန့်တဲ့နေရာမှ သူမတူအောင်ထူးချွန်လှသူပါ။ အခု သူရပ်စရာ ပလက်ဖောင်းကပြောင်းသွားမှ လျှောက်ပြောနေတာ၊ သူ့လက်ထက်တုန်းက ရှေ့နေတွေ ဆရာဝန်တွေ ကျူရှင်ဆရာတွေကို နှိပ်ကွပ်ချင်တာနဲ့ နိုင်ငံတခုလုံးရဲ့ ဥပဒေနဲ့တရားစီရင်ရေးစနစ်တွေ၊ ကျန်းမာရေး ဆေးလောက စနစ်တွေ၊ ပညာရေးစနစ်တွေ အားရပါးရ စိမ်ပြေနပြေဖျက်ဆီးပစ်ခဲ့တာ နောက် ဆယ်စုနှစ် ဘယ်လောက်ကြာအောင် ပြန်တည်ဆောက်ရမယ်မသိဘူး၊ သေချာတာတော့ သူဖျက်ဆီး ပစ်ခဲ့တာတွေကို သူသေတောင် ပြန်ကောင်းအောင်လုပ်လို့ရနိုင်မယ်မထင်ဘူး၊
    ယုတ်မာကောက်ကျစ်တဲ့ ကလိန်ခြုံ စောက်ကျင့်က လဲ သေမှပျောက်မယ်ထင်ပါရဲ့

  2. ဖြစ်နိုင်မယ်ဆိုရင် ခင်ညွန့်ဆိုတဲ့လူကို စာလည်းမတင်နဲ့ ပုံလည်းမတင်ပါနဲ့ဗျာ…..သူက အခု လက်ရှိမှာ မြန်မာနိုင်ငံအတွက် ဘယ်နေရာမှအသုံးမ၀င်ပါဘူး..အရင်တစ်ချိန်တုန်းကလည်း သူ့အကျိုးစီးပွားဖြစ်ထွန်းရေးသာ ဦးတည်ပြီး လုပ်ဆောင်သွားတာပါ…အခုအခြေအနေရောက်မှ ဟိုဘက်လိုလို..ဒီဘက်လိုလိုနဲ့ အာဖျံကွီးလုပ်ဇာတ်တွေ လာလိမ့်နေတာပါ……၀န်ကြီးချုပ်ဟောင်းဆိုတဲ့ ရာထူးကိုလည်း ထည့်မသုံးပါနဲ့…သူကရာထူးကပြုတ်ပြီး ထောင်ထဲဝင်သွားတာ….အနားယူသွားတာ(ပင်စင်)ရသွားတာမဟုတ်တဲ့အတွက်သူ့ မှာပါတန်ဖိုးမှမရှိတော့ပါဘူး…..သူ့ရုပ်နဲ့ သူ့သတင်း မတင်ပါနဲ့ဗျာ ကျက်သရေမရှိလို့ပါဗျာ……

  3. မြန်မာနိုင်ငံရဲ့ သမိုင်းအစစ်အမှန်(၁၉၈၈~၂၀၀၄)ကိုပြုစုဖို့ အတွက် ဦးခင်ညွန့် ဟာလိုအပ်ပါတယ်။
    သမိုင်းအမှန်မရှိလို့ မဖြစ်ပါ။ သမိုင်းအမှန်တွေရှိမှ သင်ခန်းစာယူနိုင်လိမ္မယ်။ မြန်မာနိုင်ငံမှာသမိုင်းအမှန်တွေကို
    ဖုံးကွယ်ထားခဲ့လို့ ၊ သမိုင်းအဖန်ဖန်သံသယာလည်နေတာ။ သမိုင်းအမှန်ပေါ်ပေါက်ရင်လဲ၊သင်ခန်းစာယူတတ်ဖို့
    လိုသေးတယ်။

  4. တော်ပါတော့ အသက်လည်းကြီးပြီ။ မပြောကြပါနဲ့တော့။ သူ့ဟာသူ နေပါစေ။

  5. တော်ပါတော့၊ နားပါတော့ အသက်လည်းကြီးပါပြီ။ အကုသိုလ်တွေ ဒီလောက်များခဲ့တာ ဘုရားလေး၊ တရားလေးလုပ်ပြီး သံသရာအတွက် ဘ၀ကူးကောင်းအောင်ပဲ လုပ်ပါတော့ …

  6. I believe What U Khin Nyunt Said: There is a secondary plot to take over the station where Daw Su was temporarily kept by the Thugs. U Khin Nyunt prevented the Part B Sequelae so that no one knew the existence of Plan B to take over Daw Su’s lives.

    Ba Ba Khin Nyunt , pls tell all.

  7. ညီမလိုစောင့်ရှောက်တယ်ဆိုရင်
    ဒီပဲရင်းလူသတ်သမားတွေကိုဘယ်သူကော်မန်း
    ပေးသလဲဖေါ်လိုက်ပါလား။
    ဒီလိုဆိုရင်ပြည်သူက၈၈ကျောင်းသားများအတွက်
    ဖြေသိမ့်လိုက်မယ်။
    မပြောလည်းပြည်သူတွေနဲ့တကွကမ္ဘာနိုင်ငံအသီးသီးက
    သိထားနှင့်ပြီးသား..စစ်အာဏာရှင်တို့ရဲ့
    စေခိုင်းမှုဆိုတာကို..
    ဒီအတွက်လည်းဗမာပြည်မှာဘယ်လိုအဖွဲ့အစည်းပါတီတွေ
    အသစ်သစ်ပေါ်လာလည်းပဲ
    စစ်အစိုးရလက်ဝေခံလို့သိထားပြီးမို့
    N.L.Dကလွဲပြီးကျန်တာထောက်ခံနိုင်စွမ်းမရှိတာ။
    နောက်ဆယ်စုနှစ်ကာလထိ
    မဲပေးမှာအမေစုပါတီ

Comments are closed.