ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
ခရီးသွားခြင်းကိစ္စများ မနားအောင်ဖြစ်နေမည်။ လုပ်နေသမျှ လုပ်ငန်းများ ရှေ့သို့မတိုးဘဲ နှောင့်နှေးနေမည်။
အသက်ကြီးသူမိမိအိမ်သို့လာရောက်
ပါကသတိထားပါ။ ကျန်းမာရေးညံ့တတ်သည်၊ အရောင်းအ၀ယ်သမားဖြစ်ပါက အရောင်းအ၀ယ်မကောင်းပါ။
အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်။ ဆုံးမည်။ မိမိကိုယ်တိုင်လည်းအမှုအခင်းမဖြစ်အောင်နေပါ။ ငွေကုန်ပြီး အမှုကြန့်ကြာသွားတတ်သည်။ ငွေဝင်သလောက် ငွေကုန်များနေမည်။ ရုတ်တရက်အိမ်ထောင်ကျတတ်သည်။
အိမ်ထောင်ရေးမကောင်းသေးပါ။ အကြောနာခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဌက်ပျောသီး (၆)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈၊ ၄၊ ၆၊ ၅ )
တနင်္လာသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားခရီးသွားရတတ်သည်။ ဘာသာရေးကိစ္စများ လုပ်နေရမည်။ ဘာသာရေးနှင့်ဆိုင်သောဓါတ်ပုံများရောက်
လာတတ်သည်။ အလွန်ကောင်းသည်။ ထီပေါက်တတ်သည်။ မိန်းကလေးမိတ်ဆွေတယောက်ကို မိမိထိုးလိုသော
ဂဏန်းပြောပြီးထိုးခိုင်းပါ။ အခန်းပြင်ခြင်း၊ အိမ်ပြင်ခြင်းပြုလုပ်ရတတ်သည်။ ပြုပြင် ပြီးလျှင်စီးပွားတက်မည်။
မီးသတိထားသုံးပါ။ မီးကြောင့် အမှုအခင်းဖြစ်တတ်သည်။ အပူလောင်ခြင်းဖြစ်တတ်သည်။ အချစ်ရေး
ညံ့နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပန်းသီး (၅ )လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂၊ ၁၊ ၅၊ ၄ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အလှူတခုပြုလုပ်ရမည်။ ပြီးလျှင်စီးပွားရေးကောင်းလာမည်။ အပိုဝင်ငွေရတတ်သည်။ သူတပါး မကောင်းကြံခြင်း
ခံရတတ်သည်။ ငွေများဆက်တိုက်ဝင်တတ်သည်။ သို့သော် အဖတ်မတင်ဖြစ်နေတတ်သည်။ ကြာသပတေးနံအ
တွက်နှင့် စကားအကြီးအကျယ်ပြောရတတ်သည်။ အနီးအနားမှနာရေးဖြစ်တတ်သည်။ မသွားပါနှင့်။ လာဘ်ပိတ်
တတ်သည်။ လုပ်သမျှကိစ္စဟူသမျှတိုးလိုးတန်းလန်းဖြစ်နေမည်။ သွေးတိုးခြင်း၊ သွေးထွက်သံယိုဖြစ်တတ်သည်။
အချစ်ရေးတွင်မျှော်လင့်ချက်ပေးပြီး အချိန်ဆွဲသလိုဖြစ်နေမည်။
ယတြာ။ မွေးနေပနံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား သစ်တော်သီး (၃)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄၊ ၃၊ ၆၊ ၂ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
နေရာပြောင်းရွှေ့ရတတ်သည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးဖြစ်အောင်ထိုးပါ။ မိတ်ဆွေရင်းတဦး မိမိကို မကောင်း
ကြံတတ်သည်။ ဂရုစိုက်ပါ။ဝန်ထမ်းဖြစ်လျှင် အစိုးရ၏ချီးမြှောက်ခြင်းခံရတတ်သည်။ ရာထူးတိုးခြင်း၊ လစာ
တိုးခြင်းဖြစ်တတ်သည်။ အလုပ်တွင်အခက်အခဲတွေ့ရတတ်သည်။ သို့သော်အားလုံး အဆင်ပြေသွားမည်။ မသွားတော့
ဘူးလိုလိုနှင့် ခရီးတခုသွားရတတ်သည်။ ကျန်းမာရေးကောင်းနေမည်။ အချစ်ရေးတွင်မိမိဖက်ကမှန်ကန်ဖို့လိုနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား လိမ္မော်သီး (၄) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂၊ ၁၊ ၄၊ ၄ )
ကြာသပတေးသားသမီးမျာ၏ကံကြမ္မာ
နိုင်ငံခြားမှလက်ဆောင်ပစ္စည်းရောက်လာမည်။ စက်ပစ္စည်းတခုဝင်မည်။ သင်တန်းတက်ရခြင်း၊ ပညာသင်
ရခြင်းဖြစ်တတ်သည်။ မိမိလုပ်နေသောအလုပ်တွင် မပျော်ပိုက်ပဲဖြစ်နေမည်။ ပြောင်းလိုကပြောင်းလိုက်ပါ။
ကောင်းသည်။ အလုပ်တွင်ရန်ပေါ်တတ်သည်။ သို့သော်ဆိုးဆိုးဝါးဝါးမဖြစ်ပါ။ မျက်မှန်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊
ဆိုင်ကယ်ဝင်ခြင်းဖြစ်တတ်သည်။ မျက်စိရောဂါဖြစ်တတ်သည်။ အချစ်ရေးတွင်စိတ်ချမ်းသာမှုရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ကြံပန်းခိုင်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄၊ ၃၊ ၆၊ ၂ )
သောကြာသားသမီးများ၏ကံကြမ္မာ
မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း၊ စီးပွားတက်ခြင်းဖြစ်မည်။ မိဘကိုပိုပြီးကျေးဇူးဆပ်နိုင်မည့် အချိန်ဖြစ်သည်။
လာဘ်လာဘများဝင်မည်။ ဘ၀တွင်အသုံးဝင်သောပညာသင်ရတတ်သည်။
မိမိနှင့်ပတ်သက်သောသူများထဲမှ မင်္ဂလာသတင်းကြားရတတ်သည်။ မိမိကိုယ်တိုင် အချစ်ရေးတွင်ကြား
လူဝင်ရောက်နှေင့်ယှက်နေခြင်းခံနေရတတ်သည်။ မိမိပတ်ဝန်း
ကျင်တွင်နားလေးနေသူရှိခြင်း၊ သို့မဟုတ် မိမိကိုယ်တိုင် နားရောဂါဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား သင်္ဘောသီး (၆)စိပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈၊ ၂၊ ၁၊ ၁ )
စနေသားသမီးများ၏ကံကြမ္မာ
ရွှေဝင်ခြင်း၊ ဘုရားဖူးခရီးသွားရခြင်း၊ လူများချီးမွမ်းခံရခြင်း၊ မိမိရပ်ဆိုင်းထားသော လုပ်ငန်းများပြန်လည်
လုပ်ကိုင်ရန် အကြောင်းဖြစ်လာမည်။ ရဲရဲသာလုပ်ပါ။ အောင်မြင်မည်။ ဆွေမျိုးသားချင်းထဲမှ အမျိုးသမီး၏
အကူအညီရတတ်သည်။ ရပ်ဝေးရောက်နေသောမိမိအိမ်သား သို့မဟုတ် မိမိအပေါင်းအသင်းပြန်ရောက်
လာမည်။ လေထိုးလေအောင့်ခြင်း ဖြစ်နေမည်။ အချစ်ရေးတွင်ဘ၀အတွက် လက်တွဲရန် အဖော်ကောင်းရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဒူးရင်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄၊ ၂၊ ၇၊ ၇ )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀
ဟောခန်း- နန်းထိုက်ပဒုမ္မာ ( ဆံသ၊ စတိုးနှင့် စားသောက်ဆိုင်) ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး၊
ဖုန်း – +6016 690 3513 , +6012 9133 3093
E -mail: swezinwati@gmail.com* မလေးရှား မဟုတ်သောအခြားနိုင်ငံများမှ ဗေဒင်မေးမြန်းလိုသူများကို အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပေးပါသည် *

