FNG Financial (၂) နှစ်တာခန့်အချိန်ကြာသွားခဲ့သော အာဖဂန်နစ္စတန်စစ်ပြန် ဂျော်န်မက်ဒဲဗစ်
(John McDevitt) နှင့် အမေရိကန်ဘဏ် (Bank of America) တို့၏အငြင်းပွားမှုအပြီး
ဂျော်န်မက်ဒဲဗစ် အနေနှင့် ၄င်း၏ငွေလိမ်ထုတ်မှုဆိုင်ရာစွဲချက်များနှင့်ပတ်သက်ပြီး အမေရိကန်
ဘဏ်မှဒေါ်လာ (၂၅၀၀၀) အားပြန်လည်ရရှိသွားခဲ့သည်။
အမေရိကန်ကြည်းတပ်အရံတပ်ဖွဲ့ဝင်တဦးဖြစ်သူ မက်ဒဲဗစ်သည် (၂၀၁၀) နိုဝင်ဘာလတွင် ဂရိနိုင်ငံ
သို့ ခွင့်နှင့်ရောက်သွားခဲ့သည်။ ထိုစဉ်ကာလအတွင်း အေသင်မြို့ရှိကလပ်တခု၌ ယမကာအနည်း
ငယ်မှာသောက်ခဲ့ပြီးနောက် ယင်းအတွက် ၄င်း၏ ငွေချေဘဏ်ကဒ် (Debit Card) ၌ မြောက်မြားစွာသော ငွေပေးချေမှုများအတွက် ပေးဆောင်ထားရသောငွေပမာဏမှာ ဒေါ်လာ
(၂၅၀၀၀) ဖြစ်နေသည်အား သတိပြုမိခဲ့သည့်နောက် ယင်းကိစ္စအားလိမ်လည်မှုအဖြစ် အမေရိကန်
ဘဏ်သို့အကြောင်းကြားအရေးဆိုခဲ့သည်။ နောက်ဆုံးတွင်တော့ ၄င်းတို့အနေနှင့် ထိုကိစ္စအတွက်
မည်သို့မျှမတတ်နိုင်ပါဟု အမေရိကန်ဘဏ်မှတာဝန်ရှိသူများက မက်ဒဲဗစ်အား ရှင်းပြခဲ့ကြသည်။
သို့နှင့်မက်ဒဲဗစ်အနေနှင့် လပေါင်းများစွာကြာမြင့်သည်အထိ ကျေနပ်မှုမရှိကြောင်း အရေးဆိုသည့်
စာများနှင့် ဆန္ဒပြမှုများဆက်လက်ပြုလုပ်ခဲ့ပြီးနောက် ၄င်း၏ငွေအားပြန်လည်လက်ခံရယူရန်
အမေရိကန်ဘဏ်မှတာဝန်ရှိသူတဦးမှ မက်ဒဲဗစ်အားအကြောင်းကြားလာခဲ့သည်ဟု ABC
သတင်းဋ္ဌာနမှသတင်းဖေါ်ပြသွားခဲ့သည်။
“အမေရိကန်နိုင်ငံတော်အားရှေ့တန်းတင်ခဲ့သောစစ်သည်တဦးအတွက် ၄င်းကိုရှေ့တန်းတင်သော
ဘဏ်တဘဏ်ရှိသင့်သည်…”
ဆိုသောစာတမ်းကိုကိုင်ဆောင်ထားသော မက်ဒဲဗစ်အနေနှင့် ယခုလအစောပိုင်း၌ နယူးယောက်ပြည်နယ်
၊ ယူတီကာမြို့ (Utica) ရှိ အမေရိကန်ဘဏ်ခွဲ၏ရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည်ဟု WKTV သတင်းဋ္ဌာနမှ
သတင်းဖေါ်ပြခဲ့သေးသည်။
ဒေါ်လာ (၂၅၀၀၀) ဆုံးရှုံးခဲ့ခြင်းကြောင့် မိမိ၏သမီးဖြစ်သူ၏ မင်္ဂလာအခမ်းအနားကုန်ကျစရိတ်ကို
ပေးချေနိုင်စွမ်းအား အကြီးအကျယ်ထိခိုက်သွားစေသည်ဟု မက်ဒဲဗစ်မှဆိုသည်။
ကောင်းသောရလာဒ်ထွက်ပေါ်လာရန်အတွက် အနည်းငယ်တော့ သည်းခံစောင့်ဆိုင်းနိုင်ဖို့ လိုအပ်သည်ဟု စားသုံးသူများဆိုင်ရာစာရေးဆရာမတဦးဖြစ်သည့် မေရီဘက်သ်ကွာ့ခ် (Mary Beth Quirk) မှဆိုသည်။
နှစ်အနည်းငယ်ခန့်ကြာသော ဝေဖန်တိုက်ခိုက်ထိုးနှက်မှုများ လူအများရှေ့တွင် ဆန္ဒပြမှုများ၊ လူအများ
အပြား၏အမျက်ဒေါသများမှ ဒေါ်လာ (၂၅၀၀၀) ပြန်ရလာစေခဲ့သည်ဟု သူမမှဆိုပါသည်။
Bank of America အပါအ၀င် အခြား နာမည် ကျော် အမေရိကန် ဘဏ်များ က အပ်နှံသူ ငွေကြေးများ ကို
စာရင်းပျောက် မှု ဖြစ်စဉ် များ အတွက် ဆုံးရှုံးသူများ ၏ မှတ်ချက် များ ကို ဖတ်ရန်
ယခုပြန်လည်ရရှိလာသည့်ငွေကြေးကြောင့် မက်ဒဲဗစ်၏ဘဏ္ဍာရေးအခြေအနေ တိုးတက်ကောင်းမွန်လာ
လိမ့်မည်ဆိုသည်မှာ သံသယရှိစရာမလိုသော်လည်း၊ စစ်တပ်မိသားစုများအားလုံး၏ သုံးပုံတပုံခန့်မှာ
လစဉ်ငွေတောင်းခံလွှာ (Bill) များကိုပေးချေရာတွင် အခက်အခဲများကြုံတွေ့နေကြရသည်ဟု (၂၀၁၀)
ခုနှစ်အတွင်းပြုလုပ်ခဲ့သည့် လေ့လာမှုတရပ်မှတွေ့ရှိခဲ့သည်ဟု AP သတင်းဋ္ဌာနမှသတင်းထုတ်ပြန်ခဲ့သည်။
၎င်းပြင် ထိုလေ့လာမှုအရ စစ်တပ်မိသားစုစုစုပေါင်း၏ (၂၇%) တို့တွင် အကြွေးဝယ်ကဒ် (Credit Card)
များကို အသုံးပြု၍၀ယ်ယူထားသော အကြွေးပမာဏ ဒေါ်လာ (၁၀၀၀၀) ကျော်စီတင်ရှိနေကြသည်ဟု
တွေ့ရှိခဲ့သည်။
စစ် ပြန်ကြီး ဂျော်န်မက်ဒဲဗစ် လိုပင် အမေရိကန် နိုင်ငံရောက် မြန်မာ အချို့ မှာ လည်း ထိုကဲ့ သို့ အခြေအနေ
မျိုး ကြုံတွေ့ ခဲ့ ကြရသည် ဟု ဆိုသည်။ အမေရိကန် နိုင်ငံ ဘော်တီမိုး မြို့  ရှိ မြန်မာ လူငယ် တစ်ဦး ဖြစ်သူ
ကို မြတ်သူ က ” ကိုယ့်ဘဏ် စာရင်း ကို အွန်လိုင်း မှာ နေ့ တိုင်း ကြည့် ရတယ်။ မြန်မာ ပြည် ပြန်လယ် တုန်း
က တစ်လလောက် မစစ် ဖြစ်လိုက်ဘူး ၊ ကျွန်တော် မသုံး ဘဲ နဲ့  ပိုက်ဆံ ၇၀၀ ကျော် ကို ယူသုံးထား တယ်
ပြန် ရောက်တော့ မှ မသုံး ဘူး ဆိုတဲ့ အကြောင်း Claim တာ ၊ နှစ်လ ကျော်မှ ပြန်ပေးတယ် ” ဟု ဆိုသည်။
Bank of America ကဲ့ သို့ ပင် Wells Fargo ဘဏ်သည် လည်း အပ်နှံ သူထံ မှ ငွေကြေးများ ကို အကြောင်း
အမျိုး ပြ ပြီး အပျောက် ရိုက်မှု များ ကို ပြု လုပ်လေ့ရှိသည်။
အမေရိကန် နိုင်ငံ သို့  ပြောင်းရွေ့  အခြေ ချသည့် ဂျော်ဂျီယာ ပြည်နယ် မှ ကရင် တိုင်းရင်းသား တစ်ဦး
ဖြစ်သည့် ဦးမန်းဂျော် က ” ကျွန်တော် အင်တာနက် မကြည့် တတ်ဘူး ၊ အွန်လိုင်း ဘဏ်စနစ် လဲ မသိဘူး
ဘဏ်ထဲ မှာ ငွေ ထည့် ထား တာ ကို စာရွက် လာမှ ဘယ်လောက်လဲ ဆိုတာ သိတယ် ၊ ရောက်စ က တစ်လ
ကို ၁၀၀ လောက် ဘဏ်က ဖြတ်ဖြတ် ယူတယ် ၊ ပထမ မသိဘူး တစ်နှစ် လောက် ကြာမှ သိတယ်။ အင်္ဂလိပ်
စကား မတတ်တော့ စကားပြန် ခေါ် ပြီး အတော်ပြောရတယ်။ ပိုက်ဆံ က ချက်ခြင်း ပြန်မရဘူး ၊ သူတို့ က
တော့ ပြောတာ အခုလို ဖြစ်တာ ၀မ်းနည်း ပါတယ် လို့  ပြောတယ် ” ဟု ဦးမန်းဂျော်က ပြောသည်။
သတင်း DK နှင့် FNG Financial Group
Ref: Bank Of America Refunds John McDevitt, Veteran, Money From Debit Card Fraud Claim
Related articles
- This Friday: Run on Bank of America (occupywallst.org)
- Bank Of America Sends Woman To Collections After She Already Paid Off Her Credit Card (thinkprogress.org)
