FNG ယမန်နေ့  က ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် နှင့် တွေ့ ဆုံ ပြီး နောက် ပညာသွား ရောက်
သင်ခဲ့ သည့် အင်္ဂလန် မြေ အား အလည် တစ်ခေါက် လာရောက် ပါရန် ဒေးဗစ် ကင်မရွန် ၏ ဖိတ်
ကြား ချက် အရ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်သည် လာမည့် ဇွန်
လတွင် အင်္ဂလန် နိုင်ငံ သို့  လာရောက် လည် ပတ် ဖွယ် ရှိ သည် ဟု ယနေ့ ထုတ် ဗြိတိသျှ သတင်း
စာ တစ်စောင် ဖြစ်သည့် The Telegraph က ရေးသား ထား သည်။
အနောက် တိုင်း ခေါင်းဆောင် တစ်ဦး အနေ ဖြင့် မြန်မာ နိုင်ငံ သို့  ပထမ ဦးဆုံး အကြိမ် လာရောက်
လည်ပတ်ခဲ့ သည့် ဒေးဗစ် ကင်မရွန် သည် အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း
စုကြည် နှင့် တွေ့ ဆုံ ပြီး နောက် ‘ မြန်မာ နိုင်ငံ ငံ အပေါ် ဒဏ်ခတ် အရေး ယူ ပိတ် ဆို့ မှု များ ကို
ဆိုင်း ငံ ပေး ရန် သဘော တူခဲ့ သည်။
ဗြိတိသျှ ၀န်ကြီး နှင့် ဒေါ်အောင် ဆန်းစုကြည် တို့  နှစ်ဦး တွေ့ ဆုံ မှု ဉ် မြန်မာ နိုင်ငံ ၏ ပြုပြင် ပြောင်း
လဲ ရေး လုပ်ငန်း စဉ်များ ၊ နိုင်ငံ ရေး အကျဉ်းသား ပြန်လည် လွတ်မြောက် ရေး နှင့် စီးပွားရေး
ပိတ် ဆို့  ဒဏ်ခတ် ထား မှု များ ကို ဆွေး နွေး ခဲ့ ကြသည်။
ဗြိတိသျှ ၀န် ကြီး ချုပ် က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ အပြီး ဉ် ” ဗြိတိသျှ သည် မြန်မာ နိုင်ငံ
၏ မိတ် ဆွေ နိုင်ငံ ဖြစ်ပြီ ” ဟု ပြောကြား ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိခင် ဖြစ်သူ ဒေါ်ခင်ကြည် နာမကျန်း မှု ဖြစ်ပြီး နောက် မြန်မာ နိုင်ငံသို့ 
၁၉၈၈ ခုနှစ်တွင် ပြန်လည် ရောက် ရှိ လာခဲ့ ရာ အင်္ဂလန် မြေ နှင့်ခွဲခွာရသည် မှာ ၂၄ နှစ် ကျော်ပြီ ဖြစ်
သည်။
ဗြိတိသျှ ၀န် ကြီး ချုပ် သည် မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ချိန် တွင် နိုင်ငံ တကာ
လေကြောင်း ပျံ သန်းမှု သမိုင်း တွင် အထင်ကရ ဖြစ်သည့ှ်Spitfire အမျိုးအစား ဗြိတိသျှ
တိုက်လေယာဉ် ကို ရှာ ဖွေရန် သဘော တူခဲ့ သည် ဟု သိရသည်။
အဆိုပါ လေယာဉ် သည် ဒုတိယ ကမ္ဘာ စစ် အတွင်း က မြန်မာ နိုင်ငံ ဉ် ပျက် ကျ သွား ခဲ့ သည်။
၁၈၈၆ ခုနှစ် တွင် ဗြိတိသျှ သည် မြန်မာ နိုင်ငံ ကို ကျူးကျော် စစ် သုံးကြိမ် ဖြင့် သိမ်းပိုက်ခဲ့ ပြီးနောက်
မြန်မာ သည် အင်္ဂလိပ် ကိုလိုနီ လက်အောက် ခဲ့ဖြစ်ခဲ့သည်။
ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် သည် ၁၉၄၈ ခုနှစ် မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိ ပြီး ချိန် မှ
စ၍ မြန်မာ နိုင်ငံ သို့ ပထမ ဦးဆုံး လာရောက် လည် ပတ်သည့် ဗြိတိသျှ ခေါင်းဆောင် ဖြစ်သည်။
ဝန်ကြီးချုပ် သည် ရန်ကုန် မြို့  ရှိ ဓနဿဟာယ စစ်သချိုင်း တွင် ဒုတိယ ကမ္ဘာ စစ် က ကျ ဆုံးခဲ့
သူ များ အတွက် ဂုဏ် ပြု လွမ်းသူ ပန်း ခွေ ချခဲ့ သည်။
ညနေ ပိုင်း တွင် ဗြိတိသျှ ၀န်ကြီး ချုပ် နှင့် အဖွဲ့ သည် ရွှေတိဂုံ စေတီ သို့  သွား ရောက် လည်ပတ် ခဲ့
သည်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဌ ဦးနေ၀င်းက ၁၉၈၆ ခုနှစ် တွင် ဗြိတိသျှ ၀န်ကြီးချုပ် မာဂရက်
သက် ချာကို လာရောက် လည်ပတ် ရန် ဖိတ်ကြား ခဲ့ သော် လည်း လည်ပတ် မှု မရှိ ခဲ့ ချေ ။
David Cameron, Aung San Suu Kyi, Burma,
Display is those pictures and video are from Reuters, The Telegraph, The Sun and
White Hall Correspondent






ဟုတ်တယ် မေမေသွားပြီးရင်ချက်ချင်းပြန်လာပါနော်။သားတို့ မေမေမရှိရင်ကြောက်တယ်။
အမေသွားရင်မြန်မြန်ပြန်လာနော်..