ကာလပေါ် ၀တ်စားဆင်ယဉ် မှု ဝေဖန် သူ မဏ္ဍပ် တွင်းမှ မောင်းထုတ်ခံရ

မဟာသင်္ကြန် ဒုတိယ အကြတ် နေ့ ဉ် ရန်ကုန်မြို့ ကန် တော်ကြီး ကန်ပတ် လမ်းရှိ ရေပက် မဏ္ဍပ်
တစ်ခု ဉ် အမျိုးသမီး ငယ် များ ၏ ၀တ်စား ဆင်ယဉ် မှု ကို ဝေဖန် မိသော လူလတ်ပိုင်း အရွယ် စုံ
တွဲ နှစ်ဦး မှာ မဏ္ဍပ် မှ နှင်ထုတ်ခံ ရသည် ဟု FNG မှ သတင်း ရရှိသည်။

ထိုစုံတွဲ  မှ အမျိုးသမီး တစ်ဦး ဖြစ်သူ သည် ” မိန်းကလေး တွေ က လည်း ၀တ်ထား လိုက်တာ
မြန်မာ မလေး တွေ မဟုတ် သလို ပဲ ” ဟု ပြောလိုက် သည် ကို အနီးရှိ ဘရာဇီယာ သာသာ အကျီ
လောက်သာ ၀တ်ထားသည့် အမျိုးသမီး ငယ် တစ်ဦး က ကြား ပြီး နောက် ပြန်လည် ချေပ ရာမှ
အချင်းများ မှု ပေါ်ပေါက် ခဲ့ သည် ဟု သိရသည်။

အဆိုပါ မဏ္ဍပ် တွင် ဒီဂျေ အဖြစ်တာဝန်ထမ်းဆောင် နေ သူ တစ်ဦး က ” ကောင်မလေး တွေရော
ကောင်လေး တွေ ရော အဲဒီစုံတွဲ ကို ပြန်ပြောကြတယ်။ ကျွန်တော်က စက်ခန်း ထဲ မှာ ဆိုတော့
သေချာ မကြား ဘူး ၊ တစ်ချို့  က တော့ အမ ရေလာ ပက် မနေ နဲ့  ဘုန်းကြီး ကျောင်း သွား ပြီး
ဥပုတ် သွားစောင့် နေ ” လို့  ပြောကြတာ ကြားတယ် ဟု ပြောသည်။

မဏ္ဍပ် တွင်း ရှိ ရေပက် သူ အမျိုးသား တစ်ဦး က ဒီဂျေ စက်ခန်း တွင်း ၀င်ပြီး မိုက် မှ နေ၍ ” မလို
လားအပ်သည့် ခိုက်ရန် ဖြစ်ပွား မှု မဖြစ်ရ အောင် အဆို ပါ အမျိုးသမီး စုံ တွဲ ကို မဏ္ဍပ်မှ ထွက် ခိုင်းမှ
ထွက်ခွာသွား သည် ဟု ဆိုသည်။

မဏ္ဍပ် တာဝန်ခံ က FNG သို့  ပြောရာတွင် သူတို့  က All Day မဟုတ်ဘူး နောက်နှစ် ရက် အတွက်
လက်မှတ် ယူပြီး လာပက် တဲ့ သူ တွေ မဏ္ဍပ် ထိုင်ဖူး ပုံ မပေါ် ဘူး ၊ ဒီနေ့  ကျမှ  ကျွန်တော် တို့ လဲ
ပြဿနာ ကြုံရတယ်။ သူတို့  နှစ်ယောက် ကို လက်မှန် ပြန် ဖိုး ပြန်အမ်း ပေးလိုက်ပါတယ် ဟု ပြောသည်။

ယခုနှစ် သင်္ကြန် ဉ် မြန်မာ အမျိုးသမီး ငယ် အချို့ သည့် ကြည့်ချင် စဖွယ် ဖြစ်အောင် ၀တ်စားဆင်ယဉ်
မှု ပြုလာကြသည်။ အချို့  ကလည်း ထို ၀တ် ဆင်မှု မှာ မြန်မာ့ ရိုးရာယဉ် ကျေးမှု နှင့် မကိုက်ညီ ဘူး ဟု
ပြောသည်။

FNG မှ Web Admin တာဝန်ထမ်းဆောင် နေသူ မသီရိထက် ကမူ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု နဲ့  မကိုက်ညီ
တာ လွှတ်တော် ထဲ မှာ စစ်ဗိုလ် ၂၅ ရာခိုင်နှုန်း ပါနေတာပါ ပဲ ဟု ထောက်ပြသည်။

ဤ သတင်း ၏ တိုးတက် ဖြစ်ထွန်းမှု ကို ထပ်မံ ဖော်ပြ ပါမည်

Photo : Lynn Bo Bo

9 thoughts on “ကာလပေါ် ၀တ်စားဆင်ယဉ် မှု ဝေဖန် သူ မဏ္ဍပ် တွင်းမှ မောင်းထုတ်ခံရ

  1. အပြောမခံချင်ရင် အစကတည်းကမ၀တ်နဲ့လေ…၀တ်ရင်တော့ပတ်ဝန်းကျင်က ပြောမှာပဲ..၀တ်လာရဲတယ့်သတ္တိရှိမှတော့ အပြောခံရဲတဲ့သတ္တိလဲ၇ှိသင့်တာပေါ့နော်…

  2.ြ့မန်မာ့ယဉ်ကျေးမှုတွေဘာတွေတော့မသိဘူး။လူ့အခွင့်အရေးဆိုတာလဲကြီးကြီးကျယ်ကျယ်နဲ့မပြောချင်ပါဘူး။ဒီမိုကရေစီနိုင်ငံကြီးတွေကပြောတဲ့လူအခွင့်အရေးဆိုတိုင်းလိုက်မပြောချင်ပါဘူး။ဒါပေမဲ့မြန်မာပြည်မှာဗုဒ္စရဲ့အဆုံးအမတွေရှိပါတယ်။သာသနာအဆုံးအမနဲ့နေပြီး ဟီရိသြတပ တရားရှိရင်အဲဒီနေရာတွေမသွားသင့်ဘူးလေ။သူများကိုပဲလက်ညိုးထိုးမနေနဲ့ကိုယ်ကအရင်ကောင်းအောင်လုပ်ပေါ့့ သူတို့ပြောတာမှန်တယ်ဒါတွေမတွေ့ချင်ရင်ဘုန်းကြီးကျောင်းသွားဒါမဟုတ်အိမ်မှာပဲနေသင့်တယ်။

  3. Shote lite tar…………..water festival ko ma lote khine tar pa’ kg tal..heeee …..e’ dar so yin bar problem hma ma phit tot buu pot………( sate choe nae’ naw):P

  4. ၀တ်စားဆင်ယဉ်မှု့ဟာ ကိုယ့်ကျင့်တရားနဲ့မဆိုင်ပါဘူး…. မည်သူမဆို လွတ်လပ်စွာ ၀တ်စားဆင်ယဉ်ခွင့်ရှိပါတယ်…. နိုင်ငံတစ်ခုက လက်မခံနိုင်တာနဲ့ပဲ တားရမယ်ဆိုတာမတရားပါဘူး… နိုင်ငံတကာက လက်ခံနိုင်တဲ့ ၀တ်စားဆင်ယဉ်မှု့ဖြစ်ရင်ပြီးတာပါပဲ… လူအများစုက ၀တ်စားဆင်ယဉ်မှု့ကိုပဲ စောင့်ကြည့် ဝေဖန်နေကြတယ်… မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ရေကစားပုံမျိုးကြတော့ မသိချင်ယောင်ဆောင်နေကြတယ်ဗျို့… သင်္ကြန်လည်တဲ့ ကားတွေကို ရေပုံးနဲ့ လမ်းဘေးနားကနေ အရှိန်ပြင်းပြင်းခုတ်ပတ်တာမျိုး အဲဒီရေပုံးထဲက ရေဟာ ကားအရှိန်နဲ့ ပေါင်းပြီး လူကိုလာမှန်ရင် ထိခိုက်မှုပြင်းပြင်းထန်ထန်ဖြစ်နိုင်တယ်…. သေတောင်သေစေနိုင်ပါတယ်… မီးသတ်ပိုက်နဲ့ ကားပေါ်ပါလာတဲ့ ကောင်မလေးတွေကို… ပေါင်ကြား၊ ဖင်ကြား အတင်းထိုး ရေကစားကြတာ ကြည့်ကောင်းလို့ မပြောကြတာလားမသိပါ….. မော်တော်ကားတွေရေဆေးတဲ့ ပိုက်နဲ့ ရေကစားကြတာကော တာပေးမဲ့သူမရှိပါလား… အဲဒီပိုက်က လူတွေရဲ့ ရေနူးနေတဲ့ အသားကို ပဲ့ထွက်စေပါတယ်… ဒါကောမြန်မာ့ယာဉ်ကျေးမှုနဲ့ ကိုက်ညီပါသလား… သင်္ကြန်အတွင်းကားတွေက မောင်းချင်သလိုမောင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာ ဒါကကော မြန်မာ့ယာဉ်ကျေးမှုပဲလား…. ကိုယ်တွေ့လေးပြောပါရစေ…. မီးနီကို မရပ်ပဲမောင်းတဲ့ သင်္ကြန်လည်တဲ့ကားကို အငှားယာဉ်ပေါ်က ငှားစီးတဲ့ ကောင်လေးက မီးနီရပ်မပေးလို့ လှမ်းပြောလိုက်တာ.. အဲဒီသင်္ကြန်ကားပေါ်က ပါလာတဲ့ လူအုပ်က တစ်ယောက်တည်းဖြစ်နေတဲ့ အငှားကားပေါ်က ကောင်လေးကိုဗျာ သူရဲကောင်းကြီးတွေလို ကားပေါ်ကဆင်း လာပြီ ၀ိုင်းထိုးကြတယ်… ကောင်လေးကိုကားထဲက ဆွဲထုတ်တာ မရလို့ဆိုပြီး အငှားကားကို ခြေထောက်နဲ့ကန် သံတုတ် တွေနဲ့ ရိုက်သွားတာ တားပေးမဲ့သူမရှိ မင်းမဲ့စရိုက်တွေက မြန်မာ့ယာဉ်ကျေးမှုနဲ့ကိုက်ညီနေတာပဲလား… ဘယ်သူမှဝေဖန်ပေးမဲ့သူမရှိပါဘူး… ဘာကြောင့် ဒီဝတ်စားဆင်ယဉ်ပုံကိုပဲ ဝေဖန်နေကြတာလဲ…. ပြောရမယ်ဆိုရင်တော့ဗျာ ၀တ်စားဆင်ယဉ်ပုံဟာ ကိုယ်ကျင့်တရားနဲ့ မဆိုင်ပါဘူး…. ကြောင်သူတော် ကြွက်သူခိုးတွေ တပုံကြီးပဲရှိပါတယ်…..

    မင်းဇော်

  5. တော်တော်များများမြန်မာမတွေရဲ့ ကိုယ်ကျင့်တရား က နိမ့်ကျနေပြီ။ မိဘတွေ ဆိုဆုံးမမှုညံ့ဖျင်းတာရော၊ ကိုယ်ကိုကိုယ် ထိန်းသိမ်းမှုကရော ကျဆင်းနေပြီး အရှက်မရှိမှုကများနေတာကိုး။
    မြင်လိုက်ရရင်ကို ကျက်သရေက ယုတ်နေတာဘဲ အနောက်နိုင်ငံက ဖော်ချွတ်မယ်တွေ အားကျနေတာနေမှာ
    ကိုယ်ကိုကိုယ် ဟုတ်လှပြီထင်နေတာ။ပတ်ဝန်းကျင်ကလည်း လက်ခံနေကြတာကိုး။ ပတ်ဝန်းကျင်က ဆန့်ကျင်ပေးမှ လျော့ကျသွားမှာ။ ဒါကြောင့် ပတ်ဝန်းကျင်ကောင်းဖို့ လိုတယ်။ လက်တွေ လုပ်ဆောင်ကြည့်ပါလား။ သိသိသာသာ လျော့ကျသွားမှာပါ ..။

  6. ဝေဖန်တဲ့သူကလဲ သူထင်သလိုဝေဖန်ခွင့်ရှိတာပဲ။ private place မှာ နေချင်သလိုနေလို့ရသော်လည်း public space ဆိုတာ အများမျက်စိနားစိတ် အနှောင့်အယှက်မဖြစ်အောင် ဥပဒေတွေနဲ့ ထိန်းကွပ်ရတယ်။ တချို့လွန်ကဲတဲ့အပြုအမူတွေဟာ သင်္ကြန်မှာ အေးဆေးစွာ၊ အိနြေ္ဒရစွာပျော်ချင်သူတွေရဲ့ လူ့အခွင့်အရေးကို ထိခိုက်တာပေါ့။ ဥပမာ ဒီကိစ္စဟာ လူ့အခွင့်အရေးအရ US မှာသာဆို သူတို့ကို မောင်းထုတ်တဲ့အတွက် တရားစွဲလို့တောင်ရတယ်။ ငွေပြန်အမ်းသော်လည်း သူတို့ရဲ့ customer အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။

  7. သတင်ခေါင်းစဉ် အရေးအသားက ဟိုဖက်ခပ်ပါပါဖြစ်နေတယ်။
    ” ယဉ်ကျေးမှု့နှင့်မညီ သရုပ်ပျက် မပေါ့်တပေါ် အမြင်မတော်ဝတ်စားမှု ဝေဖန်မိသူကို ရိုးရာသင်္ကြံန်မဏ္ဍပ်က မောင်းထုတ်” လို့ရေးသင့်တယ်။

  8. ဖါသယ်တွေ လူဆွယ်တဲ့ နေရာကို မျက်စေ့လည် ရောက်သွာတာကိုး။

  9. ကိုယ်လုပ်တာကိုလဲ သူများလုပ်ချင်မှလုပ်မယ်
    ကိုယ်မလုပ်တာကိုလဲ သူများလုပ်ချင်ရင်လုပ်မှာပဲ
    ဒါလူ့တိုင်းရဲ့အခွင့်အရေး
    အာဏာရှင်စိတ်တွေ ဖျောက်သင့်နေပြီ ။

Comments are closed.