ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း၊ အမွေရခြင်းဖြစ်တတ်သည်။ ငွေဝင်မည်။ ငွေရှာ၍လွယ်ကူနေမည်။
အလုပ်တွင်တဦးတယောက်နှင့်စကားများလိမ့်မည်။ စကားများသောသူ မိမိထက်အသက်ကြီး
သူ (သို့) ရာထူးကြီးသူဖြစ်တတ်သည်။
အမှုအခင်းဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်သည်။ အာမခံခြင်းမလုပ်ပါနှင့်။ စက်ပစ္စည်းဝင်မည်။
မိတ်ဆွေ၊ ဆရာသမား မ,စလိမ့်မည်။ အကြောနာခြင်း၊ အသားများနာခြင်းဖြစ်နေမည်။ အချစ်ရေး
လုံးဝအဆင်မပြေဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရာသခင်အား မုန့်ဖက်ထုပ်ကပ်လှူ
ဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀၊ ၃၊ ၃၊ ၈)
တနင်္လာသားသမီးများ၏ကံကြမ္မာ
ပညာတခုသင်ရမည်။ မိမိဂုဏ်သတင်းမြင့်မားလာလိမ့်မည်။ သို့သော် ကြီးကဲသူငြိငြင်ခြင်းခံရတတ်သည်။
အလုပ်တွင်အခက်အခဲတွေ့သောကြောင့် အလုပ်ထွက်ရတတ်သည်။အလွန်ခင်မင်သောမိတ်ဆွေနှင့်
အဆင်မပြေဖြစ်ကာ လမ်းခွဲရတတ်သည်။ စက်ရှိပါကစက်ထွက်လိမ့်မည်။ သူခိုးခိုးခံရတတ်သည်။
လမ်းခရီးတွင်ဖြစ်တတ်သည်။ အစာအိမ်ရောဂါဖြစ်တတ်သည်။ ဂရုစိုက်ပါ။ အချစ်ရေးမကြာမီ
အချိန်အတွင်း အချစ်စစ်အချစ်မှန်နှင့်တွေ့လိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား မုန့်လုံးရေပေါ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၉၊၁၊ ၉၊၂)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလုပ်နေရမည်။ အကောင်းဆုံးများဖြစ်ခြင်း၊ မိမိကြံစည်ထားသောအရာများ အောင်မြင်တော့မည်။ သောကြာနံကြောင့်စိတ်ညစ်စရာဖြစ်နေလိမ့်မည်။
ဆွေမျိုးသားချင်းများ အိမ်သို့ရောက်လာတတ်သည်။ လက်ခံပြီးနောက် ကောင်းကျိုးဖြစ်မည်။ ငွေများကြံဖန်ပြီး
ကုန်စရာများဖြစ်ပြီးကုန်နေမည်။ ရုတ်တရက် ခါးနာခြင်း၊ ခါးမျက်ခြင်းဖြစ်မည်။ အပူလောင်ခြင်း၊
မီးလန့်ခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင် မိမိဖြစ်ချင်သလိုမဖြစ်သောကြောင့် စိတ်ညစ်နေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈၊ ၃၊ ၇၊၇ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
စပ်တူလုပ်ငန်းလုပ်ရန်ဖြစ်လာမည်။ အောင်မြင်မည်။ ဘာပဲလုပ်လုပ်အောင်မြင်မည့်အချိန်ဖြစ်နေသည်။ ရဲရဲသာလုပ်ပါ။ စီးပွားတက်တော့မည်။ ဆွေမျိုးကိုအကြောင်းပြုပြီးအိမ်ထောင်ရှင်များစကားများရတတ်သည်။ လူငယ်များ အချစ်ရေး
ကံကောင်းနေသည်။ စွန့်စားရသောလုပ်ငန်းများလုပ်ရတတ်သည်။ မုချတိုးတက်မည်။ ပြည်တွင်းပြည်ပခရီးသွားရတတ်
သည်။ မမျှော်လင့်သောသူထံမှ အကူအညီရမည်။ လေထိုးလေအောင့်ဖြစ်တတ်သည်။ အစားမှားတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား လက်ဖက်သုပ်နှင့်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၉၊ ၄၊ ၇၊ ၆ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အိုးသစ်၊ အိမ်သစ်ပိုင်တတ်သည်။ အိမ်ပြောင်းခြင်း၊ အိမ်ပြင်ခြင်းပြုလုပ်ရတတ်သည်။ ခရီးမသွားချင်ဘဲခရီးသွား
ရတတ်သည်။ အလုပ်တွင်လစာတိုးခြင်း၊ ရာထူးတက်ခြင်းဖြစ်တတ်သည်။ စန်းပွင့်ခြင်း၊ လာဘ်ရွှင်ခြင်းဖြစ်နေမည်။
ထူးခြားသောဓါတ်ပုံတပုံရောက်လာလိမ့်မည်။ ကောင်း၏။ မိန်းကလေးတဦးကြောင့်သောကရောက်နေတတ်သည်။
ကလေးရှိပါက အမြင့်မှလိမ့်ကျ
တတ်သည်။ မျက်စိရောဂါဖြစ်တတ်သည်။ အချစ်ရေးတွင်စိတ်ချမ်းသာမှုများရနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နွားနို့ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁၊၂၊ ၄၊ ၇ )
သောကြာသားသမီးများ၏ကံကြမ္မာ
ရွှေထည်ပစ္စည်းတခုဝင်မည်။ မကြာခင်ခရီးတခုသွားရမည်။ ကောင်းသောခရီးဖြစ်သည်။ ရပ်ဝေးမှမိတ်ဆွေ
တဦးရောက်လာလိမ့်မည်။ မိတ်ဆွေ၏လိမ်လည်လှည့်ဖျားမှုခံရတတ်သည်။ မမျှော်လင့်ဘဲ အမှုတခုနှင့် ရင်ဆိုင်ရလိမ့်မည်။ မိမိကိုကောင်းကျိုးမပေးသောဆရာ ရောက်လာတတ်သည်။ သတိထားပါ။ ငွေများဝင်လိမ့်မည်။ လက်တဖက်
နာနေလိမ့်မည်။ အချစ်ရေး
တွင်ဘ၀အတွက် လက်တွဲဖေါ်ကောင်းနှင့်တွေ့ရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား အုန်းသီးပါသောမုန့် (၆)ခု ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅၊ ၉၊ ၇၊ ၆ )
စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တခုမှတခုပြောင်းရတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။ သတင်းကောင်းကြားရမည်။ ပညာတ
ခုသင်ရတတ်ခြင်း၊ ဖြေဆိုထားသောစာမေးပွဲအောင်မြင်မည်။ စာချုပ်စာတမ်း၌ လက်မှတ်ရေးထိုးရမည်။
ဓါတ်ပုံများရောက်လာတတ်သည်။ ငွေကုန်များနေမည်။ အမွေရတတ်သည်။ ယခုနှစ်ယူလျှင်ကုန်သွားလိမ့်မည်။ မယူပါနှင့်။
အစားအသောက်ပျက်နေလိမ့်မည်။ အချစ်ရေးတွင်အဆင်ပြေမလိုလိုနှင့် ကြားလူဝင်ရောက်နှောင့်ယှက်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဆီထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁၊ ၅၊ ၆၊ ၂ )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်
(ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး)
ဖုန်း- ၀၁၆ ၆၉၀ ၃၅၁၃၊ ၀၁၂ ၉၁၃ ၃၀၉၃။
email: swezinwati@gmail.com

ဟုက်တော့ ဟုက်တာပေါ့
မှန်တယ်။ တော်ပါတယ်။ လေးစားပါတယ်။ အမြဲတမ်း ဖတ်မှတ်ပြီး အခြေအနေအရ ဆင်ဆင်ခြင်ခြင်နေရတာပေါ.။ ကျေးဇူးတင်ပါတယ်။
တော်တော်လေးတိုက်ဆိုင်တယ်။မှန်တာများတယ်။