ဒီနေ့ မနက် တနင်္လာ နေ့  အစော ပိုင်းမှာ တော့ အာဖဂန် နစ္စတန် နိုင်ငံ မှာ ပေါက်ကွဲမှု တွေ
ဆက်လက် ဖြစ်ပွား ခဲ့ ပြီး အစိုးရ ရုံး တွေ နဲ့  ကျောင်း တွေ ၊ ဟိုတယ်တွေ မှာ လုံခြုံရေး အများ
အပြား တိုးမြှင့် ချထား တယ်လို့  ထပ်မံ သတင်း ရရှိပါတယ်။
မြို့ တော် ကဘူလ်းမှာ တော့ လုံခြုံ ရေး အဖွဲ့  တွေ နဲ့  တာလီဘန် တွေ တစ်ညလုံး ပစ်ခတ် မှု
ဖြစ် နေပြီး နယ်စပ်မှာ လှုပ်ရှား နေတဲ့ တာလီဘန် တွေ ဟာ ကဘူလ်း မြို့ ထဲ ကို ဒေသခံတွေ
အကူအညီ နဲ့  စိမ့်ဝင်လာတာ အနည်း ဆုံး ၂၀၀ ကျော် ရှိမယ်လို့  ISAF က ပြောပါတယ်။
အာဖဂန် နစ္စတန် နိုင်ငံ ရဲ့  သမ္မတနန်းတော် ၊ လွှတ်တော် နဲ့  အနောက်နိုင်ငံ က သံရုံး တွေ ကို
တာလီဘန် တိုက်ခိုက်ရေး သမား တွေ နဲ့  အသေခံ အကြမ်းဖက် သမား တွေ က တနင်္ဂနွေ နေ့ 
မနက်ပိုင်းမှာ စုဖွဲ့  တိုက်ခိုက် မှု တွေ လုပ် ခဲ့ တယ် လို့  Al Jazera ဂြိုလ် တု ရုပ်သံ သတင်းမှာ
ဖော်ပြထား ပါတယ်။
မြို့ တော် ကဘူးလ် မှာ ရှိ တဲ့ သမ္မတ နန်းတော် ကို လက်နက် ငယ် တွေ နဲ့ လက်ပစ်ဗုံး တွေ ကိုင်
ဆောင်လာတဲ့ သေနတ် သမား တွေ က အသေ ခံ ၀င်ရောက် တိုက် ခိုက်မှု တွေ ပြု လုပ် ခဲ့ ကြသ
လို ၊ ဂျလာ လာဘတ် လေဆိပ် က အမေရိကန် တပ် ဖွဲ့ တွေ စခန်းချထား တဲ့ လေဆိပ် ကို လည်း
တိုက်ခိုက် ဖို့  ကြိုးစား တယ် လို့  ကဘူးလ် က လာတဲ့ သတင်း တွေ မှာ ဖော်ပြထား ပါတယ်။
တာလီဘန် အဖွဲ့ က ပြော ခွင့် ရသူ ဇဘီအူလာ မူဂျာဟစ်ဒင် ဒီ နေ့ တိုက် ခိုက်မှု တွေ ဟာ သူတို့ 
ရဲ့  လက်ချက် လို့  ကြွေးကျော် ခဲ့ ပါတယ်။
နိုင်ငံ တွင်း က တခြား နေရာ တွေ ဖြစ်တဲ့ Paktia ၊ Nangarhar နဲ့  Logar စတဲ့ နေရာ က ရဲ
စခန်း တွေ နဲ့  ဒေသန္တရ အုပ်ချုပ် ရေး ရုံး တွေ ကို လည်း တာလီဘန် နဲ့  တခြား ညွန့် ပေါင်း အဖွဲ့ 
တွေ က တိုက်ခိုက် ခဲ့ တယ် လို့  သိရပါတယ်။
တာလီဘန် နဲ့  မူဂျာဟေဒင် အသေခံ တပ်ဖွဲ့  တွေ ဟာ တိုက်ခိုက်ရေး ရိုင်ဖယ် တွေ ၊ လစ်ပစ်ဗုံး
တွေ နဲ့  လောင် ချာ လို လက် နက် တွေ ပါ ကိုင် ဆောင် ပြီး အသေခံ တိုက်ခိုက် ကြပါတယ်။
သံရုံး တွေကို တိုက် ခိုက်မှု မှာ တစ်ဦးတစ်ယောက်မှ ဒဏ်ရာ ရရှိမှု မရှိ ဘူး လို့  အမေရိကန် နဲ့  ဂျာမန်
သံရုံး တွေ က သတင်း ထုတ် ပြန်ပါတယ်။
တိုက်ခိုက်မှုမှာ ပါဝင် တဲ့ ၁၉ ဦး ကို အသေဖမ်းဆီး ရ မိပြီး ၊ ကဘူးလ်း မှာ ၁၅ ဦး အရှင်ဖမ်းဆီး နိုင်
ခဲ့ကာ တခြား ဒေသ တွေ မှာ တော့ ၂၀ ကျော်ဖမ်းဆီး နိုင်ခဲ့ ပါတယ်။
တနင်္ဂနွေ နေ့ မနက် အစော ပိုင်းက ပါကစ္စတန် နိုင်ငံ ဘန်နူး မှာ ရှိတဲ့ အကျဉ်းထောင် ကို တာလီဘန်
တွေ က ၀င် ရောက် စီးနင်း ပြီး လက်ရှကာ အီ တိုင်ဘာ ၊ အယ်(လ) ကာယီးဒါး (ပါကစ္စတန် ) အဖွဲ့ 
ဝင် တွေ အပါ အ၀င် အကျဉ်းသား ၄၀၀ ကျော် ကို လွှတ်ပေး ခဲ့ ပါတယ်။
အာဖဂန် နစ္စတန် မှာ ဒီ နေ့  တိုက်ခိုက်မှု ဟာ ၂၀၀၁ ခုနှစ် က စတင် ပြီး အဆိုး ရွား ဆုံး ပဲ လို့ အာဖဂန်
နစ္စတန် ရဲ ချုပ် က ပြောပါတယ်။
Afghanistan, Taliban, Kabul,
Related articles
- Afghan capital rocked by explosions, gunfire – CBS News (cbsnews.com)
- Taliban attack Afghan capital, 3 other cities (boston.com)
- Afghan capital rocked by explosions, sustained gunfire (ctv.ca)
- Taliban Attack Several Sites Across Afghanistan (foxnews.com)
