တာဝေးပစ် ဒုံးပျံ အိန္ဒယ က အောင်မြင်စွာ ပစ်လွှတ်

အိန္ဒယ နိုင်ငံ က ညူကလီးယား ထိပ်ဖူး သယ်ဆောင် နိုင်ပြီး ၊ ကီလိုမီတာ ၅၀၀၀ ကျော် (မိုင်
၃၁၀၀) ကျော်ထိ ပစ်လွှတ် နိုင်သည့် အဂ္ဂနီ အမည် ရှိ ဒုံးပျံ ကို မကြာခင် ပစ်လွှတ် စမ်းသပ်
တော့မည် ဟု အိန္ဒယ ကာကွယ်ရေး သုတေသန နှင့် ဖွံ့ ဖြိုးရေး အဖွဲ့  မှ ပြောခွင့် ရသူ Ravi Gupta
က ထုတ်ဖော်ပြောကြား ခဲ့သည်။

အဂ္ဂနီ အမှတ် ၅ ဒုံးပျံ ကို ယခု သီတင်း ပတ် အတွင်း ဗုဒ္ဓဟူး နေ့ နှင့် ကြာသပတေး နေ့ ကြား ပစ်လွှတ်
မည် ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။

ဟိန္ဒူ ဘာသာ စကား ဖြင့် မီး ဟု အမည် ရသည့် ဒုံးပျံ သည် ရန်လိုခြိမ်းခြောက် မှု တီထွင်ထား ခြင်း
မဟုတ် ပဲ နိုင်ငံ ၏ ကာကွယ်ရေး နှင့် အဟန့် အတား အတွက် သာ ဖြစ်သည် ဟု အိန္ဒယ ဒုံးပျံ
နည်းပညာ သုတေသန ၀ဘ်စာမျက် နှာ တွင် ဖော်ပြထားသည်။

အိန္ဒယ နိုင်ငံ သည့် Agni ဒုံးပျံ ၏ ပထမ မျိုးဆက် ကို ၁၉၉၈ ခု နှစ် တွင် စမ်းသပ်ခဲ့ ပြီး နောက်ဆုံး
လေးကြိမ်မြောက် အဆင့် မြှင့် မှု ကို ပြီးခဲ့ သည့် နှစ် နိုဝင်ဘာလ က စမ်းသပ်ခဲ့ သည်။

အိန္ဒယ အတိုက်အခံ များ နှင့် ခြိုးခြံချွေတာရေး ဆော်သြသူများ က အစိုးရသည်  မယောင်ယာ
နှမ်းဆီ လူး နေသည် ဟု ဝေဖန်ကြသည်။

နိုင်ငံ တကာ လေ့လာ စောင့်ကြည့် သူများ က အိန္ဒယ နိုင်ငံသည် မကြာမှီ တိုက်ချင်းပစ် ဒုံးကျဉ်
အတွက် ခြေလှမ်းစဖွယ် ရှိသည် ဟု ဆိုသည်။

India , Long Rang Missile, Agni,

One thought on “တာဝေးပစ် ဒုံးပျံ အိန္ဒယ က အောင်မြင်စွာ ပစ်လွှတ်

  1. India /ˈɪndiə/ ကို အိန္ဒိယ ဒါမှမဟုတ် အင်ဒီးယား လို့ရေးတာပဲ တွေ့ဖူးတယ်။

Comments are closed.