ဘယ်(လ)ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် တွင် ယနေ့ ကျင်းပ နေသည့် ဥရောပ သမဂ္ဂ နိုင်ငံများ အစည်း
အဝေး တွင် မြန်မာ နိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ် ပိတ် ဆို့ ထား မှု များ တစ်နှစ် ဆိုင်းငံ့ ထား
ရန် သဘောတူ ဆုံးဖြတ် လိုက်သည် ဟု AFP သတင်း တွင် ဖော်ပြထားသည်။
ဥရောပ သမဂ္ဂ နိုင်ငံခြား ရေးရာ မူဝါဒ အကြီး အကဲ ကတ်သရင်း အက်ရှတန် က မြန်မာ နိုင်ငံအ
ပေါ် ပိတ် ဆို့ ထားမှု ဧပြီ လကုန် ပိုင်း မှ စတင်ပြီး သက်သာ စေမှာ ဖြစ်သည် ဟု ပြောဆိုခဲ့ သည်။
မြန်မာ အစိုးရ သမ္မတ အပါ အ၀င် ၊ အစိုးရ အဖွဲ့  ခေါင်းဆောင် အချို့  ကို ဥရောပ သမဂ္ဂ ပြည်ဝင်ခွင့်
အတွက် ပြီး ခဲ့ သည့် ဖေဖော်ဝါရီလ က ခွင့် ပြု ခဲ့ သည်။
မြန်မာ နိုင်ငံ အား ဒဏ်ခတ် ပိတ် ဆို့  မှု အပြီး တိုင် ရုပ် သိမ်း သင့် မသင့် ကို ခြောက်လ အတွင်း ဆုံး
ဖြတ် မည် ဖြစ်သည်။
ဥရောပ သမဂ္ဂ အဖွဲ့  ၀င် နိုင်ငံ တစ်ခု ဖြစ်သော စကင်ဒီနေဗီးယား နိုင်ငံ တစ်ခု ဖြစ်သည့် နော်ဝေ က
မြန်မာ နိုင်ငံ အပေါ် အရေးယူဒဏ် ခတ် မှု များ အပြီးတိုင် ဖယ်ရှား ခဲ့ သည်။
ပြီးခဲ့ သည့် သီတင်း ပတ်က မြန်မာ နိုင်ငံ သို့  အလည် ရောက်ရှိ လာသည့် ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်
ကင်မရွန် က မြန်မာ နိုင်ငံ ရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ ပြီး နောက် ပိတ် ဆို့ 
မှု ကို ဖယ်ရှား ခြင်း မဟုတ် ဘဲ ဆိုင်းငံ့ ရန် သဘောတူထားသည်။
EU, Burma , Sanction, Suspended
Photo : Reuters.
