မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် သည် ယနေ့  ဂျပန် စံတော်ချိန် နံနက် အစော ပိုင်း တွင်
ဂျပန် နိုင်ငံ တိုကျို မြို့  သို့  ဆိုက်ရောက် လာသည် ဟု ဂျပန် သတင်း ဌာန တစ်ခု ဖြစ်သည့်
ကျိုဒို ရေဒီယို အစီအစဉ် မှ ထုတ် လွှင့် သွား သည်။
ဦးသိန်းစိန် ၏ ငါးရက်တာ လည်ပတ် မည့် ဂျပန် နိုင်ငံ ခရီးစဉ် အတွင်း ဂျပန် ၀န်ကြီးချုပ် ယိုရှိ
ကို နိုဒါ နှင့် တွေ့ ဆုံ ကာ ဂျပန် နိုင်ငံ မှ ချေးယူထားသည့် ကြွေးမြိ ကိစ္စ နှင့် ရင်းနှီးမြုပ် နှံမှု ကိစ္စ
များ ကို ဆွေးနွေး မည် ဖြစ်သည်။ ဦးသိန်းစိန် ၏ ဂျပန် ခရီးစဉ် သည် နှစ်ပေါင်း ၂၈ နှစ် အတွင်း
မြန်မာ အစိုးရ ခေါင်းဆောင် တစ်ယောက် ၏ ဂျပန် နိုင်ငံ ခရီးစဉ် ဖြစ်သည်။
မြန်မာ နိုင်ငံ တွင် နိုင်ငံရေး အကျဉ်းသား အမြောက် အမြား လွှတ်ပေး ခြင်း အခြား သော တိုး
တက် ပြောင်းလဲ မှု ဖြစ်စဉ် များ ကြောင့် ဂျပန် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ သို့  ပင်လယ်ရပ်ခြား ဖွံ့ဖြိုး
တိုးတက်ရေး အထောက်အပံ့ ချေးငွေ (ODA) များ ကို ပြန်လည် ပေး အပ် တော့မည် ဖြစ်သည်။
ဂျပန် အစိုးရ က မြန်မာ နိုင်ငံ ကို ODA ချေးငွေ များ ရပ်ဆိုင်းခဲ့ သည် မှာ ဆယ်စုနှစ် နှစ်စု နီးပါးရှိ
ပြီ ဖြစ်သည်။
ဂျပန် သည် မြန်မာ အစိုးရ ၏ အကြီး ဆုံး မြီရှင် နိုင်ငံ ဖြစ်ပြီး မြန်မာ အစိုးရ အဆက်ဆက် မှာ ဂျပန်
နိုင်ငံ မှ ယန်း ၄၈၀ ဘီလျှံ ချေးယူထား ခဲ့သည်။
ဦးသိန်းစိန် ၏ ခရီး စဉ် တွင် နိုင်ငံ ခြား ရေး ၀န်ကြီး နှင့် စီးပွား ၊ ကူးသန်း ၀န်ကြီး တို့ လိုက်ပါသွား
သည်။
ဦးသိန်းစိန် သည် TIME မဂ္ဂဇင်း မှာ ဆန္ဒ ကောက်ခံ ခဲ့သည့် ကမ္ဘာ့  သြဇာ အရှိ ဆုံး အယောက် ၁၀၀
စာရင်း တွင် ပါဝင်ခဲ့ သည်။
ဂျပန် နိုင်ငံခြားရေး ၀န်ကြီး သည် မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ခဲ့ သည့် ခရီးစဉ် အတွင်း
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခဲ့သည်။
မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ဥက္ကဌ ဦးနေ၀င်း သည် ၁၉၈၄ ခုနှစ် က ဂျပန် နိုင်ငံသို့  နောက်ဆုံး
အကြိမ် အဖြစ် သွားရောက် လည် ပတ်ခဲ့ သည်။
