ခုနစ်ရက်သားသမီးများအတွက် (၂၃.၄.၂၀၁၂) မှ (၂၉.၄.၂၀၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

အလုပ်တွင် လစာတိုးခြင်း၊ ရာထူးတိုးခြင်း၊ နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊ သြဇာအာ
ဏာတိုးခြင်းများဖြစ်နေမည်။ လက်အောက်ငယ်သားအတွက် သတင်းကောင်းကြားရခြင်း၊
သားသမီးများနှင့်ပတ်သက်ပြီး မိမိဂုဏ်သိက္ခာတက်ခြင်းဖြစ်မည်။

ပျော်ရွှင်သောခရီးသွားရမည်။ အကျိုးထူးသောခရီးဖြစ်
လိမ့်မည်။ ကားဝင်ခြင်း၊ ကားအဟောင်းမှအသစ်ပြောင်းရခြင်းဖြစ်တတ်သည်။ အချစ်ရေးကံကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁၊ ၉၊ ၂၊ ၉ )

တနင်္လာသားသမီးမျာ၏ကံကြမ္မာ

အစစအရာရာသတိထားရမည့်အချိန်ဖြစ်နေသည်။ လုပ်သမျှအဆင်မပြေဖြစ်နေတတ်သည်။ မိမိစိတ်
တွင်အလိုမကျခြင်း၊ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် အဆိုးမြင်ခံရခြင်းကြုံနေမည်။ အလုပ်တွင်အစွပ်အစွဲခံရခြင်း၊
မကောင်းကြံခြင်း၊ မနာလိုဝန်တိုမှုများဖြစ်ခြင်းခံနေရမည်။ လူသုံးဦးပေါင်းပြီး မိမိကိုပျက်စီးရာပျက်စီးကြောင်းကိုလည်း
ကြံစည်လာတတ်သည်။ ခွေး၊ ကြောင် စသည့်တိရစ္ဆာန်တို့ကြောင့်ဖြေရှင်းရတတ်သည်။ ကားအတွက်ငွေကုန်ရတတ်သည်။
ခြေထောက်တွင်အနာတရဖြစ်တတ်သည်။ အချစ်ရေးတွင် အမျိုးသမီးတယောက်အတွက်နှင့်စိတ်ညစ်စရာဖြစ်ခြင်း
ကြုံတတ်သောကြောင့် အခုအချိန်တွင်မိန်းမကိစ္စနှင့်ပတ်သက်၍သတိထားလျှင်ပိုကောင်းမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လုံးရေပေါ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁၊ ၈၊ ၁၊ ၄ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

စီးပွားတက်နေမည်။ သို့သော်အလုပ်တွင်ရန်ပေါ်တတ်သည်။ ရေခြားမြေခြားခရီးသွားရခြင်း၊ ပြည်တွင်းပြည်ပခရီး
သွားရခြင်းဖြစ်တတ်သည်။ မိမိမရောက်ဖူးသေးသော ဒေသစိမ်းများသို့ရောက်ရတတ်သည်။ စက်ပစ္စည်းဝင်ခြင်း
၊ မျက်မှန်ဝင်ခြင်းဖြစ်တတ်သည်။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။ မိမိကိုယ်တိုင်ကျန်းမာရေးညံ့နေ
တတ်သည်။ လက်တွင်ထိခိုက်တတ်ခြင်း၊ ခံတွင်းပျက်ခြင်းများဖြစ်တတ်သည်။ အချစ်ရေးကောင်း၍ ချစ်သူရည်
စားရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅၊ ၃၊ ၂၊ ၃)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

လုပ်ငန်းဟောင်းများပြန်လုပ်ကိုင်ရခြင်း၊ အဖြစ်အပျက်ဟောင်းများနှင့်ပြန်ကြုံတွေ့ရခြင်းဖြစ်တတ်သည်။
ကွဲကွာနေသောမိတ်ဆွေဟောင်းများနှင့်ပြန်ဆုံရခြင်းဖြစ်တတ်သည်။ ထွက်နေသောငွေများပြန်ဝင်ခြင်း၊
အံ့သြစရာကောင်းအောင်မမျှော်လင့်ထားသူထံမှ အကူအညီကောင်းများရခြင်းဖြစ်မည်။ ဆရာကောင်းသမားကောင်း
များနှင့်တွေ့ရမည်။ စီးပွားရေးကောင်းလာမည်။ မိမိမျှော်လင့်ထားသောကိစ္စများ  လက်ဝယ်ပိုင်ဆိုင်မည့်အချိန်ဖြစ်
နေသည်။ အချစ်ရေးတွင်ချစ်သူရည်းစားဟောင်းထံမှပြန်ဆက်သွယ်လာမည်။  လေထိုးလေအောင့်ဖြစ်နေခြင်း၊
နှာစေး၊ ချောင်းဆိုးခြင်းများဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကျောက်ကျောကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၂၊ ၀၊ ၇၊ ၆ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ အိမ်ပိုင်ရခြင်းဖြစ်တတ်သည်။ ယခုအချိန်တွင်ကိုယ်ပိုင်စီးပွားရေးလုပ်ခြင်း၊
စွန့်စားရသောလုပ်ငန်းများလုပ်ခြင်း၊ အလောင်းအစား လုပ်ခြင်းများမပြုလုပ်သင့်ပါ။ ဆုံးရှုံးမှုများမည်။ ကြွေး
တင်ကြွေးဆုံးဖြစ်တတ်သည်။ မိမိရှိသမျှကုန်တတ်သည်။ သူတပါးနှောင့်ယှက်ခြင်းခံရတတ်သည်။ အထင်မှတ်သောအန္တ
ရာယ်နှင့်ကြုံတွေ့ရတတ်သည်။ အစစအရာရာသတိရှိပါ။ အချစ်ရေးတွင်ကြားလူဝင်ရောက်နှောင့်ယှက်ခြင်းကြီး
စွာတွေ့နေရမည်။ ဗိုက်အောင့်ခြင်း၊ လေထိုး လေအောင့်ခြင်းဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။

သောကြာသားသမီးများ၏ကံကြမ္မာ

စန်းပွင့်ခြင်း၊ စုတ်၊ လာဘ်ဝင်ခြင်း၊ အပိုဝင်ငွေရခြင်း၊ စီးပွားတက်မည်။ ပျော်ရွှင်သောခရီးသွားရခြင်း၊
နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ ကားဝင်ခြင်း၊ ရွှေလက်ကောက်ဝင်ကိန်းရှိ၍ အိမ်ထောင်ရှင်ဖြစ်ပါကကိုယ်
ဝန်ရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရတတ်သည်။ ခင်မင်သောသောမိတ်ဆွေနှင့်
လမ်းခွဲရတတ်သည်။ အစားမှားခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ သွေးတိုးခြင်းဖြစ်တတ်သည်။ စန်းအားကောင်းနေေ
သာကြောင့်အထူးသတိထားပါ။ အိမ်ထောင်ရှင်များနှင့်ပတ်သက်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၄၊ ၂၊ ၁၊ ၃ )

စနေသားသမီးများ၏ကံကြမ္မာ

မြေ၀င်ခြင်း၊ အမွေရခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ မြန်မာပြည်ပြန်ရတတ်ခြင်းဖြစ်
တတ်သည်။အလုပ်တွင်စိတ်တိုင်းမကျဖြစ်နေမည်။ငွေချေးဌားခြင်း၊ စာချုပ်စာတမ်းအာမခံခြင်းမလုပ်ရပါ။
မိမိကို အမှုပတ်တတ်သည်။သွေးပေါင်ကျခြင်း၊ သူခိုးခိုးခံရခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်တတ်သည်။
အလုပ်တွင်စိတ်တိုင်းမကျဖြစ်မည်။ သို့သော်သည်းခံပြီးနေပါ။ အလုပ်မပြောင်းပါနှင့်။ ပြောင်းလျှင်ပိုဆိုးနိုင်သည်။
အချစ်ရေးတွင်ချစ်သူကောင်းရမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒံပေါက်ဆွမ်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၀၊ ၅၊ ၄၊ ၇)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင် ဒေါ်ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ ထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)
ဖုန်း – +6016 690 3513 ,  +6012 9133 3093
E -mail: swezinwati@gmail.com