ရွှေတိဂံ နယ်မြေ တွင် ကျက်စားသည့် မူးယစ်ရာဇာ နော်ခမ်း ကို မိပြီ ဟု သတင်းထွက်ပေါ်

နိုင်ငံ တကာ ရဲတပ် ဖွဲ့  ၏ အလိုရှိသည့် စာရင်း တွင် ထည့် သွင်း ခံ ထား ရသည့် ရှမ်း၊မြန်မာ ၊
ထိုင်း လူမျိုး  အသက် ၄၈ နှစ် အရွယ် မူးယစ် ရာဇာ နော်ခမ်း ကို လော နိုင်ငံ နှင့် ထိစပ် နေသည့်
ထိုင်းနယ် မြေ တွင် ဖမ်းဆီး ရမိ ပြီ ဟု ထိုင်း သတင်းများ တွင် ဖော်ပြထားသည်။

နော်ခမ်းသည် ယမန် နှစ်က မဲခေါင် မြစ်တွင်း ရှိ ထိုင်း သင်္ဘာသားများ ကို သတ်ဖြတ် ခဲ့ ရာမှ
နာမည် ကျော်ကြား လာခဲ့ သည်။

နော်ခမ်း ၏ နောက်လိုက် နောက်ပါ ၈ ဦး သည် မြန်မာ အစိုးရ တပ်များ ထံ လက်နက် ချခဲ့ သည်
ဟု ယနေ့  ထုတ် အစိုးရ အာဘော်သတင်းစာ များ တွင် ဖော်ပြထားသည်။