ဆီးရီးယား နိုင်ငံ က ကုလ သမဂ္ဂ ရဲ့  အပစ်အခတ် ရပ်စဲ ရေး အစီအစဉ် ကို သဘောတူ လိုက်နာ
မှု မရှိ ဘူး လို့  ကုလသမဂ္ဂ အပစ်အခတ် ရပ်စဲ ရေး လေ့လာစောင့်ကြည့်မှု ကိုယ်စားလှယ် အဖွဲ့ 
တွေ ရဲ့  အစီရင် ခံ မှု ကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းဝန်ချုပ် ဘန်ကီမွန်း က ထုတ်ဖော်ပြော
ဆို ပါတယ်။
ကုလ လေ့လာ စောင့်ကြည့်ရေး မစ်ရှင် တွေ ရောက် တဲ့ နေရာ တွေ မှာ ပဲ အပစ်အခတ် ငြိမ်သက်
သွားတာ ဖြစ်ပြီး မစ်ရှင် အဖွဲ့  တွေ အဲဒီ နေရာ တွေ က ထွက် ခွာ သွားတာ နဲ့ ဆီးရီယား အစိုးရတပ်
ရဲ့  တင့် ကား တွေ ၀င်လာ ပြီး စက်သေနတ် သံ တွေ ဒုံးလက် နက် သံ တွေ ကြားနေရ ပြန် ရော
လို့  ဟာမား မြို့  က ဆီးရီးယား အစိုး ရ ဆန့် ကျင် သူ တွေ က AP သတင်းဌာန ကို ပြော ပါတယ်။
ကုလ လေ့လာ စောင့်ကြည့် ရေး အဖွဲ့  တွေ ရောက် တဲ့ ဧပြီ လ ၁၆ ရက် နေ့  ကတည်း က ဆီးရီးယား
မှ သတ်ဖြတ် ခံ ရတာ ၄၆၂ ဦး ရှိ သွားပြီ ဖြစ်တယ် လို့  ဆီးရီး အတိုက် အခံ တွေ က သတင်း ထုတ်
ပြန်ပါတယ်။
သောကြာ နေ့  မနက် ပိုင်း က ဆီးရီယား နိုင်ငံ မြို့ တော် ဒမ္မစကတ် မှ အသေခံ ဗုံးဖောက်ခွဲ မှု ကြောင့်
သေဆုံးသူ တွေ ရှိခဲ့ တယ် လို့ ဆီးရီးယား အစိုးရ ရုပ်သံ က ထုတ် လွှင့် ခဲ့ ပါတယ်။
ဒီဗုံးဖောက်ခွဲ မှု ဟာ အပစ် အခတ် ရပ် စဲ ရေး ကို မလိုက် နာတဲ့ အကြမ်းဖက် သမား တွေ ရဲ့  လက်
ချက် လို့  ဆီးရီးယား အစိုးရ က စွပ် ဆွဲ ထား ပါတယ်။
ဆီရီးယား နိုင်ငံ တွင်း အလပ်ပို၊ ဟာမား နဲ့  အိုင်ဒစ် မြို့  တွေ မှာ တော့ ဆန္ဒပြ ပွဲ တွေ က ဆက် ဖြစ်နေ
ပါတယ်။
ကု လ လေ့လာ စောင့် ကြည့် ရေး အဖွဲ့  တွေ ရှိတဲ့ အနားမှာ ပဲ ဆန္ဒပြ လူငယ် တစ်ဦး သေနတ် နဲ့  ပစ်
ခတ် ခံ ရတာ ကို အတိုက် အခံ တွေ Youtube ဗီဒီယို မှာ တင်ထား ပါတယ်။ ဆီးရီးယား အစိုးရ တပ်
ဟာ အကြမ်းဖက်မှု တွေ ကို ဆက် ကျူးလွန် နေပြီး ဆန္ဒပြသူ တွေ ကို အရှင်လတ်လတ် မြေမြုပ် သတ်
ပစ်တယ် ဆို တဲ့ သတင်း တွေလဲ ထွက် ပေါ် နေပါတယ်။
ကုလ အပစ်ရပ် စောင့်ကြည့် ရေး မစ်ရှင် အဖွဲ့  နဲ့  စကား ပြောတဲ့ ဆီးရီးယား နိုင်ငံသား တွေ ဟာ
လည်း ဖမ်းဆီး သတ်ဖြတ် ခံ နေရတယ် လို့  ဆို ပါတယ်။
ခြုံပြောရရင် ဆီးရီးယား အစိုးရတပ် က အကြမ်းဖက်မှု တွေ ဆက်ကျူးလွန် နေတာ ကြောင့် ကုလ
ငြိမ်းချမ်းရေး အစီအစဉ် က မအောင် မမြင် ဘူး လို့  Free Syrian Army က ဆိုပါတယ်။
ပြင်သစ် နိုင်ငံ ခြားရေး ၀န်ကြီး အလန် ယပ်ပြီ က ကုလ ရဲ့  အပစ်အခတ် ရပ် စဲ ရေး အစီအစဉ် ကို
မလိုက် နာရင် စစ်ရေး နည်းလမ်း နဲ့  ၀င်ရောက် စွက်ဖက် တာ လုပ်မယ် လို့  ပြောပါတယ်။

