တရုတ် နိုင်ငံ က နာမည် ကျော် မျက်မမြင် နိုင်ငံ ရေး လှုပ်ရှားသူ ချန်ဂွမ်းချန် ကို နိုင်ငံအရှေ့ ပိုင်း
ရှန်ဒေါင်း ပြည်နယ် လင်းရီ မြို့  က ရွာငယ် လေး တစ်ခု မှာ နေအိမ် အကျယ် ချုပ် ချခံ ထား ရာ
ကနေ ထွက် ပြေး လွတ် မြောက် သွား တယ် လို့  တရုတ် နိုင်ငံ က လာတဲ့ သတင်း တွေ မှာ ဖော်
ပြထား ပါတယ်။
တနင်္ဂနွေ နေ့  က နေအိမ် အကျယ်ချုပ် က နေ လွတ်မြောက် ပြီး နောက်မှာ ချန် ဟာ မိတ်ဆွေ
ဖြစ်တဲ့ တက်ကြွ လှုပ်ရှား သူ ဟူကျန် ရဲ့  အကူအညီ နဲ့  ဘီဂျင်း ရှိ အမေရိကန် သံရုံး မှာ ခိုလှုံ
နေတယ် လို့  ဟူ ရဲ့  ဇနီး က BBC ကို ပြောပါတယ်။
ချန် ထွက်ပြေး လွတ်မြောက်ပြီး နောက်မှာ တရုတ် အာဏာပိုင် တွေ က သူ့  ရဲ့  ညီဖြစ်သူ ချန်
ဂွမ်ဖန်း နဲ့  တူဖြစ်သူ ကို ဖမ်းဆီးထားတယ် လို့  ဆိုပါတယ်။
တရုတ် နိုင်ငံ မှာ တစ်အိမ်ထောင် ကလေး တစ်ဦး မူဝါဒ အရ အိမ်ထောင်တစ်စု မှာ ကလေး တစ်
ယောက် မွေး ဖွား ခဲ့ ပြီး ရင် နောက်ထပ် ကိုယ်ဝန် ရှိလာတဲ့ အမျိုးသမီး တွေ ကို အတင်း အကျပ်
ကိုယ်ဝန် ဖျက်ချ မှု ပြုတာ ကို ဥပဒေ ရေး ရာ အရ ဆန့် ကျင်ကန့် ကွက် မှု တွေ လုပ်ရင်း ကျော်
ကြားလာခဲ့ ပါတယ်။
ထောင်က လွတ်မြောက် လာပြီး နောက် နေ အိမ် အကျယ် ချုပ် နဲ့  နေထိုင် ရစဉ် သူ ရဲ့  နေအိမ် ကို
စောင့် ကြပ် ရတဲ့ တရုတ် ရဲ တွေ ဟာ သူ့ မိခင် နဲ့  ဇနီး ကို ရိုက်တာ တို့  နှိပ် စက် ညှင်းပန်း မှု ပြု
တာ တို့  အခါ အား လျှော်စွာ လုပ် တယ်လို့  လဲ ချန်ဂွမ်းချန် က ပြောပါတယ်။
ချန်ဂွမ်းချန် လွတ်မြောက် ပြီး တဲ့ နောက် ထွက် ပေါ်လာ တဲ့ ယူတု ဗီဒီယို မှာ ချန်ဂွမ်းချန် က တရုတ်
ဝန်ကြီးချုပ် ၀မ်ကြားပေါင်း ကို ရည်ညွှန်း ပြီး အဆွေ တော် ၀မ် ကျား ပေါင် နောက် ဆုံး တော့ ကျွနုပ်
လွတ်မြောက် သွား ပါပြီ ၊ အိမ် မှာ ကျန် နေတဲ့ ကျွန်တော် ရဲ့ အမျိုးသမီး ၊ ကျွန်တော့် ရဲ့  အမေအို
ကြီး နဲ့  အဟာရ မပြည့် တဲ့ ကလေးတွေ ကို မနှိပ် စပက်ပါ နဲ့  လို့  အစချီ ပြီ နှစ်မိနစ် ကျော်ကြာ မြင့်
တဲ့ ဗီဒီယို မှာ တောင်း ဆိုထား ပါတယ်။
ချန်ဂွမ်းချန် လွတ်မြောက်မှု ဟာ ဒေသန္တရ အာဏာပိုင် တွေ ရဲ့  ပူးပေါင်း ပါဝင်မှု ပါတယ် လို့  တရုတ်
နိုင်ငံ ရေး အကဲ ခတ် တွေ က သုံးသပ် ကြ ပါတယ်။
ချန်ဂွမ်းချန် ကို လွှတ်ပေး ဖို့  တရုတ် အစိုးရ ကို အမေရိကန် က အကြိမ်ကြိမ် တောင်း ဆိုခဲ့ ပါတယ်။
အသက် ၄၀ အရွယ် မျက်မမြင် တက်ကြွ လှုပ်ရှားသူ ဟာ ၂၀၀၆ ခုနှစ် က Time ရဲ့  အကျော်ကြားဆုံး
အယောက် ၁၀၀ ဆု တို့  ၊ ရေမွန် မက်ဆေးဆေး စတဲ့ လူ့  အခွင့် အရေး ဆုတွေ ရရှိခဲ့ ပါတယ်။
China, Blind Activist, Escape,
Related articles
- Blind activist escapes after 18 months under house arrest in #China (lissnup.wordpress.com)
- Blind Activist Flees House Arrest In China (npr.org)
- Escaped Chinese blind activist’s YouTube plea (rawstory.com)
