မြန်မာ ပြည် အပေါ် အရေးယူပိတ် ဆို့ ထားမှု များ ဖယ်ရှားပေး ရန် ကုလ အတွင်း ၀န်ချုပ် ပြော

ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း ဟာ တနင်္ဂနွေ နေ့  က မြန်မာ
နိုင်ငံ ကို ရောက် ရှိ လာခဲ့ ပြီး အစိုးရ အဖွဲ့  တာဝန်ရှိသူများ အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ 
ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ မည်ဖြစ်သည်။

မစ္စတာ ဘန်ကီမွန်း သည် နေပြည်တော် ရှိ ပြည်ထောင် စု လွှတ်တော် တွင် မိန့် ခွန်းပြောကြားမည်
ဖြစ်ပြီး နိုင်ငံခြား သား တစ်ဦး အနေဖြင့် မြန်မာ လွှတ်တော် တွင် ပထမ ဦးဆုံး ပြောကြား ခြင်း ဖြစ်
သည်။ ဧပြီ လ  ၁ ၇က် နေ့   က ကြားဖြတ်ရွေးကောက် ပွဲ တွင် ပါလီမန် အမတ် နေရာ ၄၃ နေရာ
အနိုင် ရရှိ ခဲ့ သော် လည်း ကျမ်းသစ္စာ ကျိန်း ဆိုမှု တွင် စကားလုံး အသုံး အနှုံး များ အရ
အခက် အခဲ ဖြစ်နေသည့် ဒေါ်အောင်ဆန်း စုကြည် အပါ အ၀င် NLD အမတ် များ ပါလီမန် ကို
သပိတ် မှောက် ထား စဉ် အတွင်း ဘန်ကီမွန်း က မိန့်  ခွန်း ပြောကြား မည် ဖြစ်သည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ် ပြီး လူ အသေအပျောက် များ ခဲ့ စဉ် က မစ္စတာ ဘန်ကီမွန်း
သည် မြန်မာ နိုင်ငံ သို့  ပထမ ဦး ဆုံး အကြိမ် လာရောက် ခဲ့ ပြီး ၊ ၂၀၀၉ ခုနှစ် က ဒုတိယ အကြိမ်
လာရောက် လည်ပတ် စဉ် အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်
တွေ့ ဆုံ ခွင့် ငြင်းပယ် ခံရသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာ နိုင်ငံ ၏ တိုးတက် ပြောင်းလဲ ရန် ဖော်ဆောင် နေမှု များ အတွက်
အကူအညီ ပေး ရန် လာရောက် ခြင်း ဖြစ် ပြီး ပါလီ မန် တွင် မိန့်  ခွန်း ပြောကြား စဉ် အတွင်း အနောက်
နိုင်ငံ များ အနေဖြင့် မြန်မာ နိုင်ငံ တိုးတက် ပြောင်းလဲ ရေး တွင် အထောက် အကူ ဖြစ်စေရန် ပိတ် ဆို့ 
ရုပ်သိမ်း ထား မှု များ ကို ရုပ်သိမ်းရန် ယနေ့  ပါလီမန် ဉ်  ပြောကြား သည့် မိန့် ခွန်း တွင်ထည့် သွင်း
ပြောကြားခဲ့သည်။

တနင်္ဂနွေ  နေ့  မြန်မာ နိုင်ငံ နေ ပြည်တော် လေဆိပ် သို့  ရောက်ရှိ ချိန် တွင် ဘန်ကီမွန်း က သတင်း
ထောက်များ ကို ” ဒါ မြန်မာ ပြည် သစ် ပဲ ” ဟု ပြောကြား ခဲ့ သည်။