ကချင်လွတ်မြောက်ရေး အဖွဲ့  (KIO) ရဲ့  ဌာန ချုပ် ရှိ ရာ လိုင်ဇာ မြို့  ကို မြန်မာ အစိုးရ တပ်
တွေ က ပိတ် ဆို့ ထားပြီး လမ်းကြောင်း သုံးခု က နေ ၀င် ရောက် နိုင် ဖို့  စီစဉ် နေ တယ် လို့ 
မြစ်ကြီး နား မြို့  က ခရစ်ယာန် သင်း အုပ် ဆရာ တစ် ဦးက FNG ကို ပြောပါတယ်။
လိုင်ဇာ မြို့  ရဲ့  အနီးကပ် ဆုံး နေရာ တွေ က တောင်ကုန်း တွေ မှာ လက်နက် ကြီး တွေ နေရာ
ချထားဖို့  အတွက် အစိုးရ တပ် တွေ က ၀င် ရောက် ရှင်းလင်း ခဲ့ ကြ တာကြောင့် တိုက် ပွဲ တွေ
ဆက်လက် ဖြစ်ပွား နေတယ် လို့  ဒေသခံ တွေက ပြော ပါတယ်။
မြန်မာ အစိုးရ တပ် တွေ ဟာ လက်နက်ကြီး နဲ့  ရိက္ခာ တွေ ကို လေကြောင်း က နေ ရဟတ်ယာဉ်
နဲ့  သယ်ယူပို့ ဆောင် ပေး မှု တွေ ပြု လုပ် နေ ပြီး လိုင် ဇာ မြို့  နဲ့  အနီး ဆုံး နေရာ တစ်ခု မှာ လည်း
လေယာဉ် နဲ့  ရဟတ် ယာဉ် တွေ အရေး ပေါ် ဆင်းသက် နိုင်တဲ့ နေရာ တစ်ခု ကို ဖောက် လုပ် ထား
ပါတယ်။
အစိုးရ တပ် တွေ ဟာ လက်နက်ကြီး တွေ ကို KIO ဌာနချုပ် နဲ့  နီးနိုင်သမျှ နီးကပ် အောင် ရွှေ့ နေ
ပြီး ဒေါဖုံးယမ် ကနေ လိုင်ဇာ မြို့  ကို ၀င်လို့  ရတဲ့ လမ်း ကြောင်း တွေ မှာ တော့ တပ်အင်အား တွေ
ပိုပြီး ချထား ပါတယ်။
ကချင် ဒေသတွင် လုံခြုံ ရေး မတည် ငြိမ် မှု နှင့် တိုက်ပွဲ များ ကြောင့် ရန်ကုန် မြို့  ရှိ တရုတ် သံရုံး
နှင့် တရုတ် အစိုး ရ က အဲ ဒီ ဒေသ မှာ ရှိ တဲ့ တရုတ် လူမျိုး နဲ့ နိုင်ငံ သား တွေ ကို သတိပေးထား
ပါတယ်။
ကချင် ပြည်နယ် အရှေ့ ခြမ်း မှ တိုက် ပွဲ များ ကြောင့် တရုတ် ပြည် ထဲ ကို ထွက် ပြေး ခို လှုံ လာ တဲ့
ဒုက္ခ သည် တွေ ရှိ တယ် လို့  တရုတ် သတင်းစာ တွေ က ရေးသား ထား ပါတယ်။


KIA ဆိုတာ တကယ်တမ်းနိုင်ငံနဲ့လူမျိုးအတွက်အလုပ်လုပ်ရမယ့်အချိန်လည်းရောက်ရော………သူလုပ်နေတာနိုင်ငံနဲ့လူမျိုးအတွက်မဟုတ်ပါဘူး….လိုင်ဇာနဲ့သူတို့မိသားစုတွေရဲ့စီးပွားရေးလုပ်ငန်းတွေပါ။ ဒါတွေကိုကာကွယ်ဖို့မိမိလူမျိုးတွေကိုတောင် ….ပေါ်တာဆွဲနှိပ်စက်ညင်းပန်းပြီးစစ်တိုက်ကာကွယ်ခိုင်းနေပါပြီ……အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်နေပါပြီ…..ဒါဆိုသူတို့ဟာ နိုင်ငံနဲ့လူမျိုးရဲ့အချစ်တော်တွေမဟုတ်တော့ပါဘူး……လက်နက်ကိုင်စီးပွားရေးလုပ်တဲ့ ကိုလံဘီယာကလူဆိုးဂိုဏ်းသာသာအဆင့်ပဲရှိပါတော့တယ်
အစိုးရကိုလဲမပြောလိုပါဘူး။KIAတွေကိုလဲမပြောလိုပါဘူး….။
လက်အောက်ခံတွေကိုအုပ်ချုပ်နေတဲ့လူကြီးပိုင်းတွေနဲနဲလိုမယ်ထင်တယ်..။
စစ်သားလဲတာဝန်ချိန်မဟုတ်ရင်သာမန်လူပဲ…ပြည်သူတစ်ယောက်လိုပဲလေ…..
ကျဆုံးသွားတဲ့ပြည်သူတွေရဲ့အသက်တွေကိုနှမြောတယ်ဗျာ…။
အစိုးရက အားနေလို့ ရန်လိုနေလို့ တိုက်ချင်လို့တိုက်နေတာမဟုတ်ဘူး ။ KIA ကိုကခေါင်းမာနေတာ ကျန်တဲ့ တိုင်းရင်းသားညီကိုတွေအားလုံး ငြိမ်းချမ်းရေးကို လိုလား နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာ သူတို့တွေက ဇောင်းထနေကြတယ် ။ မိဘနဲ့သားသမီးတောင် သားသမီးဆုံးမရခက်ခဲရင် တခါတလေ လက်ပါတာပဲ … ရိုက်နှက်ဆုံးမရတဲ့ အခါတွေရှိတာပဲ ။ ဒီလိုပဲပေါ့ဗျာ အစိုးရကနိုင်ငံတော်တိုးတက်ဖို့ လုပ်နေချိန်မှာ သူတို့တွေက ဆူးငြှောင့်ခလုပ်လိုမျိုးဖြစ်နေတော့လဲ မတိုက်ချင်ပေမယ့် တိုက်နေရတာပေါ့ ။ ကျွန်တော် သိရသလောက်တော့ သူတို့က ကချင်နိုင်ငံတောင် ထူထောင်ချင်တယ်ဆိုပဲ ။ ဒီလိုပုံစံမျိုးကို ဘယ်မြန်မာနိုင်ငံသား ကချင်လူမျိုးကမှလိုချင်မှာမဟုတ်ပါဘူး .။ သူတို့ရဲ့ စစ်တပ်တွေကိုသာနိုင်ငံတော်နဲ့ပူးပေါင်းပြီး တိုင်းတပါးကျူးကျော်မဲ့ရန်က ကာကွယ်ဖို့ စေတနာရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ .။ ။
အစိုးရကို စစ်မတိုက်ဖို့၊ စစ်ဆင်ရေးမလုပ်ဖို့ပဲ ပြောနေကြတာ။ KIA ကိုရော စစ်မတိုက်ဖို့ ဘယ်သူမှ မပြောကြဘူးလား ………………