မတ်လ ၅ ရက်နေ့  က ကျင်းပခဲ့ သည့် ရုရှား ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့ သည့် ပူတင် ၏
သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန် ဆိုသည့် နေ့ တွင် ပြည်သူ ၂၀၀၀၀ ကျော် ဆန္ဒပြခဲ့ ကြ ပြီး
ထင်ရှား သော အတိုက်အခံ ခေါင်းဆောင် များ အပါဝင် ဆန္ဒပြ သူ ၄၀၀ ကျော် ကို ဖမ်းဆီး
ထား သည်။
တနင်္လာ နေ့  တွင် ကျင်းပမည့် ကျမ်းသစ္စာ ကျိန် ဆို ပွဲ ကို ကရင်မလင် ရှိ စိန့်  အင်ဒရူး ခန်းမ
တွင် ပူ တင် က ဆက် လက် ပြု လုပ် သွား မည် ဖြစ် ပြီး ယခင် KGB သူလျှို ၏ ကျမ်းသစ္စာ
ကျိန် ဆို ပွဲ သို့  နိုင်ငံ တကာ မှ ဖိတ်ကြားထား သူ ၂၀၀၀ ခန့်  တက်ရောက် မည် ဖြစ်သည်။
ပူတင် သည် မတ်လ က ကျင်း ပခဲ့ သည့် ရွေးကောက် ပွဲ တွင် မဲ လိမ် ၊ မဲ ခိုးမှု များ ပြုသည်
ဟု ပြည်သူ များ က စွပ် ဆွဲ ထား သည်။
ဒီနေ့ ဆန္ဒပြသူ တွေ ဟာ ပူတင် ထွက်သွား ၊ ပူတင် ကို အလို မရှိ ၊ မဲသူခိုး အာဝါဒါး စသည်ဖြင့်
ကြွေးကျော် ဆန္ဒပြ ခဲ့ ကြသည်။ ဆန္ဒပြ သူ များသည် ရွေးကောက်ပွဲ အသစ် ပြန်ကျင်းပပေး ဖို့ 
နှင့် ပူ တင် ထွက် ပေး ဖို့  တောင်း ဆိုခဲ့ကြသည်။
မြို့ တော် မော်စကို နှင့် ကရင်မလင် တစ်ဝိုက် တွင် ရဲတပ် ဖွဲ့  နှင့် စစ်တပ် အပါ အ၀င် လုံခြုံရေး
အင်အား တစ်သိန်း ကျော် ချထားသည်။
ဆန္ဒ ပြ သူ များ က ပူတင် အလို မရှိ ၊ တော်လှန်ရေး စကြ စို့  ဟု ကျွေးကြော်က ကရင်မလင် နန်း
တော် သို့  ချီတက် ခဲ့ ကြ သည်။ ယခု လူထု အုံကြွ မှု သည် ရုရှား နိုင်ငံ တွင် ဆယ်စု နှစ် တစ်ခု အ
တွင်း အကြီး မား ဆုံး ဖြစ်သည်။
ပူ တင် သည် ၂၀၀၀ ပြည့် နှစ် မေလ ၇ ရက်နေ့ မှ ၂၀၀၈ ခုနှစ် မေလ ၇ ရက် နေ့ အထိ သမ္မတ
အဖြစ် အာဏာယူ ခဲ့ ပြီး ၂၀၁၂ ရွေးကောက်ပွဲ တွင် ပြန် လည် အရွေးခံ နိုင်ရန် အတွက် ၀န်ကြီး
ချုပ် တာဝန် ကို လွှဲ ပြောင်း ရ ယူ ခဲ့ သည်။ ၂၀၁၂ ခုနှစ် မတ်လ ရွေးကောက် ပွဲ တွင် အနိုင်ရရှိ
ခဲ့သည့် ပူတင်သည် နောက်ထပ် ခြောက် နှစ် သက်တမ်း နှစ် ကြိမ် အတွက် ထပ်မံ အရွေး ခံ
နိုင် ရ ကာ ၂၀၂၄ ခု နှစ် အတွက် သမ္မတ တာ ၀န် ကို ထမ်းဆောင် နိုင်သည်။
Russia, Putin, Inauguration, Protests.
Related articles
- Putin to be sworn in as president of divided Russia (thehimalayantimes.com)
- Putin to Be Inaugurated in Kremlin Ceremony (abcnews.go.com)
