ဧပြီလ က ကျင်းပခဲ့ တဲ့ပြင်သစ် နိုင်ငံ ရွေးကောက် ပွဲ မှာ ပါဝင် ယှဉ်ပြိုင် သူ တွေ ဟာ သတ်မှတ်
ထားတဲ့ မဲရာခိုင်နှုန်း ၅၀ ကို မကျော် တဲ့ အတွက် ဒုတိယ အကျော့ မဲ ပေးမှု ကို ဒီနေ့  ပြင် သစ်
နိုင်ငံ တ၀ှမ်းမှာ စတင် ကျင်း ပ နေ ပြီ ဖြစ်ပါတယ်။
မဲရေတွက် မှု တွေ အဆုံးမသတ် သေးခင် မှာ ပဲ ပြင်သစ် သမ္မတ နီကိုလပ်(စ) ဆာကိုဇီ က သူ့ 
ရဲ့  ပါရီ မှာ ရှိ တဲ့ ရွေးကောက် ပွဲ မဲဆွယ်လှုပ်ရှား မှု ဌာန မှာ ဆိုရှယ်လစ် ပါတီ ခေါင်းဆောင်
ဖရန်ဆွာ ဟောလန်း ကို ဖိတ် ခေါ် ပြီး သူ ရှုံး နိမ့် တဲ့ အကြောင်း ကို ၀န်ခံ ခဲ့ ပါတယ်။
လက်ရှိ ပြင်သစ် သမ္မတ နီကိုလပ်(စ) ဆာကိုဇီ ဟာ CSA နဲ့  Harris Interactive စတဲ့ အဖွဲ့ 
တွေ ရဲ့  ကနဦး မဲခန့် မှန်း မှု တွေ မှာ ၄၈ မဲ နဲ့  ပြိုင်ဘက် ဆိုရှယ်လစ် ပါတီ ခေါင်းဆောင် ဖရန်ဆွာ
ဟောလန်း ကို ရှုံး နိမ့် နေ ပါတ ယ်။ ဆာကို ဇီ ဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမ ဆုံး အကြိမ်
ဒုတိယ အကျော့ ရွေးကောက် ပွဲ မှာ ရှုံး နိမ့် တဲ့ ပြင် သစ် သမ္မတ ဖြစ်လာ ပါ လိမ့် မယ်။
ဆိုရှယ်လစ် ပါတီ ခေါင်းဆောင် ဟော်လန်း ဟာ ချမ်းသာ တဲ့ သူ တွေ ဆီက အခွန် တိုးကောက် ပြီး
လူလတ်တန်းစား နဲ့  စီးပွားရေး လုပ်ငန်း ငယ် ကလေး တွေ ဆီက နေ အခွန် လျှော့ကောက်မယ်
ဆို တာ တွေ ကတိပေး ပြီး ရွေး ကောက် ပွဲ မှာ ပါဝင် ယှဉ်ပြိုင် ခဲ့ တာ ဖြစ်ပါတယ်။
ပြင်သစ် နိုင်ငံ မှာ စီးပွားရေး နဲ့  ၀င်ငွေ မညီမျှ မှု တွေ ရဲ့  အကျိုး ဆက် က တော့ ဆာကိုဇီ ကို ရှုံး
နိမ့် စေတာ ပဲ လို့  ပါရီ မြို့  က မဲ ပေး သူ တစ်ဦး က CBS သတင်းဌာန ကို ပြောပါတယ်။
ဖရန်ဆွာ ဟောလန်း ဟာ ၁၉၈၁ ခုနှစ် က နေ ၁၉၉၅ ခုနှစ် အထိ ပြင်သစ် သမ္မတ အဖြစ်တာဝန်ယူခဲ့
တဲ့ ဖရန် ဆွာ မီထရောင်း ပြီး နောက် ပထမ ဦး အကြိမ် ပြင်သစ် သမ္မတ အဖြစ် ရွေးချယ် ခံ ရတဲ့ ဆို
ရှယ် လစ် ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။


France, Far Right, Sarkozy, Election,
Related articles
- Sarkophagus: Hollande Wins French Presidency (zerohedge.com)
