သက္ကရာဇ် ၂၀၀၀ ပြည့် နှစ်က USS Cole စစ်သင်္ဘော ကို ဗုံးနဲ့  တိုက်ခိုက်ခဲ့ တဲ့ အယ်(လ)ကာ
ယီးဒါး ခေါင်းဆောင် ဖဒ် အယ်(လ) ကူဆို ကို ယီမင် နိုင်ငံ တွင်း က အယ်(လ) ကာယီးဒါး တွေ
ရဲ့  ခြေကုပ်စခန်း တွေ ကို တိုက်ခိုက် တဲ့ အမေရိကန် စစ်ဆင် ရေး မှာ မောင်းသူမဲ့ လေယာဉ်ပျံက
ဒုံးလက်နက် ထိ မှန် လို့  သေဆုံး ခဲ့ တယ် လို့  ယီမင် နိုင်ငံ မှာ ရှိ တဲ့ အမေရိကန် သံရုံး က အတည်
ပြု ပြောပါတယ်။
အသက် ၃၇ နှစ် အရွယ် ရှိ ပြီ ဖြစ်တဲ့ အယ်(လ)ကူဆို ဟာ ၂၀၀၀ ပြည့် နှစ် က ဧဒင် ဆိပ်ကမ်း မှာ
ရပ် နားထားတဲ့ အမေရိကန် စစ်သင်္ဘော ကို တိုက်ခိုက် ခဲ့ မှု ကြောင့် FBI ရဲ့  အလို ရှိ ဆုံး အကြမ်း
ဖက် သမား စာရင်း မှာ ပါပြီး ဆုငွေ အမေရိကန် ဒေါ်လာ ၅ သန်း ထုတ် ပြန်ထား ခြင်း ခံ ရပါတယ်။
ယီမင် နိုင်ငံ ဟာ အာရေးဗီးယား ကျွန်းဆွယ် နိုင်ငံ တွေ ထဲ မှာ အကြမ်းဖက် သမား တွေ ခိုအောင်း
ရာ နေရာ ဖြစ်ပြီး ယမန် နှစ် စက်တင်ဘာလ က အမေရိကန် နိုင်ငံ သား အယ်(လ)ကားယီးဒါး ခေါင်း
ဆောင် အယ်(လ)အော်လာကီ ကို လည်း လေကြောင်း တိုက် ခိုက်မှု တွင် သတ်ပစ် နိုင်ခဲ့ သည်။ဒ
သင်္ဘောသား ၁၇ ယောက် သေဆုံး ခဲ့ သည့် USS Cole သင်္ဘော အား တိုက် ခိုက်မှု ပြီး နောက် ဖဒ် အယ်
(လ) ကူဆို ကို ဖမ်းဆီး ထား ခဲ့ သော် လည်း ၂၀၀၅ ခုနှစ် တွင် အကျဉ်းထောင်မှ ထွက် ပြေး လွတ်မြောက်
ခဲ့ သည်။
၎င်း သည် ယီမင် နိုင်ငံ တောင် ပိုင်း တွင် မော် တော် ကား ဖြင့် ခရီးသွား နေစဉ် တိုက်ခိုက် ခံ ရခြင်း ဖြစ်
သည်။

