အမေရိကန် နိုင်ငံ တွင်း က လေယာဉ် ခရီးစဉ် တစ်ခု ကို အယ်(လ)ကာယီးဒါး
အကြမ်းဖက် အဖွဲ့  ရဲ့  ဗုံးခွဲ တိုက်ခိုက် မှု အစီအစဉ် ကို အမေရိကန် ဗဟို ထောက် လှမ်းရေး အဖွဲ့ 
CIA ရဲ့  သတင်း ပေး အကူအညီ နဲ့  ဟန့် တား နိုင်ခဲ့ တယ် လို့  အမေ ရိကန် အမိမြေ လုံခြုံရေး
ဝန်ကြီးဌာန က ဒီနေ့  သတင်း ထုတ် ပြန် ပါတယ်။
ယီမင် အခြေစိုက် အယ်(လ) ကားယီးဒါး အဖွဲ့  က နေ စနစ် တကျ စီစဉ် ပြီး ခရီးသည် တင် လေယာဉ်
မှာ အသေခံ ဗုံး ခဲ့ မယ့် ကိစ္စ ကို ဆော် ဒီအာရေးဗီးယား နဲ့  အမေရိကန် ထောက်လှမ်းရေး တွေ အတွက်
အလုပ် လုပ် ပေး နေ တဲ့ နှစ်ဖက် သတင်းပေး သူ လျှို ရဲ့  အကူ အညီ နဲ့  ဖော် ထုတ် လုပ် နိုင်တာ
ဖြစ်ပါတယ်။
အမေရိကန် ထောက်လှမ်း ရေး အဖွဲ့  တွေ က ဖော် ထုတ် နိုင်ခဲ့ တဲ့ ဗုံးဖောက်ခွဲ မှု အစီအစဉ် ဟာ
၂၀၀၉ ခုနှစ် ခရစ္စမတ် နေ့  က အမ်စတာဒမ် မြို့  ကနေ ဒက်ထရွိုက် ထိ ပျံ သန်း မယ့် လေကြောင်း
ခရီး စဉ် ကို ဖောက် ခွဲ မယ့် ပုံစံနဲ့  တစ်ပုံ စံ တည်း လို့  ဆို ပါတယ်။
လေယာဉ် ကို ဗုံးဖောက်ခွဲ မယ့် သူ ကိုယ် တိုင် စီအိုင်အေ သတင်း ပေး ဖြစ်နေ ပြီး သူ ဟာ ယီမင် နိုင်ငံ
က မထွက် လာခင် မှာ ဒီဗုံး ကို ယီမင် အာဏာ ပိုင် တွေ လက်ထဲ လွှဲ ပြောင်းပေး ခဲ့ တယ် လို့  ဆို ပါ
တယ်။
ယီမင် အစိုးရ က ဒီနေ့  သတင်း ထုတ် ပြန် ရာ မှာ အယ်(လ)ကာယီဒါး ယီမင် ဌာန ခွဲ က ထိပ်တန်း
ဗုံး လုပ် သူ Ibrahim Hassan al-Asiri က တီထွင်ပေး ခဲ့ တာ ဖြစ်ပါတယ်။
Related articles
- Officials: Al-Qaida bomber was CIA informant (suntimes.com)
- UK News: Al Qaida ‘bomber’ was CIA informant (walesonline.co.uk)
- Al Qaeda airline bomber was CIA informant (thestar.com)
- Would-be bomber was CIA informant (toledoblade.com)
