ဗိုလ်နှုတ်ခမ်းမွှေး မူးယစ်ဆေးဝါး နှင့် မပတ်သက်

DKBA (ကလို့ ထူးဘော) ဌာနချုပ် တွင် ယနေ့ ကျင်းပ သည့် သတင်းစာရှင်း
လင်း ပွဲဉ် ပြည်တွင်း နှင့် ပြည်ပ သတင်းထောက် ၅၀ ကျော်
တက်ရောက်ခဲ့ ပြီး အဆိုပါ သတင်း စာရှင်းလင်း ပွဲ ဉ် ဗိုလ်မှုးချုပ် စောလား
ပွယ် က သူသည် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ် ခြင်း ကို မလုပ်ခဲ့
သလို  သူ၏ DKBA တပ်ဖွဲ့ ဝင်များ ကို လည်း ထုတ်လုပ်ရောင်းချရန်
စေခိုင်း ခြင်း မရှိ ဟု တက်ရောက်လာသူ များ ကို ပြောကြား ခဲ့ သည်။

ထိုင်းအစိုးရ က DKBA ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ကို မူးယစ်ဆေးဝါး
ရောင်းဝယ် ၊ ဖြန့် ချိသည့် ဘိန်းရာဇာ အဖြစ် ဖမ်းဝရမ်း ထုတ်ထား ပြီး ဆု
ကြေး ငွေ ဘတ်တစ်သန်း ထုတ် ပြန် ထား သည်။

DKBA ဗိုလ်ချုပ် စောလားပွယ် တပ်မှ တာဝန်ရှိ သူများ က သတင်းထောက်
များ ကို DKBA နယ်မြေ များ တွင် ဘိန်းစိုက်ပျိုးထား ခြင်း မရှိ ဆိုသည် ကို
လည်း ပြသ ခဲ့ သည်။

ထိုင်းအစိုးရ ပြည်ထဲရေး ၀န်ကြီးဌာန က ဗိုလ်ချုပ် နှုတ်ခမ်းမွှေး ကို မူးယစ်ရာဇာ
အဖြစ်  ကြေငြာပြီး  မြန်မာ အစိုးရ ကို ဖမ်းဆီး လွှဲ ပြောင်း ပေး ရန် တောင်း ဆိုခဲ့
သည်။

ယနေ့  ပြု လုပ်သည့် သတင်း စာ ရှင်းလင်း ပွဲ ဉ် ထိုင်း က ပိုမို စွဲဆွဲမှု ပြင်းထန် လာ
ပါနောက် ထိုင်း – မြန်မာ နယ်စပ် ချစ် ကြည်ရေး တံတား ကို ပိတ် ပစ် မည် ဟု
DKBA တပ် ဖွဲ့  က ပြောခဲ့ သည်။