တရုတ် က လုပ်ကြံရန် ကြံစည်မှု ကို ဒလိုင်းလားမား ဖွင့်ချ

တရုတ် အစိုးရ ကနေ လေ့ကျင့် ပေးထား တဲ့ တိဘက် အမျိုးသမီး တွေ ဟာ ဆံပင် နဲ့  သူ တို့ 
ရဲ့  အ၀တ် အထည် တွေ မှာ လူကို ထိတာနဲ့  သေစေ နိုင်တဲ့ အဆိပ် တွေ ကို သုတ် လိမ်းပြီး
လုပ်ကြံ ဖို့  ကြံစည် ထား တာ ကို တိဘက် တွေ ရဲ့  သတင်း ပေး မှု အရ ဖော်ထုတ် နိုင် ခဲ့ တယ်
လို့  ဒလိုင်လား မား ရဲ့  ကိုယ်ရေး အတွင်းဝန် ချီမီး ချုပ်ကျက်ပါ  ဗြိတိသျှ သတင်းစာ
Sunday Telegraph
သတင်းစာ ကို ပြောပါတယ်။

တရုတ် က နေ လေ့ကျင့် ပေးထား တဲ့ တိဘက် အမျိုးသမီးတွေ ဟာ သူ့ လက်နဲ့  ကိုင်တွယ်ပြီး
ကောင်ချီးပေးတာ ခံ ယူမှု ပြု နေစဉ်မှာ သူတို့  ရဲ့  အ၀တ် အစား တွေ မှာ သုတ်လိမ်းထား တဲ့
အဆိပ် တွေ ဟာ  သူ့ ကို ကူးစက်ပြီး အကြီအကျယ် ထိခိုက် ဒဏ်ရာ ရရှိ အောင် ဒါမှ မဟုတ်
သေဆုံး သွား အောင် စီစဉ် ထား တယ်လို့  အိန္ဒိယ နိုင်ငံ ဒါရမ်ဆာလား မှာ အခြေစိုက်တဲ့ အဝေး
ရောက် တိဘက် အစိုး ရ က သတင်း ထုတ် ပြန် ပါတယ်။

အသက် ၇၆ နှစ် အရွယ် ရှိ ပြီ ဖြစ်တဲ့ နိုဘဲလ် ငြိမ်း ချမ်းရေး ဆုရှင် ဒလိုင်လား မား က သူ့  ကို လုပ်
ကြံစည် မှု နဲ့  ပတ် သက် ပြီး သတင်း ထောက် တွေ ကို ပြောရာ မှာ ” တကယ်ပါ ပဲ သူ တို့  က ကျွန်
တော် ရဲ့  ကိုင်တွယ် ကောင်းချီးပေး မှု ကို ခံ ယူစဉ် မှာ သူတို့  ဆီက အဆိပ် တွေ ကျွန်တော့် ဆီ ကူး
စက် သွား အောင် ကြံ စည် ထား တာ သူ တို့  က တိဘက် တွေ ပဲ ဒါပေမယ့် တရုတ်က နှစ် ပေါင်း
များ စွာ လေ့ ကျင့် ပေးထား တာ ၊ အထူး သဖြင့် အမျိုးသမီး တွေ လို့ ဒလိုင်းလား မား က ပြောပါ
တယ်။

တိဘက် မှာ ဖြစ်ပွား နေတဲ့ ဗုဒ္ဓဘာသာ ၀င် ဘုန်းတော်ကြီး တွေ မိမိ ကိုယ် ကို မီးရှို့ ဆန္ဒပြ မှု မှာ
ဒလိုင်းလားမား က မြှောက်ထိုးပင့်ကော် လုပ် ပေး တယ် လို့  တရုတ် က စွပ် ဆွဲထား ပါတယ်။

တရုတ် အစိုးရ ဟာ ဒလိုင်းလား မား ကို လုပ်ကြံ ဖို့  အခွင့် အခါ ကောင်း ကို အမြဲ ချောင်းနေတာ
ကြောင့် ဒလိုင်းလားမား ဟာ တင်း ကျပ် တဲ့ လုံခြုံရေး တွေ နဲ့  နေ ထိုင်ရပါတယ်။

Dalai Lama, Poisonous

2 thoughts on “တရုတ် က လုပ်ကြံရန် ကြံစည်မှု ကို ဒလိုင်းလားမား ဖွင့်ချ

  1. Use your commonsense. It is impossible, Because if the poison is effective as he mentioned, the woman will die first before she touch Dalai Lama.

  2. တရုတ်ပေါက်ဖေါ်ကအမြဲကောက်ကျစ်နေတာပဲ…

Comments are closed.