တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ် သည် မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် တနင်္လာနေ့ 
တွင် တွေ့ ဆုံခဲ့ ပြီး နှစ်နိုင်ငံ စီးပွား ရေး ၊ ကုန်သွယ်ရေး နှင့် ပညာရေး ကိစ္စများ ဆွေးနွေးခဲ့
သည်။
FNG တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ် ၏ မြန်မာ နိုင်ငံ ခရီးစဉ် ကို တနင်္လာနေ့  တွင် စတင်
ကြောင်း ရန်ကုန် မှာ လာသည့် သတင်း များ ကို ကိုးကား ပြီး Wall Street Journal တွင် ဖော်
ပြထား သည်။
တောင်ကိုရီးယား သမ္မတ လီ ၏ မြန်မာ နိုင်ငံ ခရီးစဉ် သည် ၁၉၈၃ ခုနှစ် သမ္မတ ချန်ဒူးဝှမ် ၏ မြန်မာ
နိုင်ငံ ခရီးစဉ် ပြီး နောက် ပထမ ဦး ဆုံး အကြိမ် ဖြစ်သည်။ ထို စဉ် က မြောက်ကိုရီးယား နိုင်ငံ က
ချန်ဒူးဝှမ် ကို မြန်မာ နိုင်ငံ ဉ် လုပ်ကြံ ရန် စီစဉ်ခဲ့ သော်လည်း အခြား တောင်ကိုးရီးယား အစိုးရ အရာ
ရှိ များ သေဆုံးခဲ့ ပြီး ချန်ဒူးဝှမ် မှာ လွတ် မြောက် သွား ခဲ့ သည်။
လီ ၏ မြန်မာ နိုင်ငံ ခရီးစဉ် မစတင် မှီ တရုတ် နိုင်ငံ ဘီဂျင်း မြို့  တွင် ကျင်း ပခဲ့ သည့် အရှေ့  အာရှ
နိုင်ငံ များ အစည်း အဝေး သို့  တက်ရောက်ခဲ့ သည်။သူ ၏ မြန်မာ နိုင်ငံ ခရီး စဉ် အတွင်း မြန်မာ အစိုးရ
သမ္မတ နှင့် အစိုး ရ အဖွဲ့  ၀င်များ အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်
လည်း တွေ့ ဆုံ ရန် စီစဉ်ထား ရှိသည်။
လီမြောင်ဘတ် ၏ မြန်မာ နိုင်ငံ ခရီးစဉ် တွင် ဒေ၀ူး ကုမ္ပဏီ ဥက္ကဌ လည်း လိုက်ပါ သွား သည် ဟု Korea
Times သတင်းစာ တွင် ဖော်ပြထား သည်။
တောင် ကိုရီးယား နိုင်ငံ သည် တရုတ် ၊ ထိုင်း နှင့် ဟောင်ကောင် တို့  ပြီးလျှင်
မြန်မာ နိုင်ငံ ဉ် စတ္ထုထ မြောက် ရင်းနှီးမြုပ်နှံ မှု အင်အား အများ ဆုံး ကုမ္ပဏီ ဖြစ်ပြီး ၂၀၁၁ ခုနှစ်
ဇွန်လ စာရင်းများ အရ တောင်ကိုရီးယား ကုမ္ပဏီ ၁၀၈ ခု က အမေရိကန် ဒေါ်လာ ၂.၉၃ ဘီလျှံ
ရင်းနှီး မြုပ် နှံ ထား သည်။ ထိုသို့  ရင်းနှီး မြုပ် နှံ ထား သည့် တောင်ကိုရီးယား ကုမ္ပဏီ များ အနက်
ဒေ၀ူး ကုမ္ပဏီသည် အများ ဆုံး ဖြစ် ပြီး စက်မှု ၊ ဆန်စပါး၊ ရေနံ ၊ သဘာဝဓာတ်ငွေ့  နှင့် သစ်လုပ်ငန်း
များ အတွက် ပါ ရင်းနှီး မြုပ် နှံ ထား သည်။
၂၀၁၃ ခုနှစ် မေလ တွင် စတင်မည့် မြန်မာ နိုင်င်ငံ ဉ် သဘာဝဓာတ်ငွေ့  တူးဖော်မည့် လုပ်ငန်း အတွက်
အမေရိကန် ဒေါ်လာ ၁.၇ ဘီလျှံ ဒေါ်လာ ရင်းနှီး မြုပ် နှံ ထား သည်။ ဒေ၀ူး ၏ ကုမ္ပဏီ ခွဲ တစ်ခု ဖြစ်သည့်
Posco သံမဏိ ကုမ္ပဏီ သည် မြန်မာ နိုင်ငံ ၏ သတ္တု တွင်း လုပ်ငန်း များ ဉ် ရင်းနှီး မြုပ် နှံ ထား သည်။
မြန်မာ နိုင်ငံ မှ အ၀တ် အထည် ၊ ပဲ ၊ ဆန်စပါး ၊ ကျောက်စိမ်း ၊ သစ် ၊ ရေထွက် ပစ္စည်း များ ကို တောင်ကို
ရီးယား သို့  တင်ပို့  ၍ တောင်ကိုရီးယား နိုင်ငံ မှ မော်တော် ကား ၊ အင်ဂျင် ၊ စက်မှု လုပ်ငန်း သုံး ပစ္စည်းများ
သံမဏိ ထုတ် ကုန် နှင့် ပလစ်စတစ် ပစ္စည်းများ ကို မှာ ယူတင် သွင်းသည်။
၂၀၁၁ ခုနှစ် ဉ် တောင်ကိုရီးယား နှင့် မြန်မာ ကုန် သွယ်မှု သည် အမေရိကန် ဒေါ်လာ ၉၆၆ သန်း ရှိ ခဲ့ သည်။
မြန်မာ နိုင်ငံသည် ၁၉၈၃ ခုနှစ် မြောက်ကိုရီးယား ၏ လုပ်ကြံမှု ပြီး နောက် သံတမန် အဆက်အသွယ် ဖြတ်
တောက် ခဲ့ ပြီး ၂၀၀၇ ခုနှစ် တွင် ပြန်လည် စတင် ပြီး နောက် ရန်ကုန် ဉ် မြောက်ကိုရီးယား သံရုံး ကို ပြန်
လည် ဖွင့်လှစ်ခဲ့ သည်။
အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့  က မြန်မာ နိုင်ငံ ၏ ပြု ပြင် ပြောင်း လဲ မှု များ သည် မြောက်ကို
ရီယား အတွက် စံပြ ဖြစ် စေ ပြီး အားကျ အတု ယူစေရန် ပါ ရည် ရွယ်ခဲ့ သည်။
တောင်ကိုရီးယား သမ္မတ ၏ မြန်မာ နိုင်ငံ ခရီးစဉ် ဉ် လုံခြုံရေး တင်း ကျပ် ထား သည်။
South Korea, Lee Myaung Bak, Daewoo, Myanmar
Photo : Reuters , Hmu Zaw




All Burma’s national peoples need more foods,clothes,housing,lands,apportunity,tractors,rice mills,global rice trading than cars!