ကန္တာရ နှင်း

    ငြိမ်းချမ်းငြိမ်း                                                         (၄)

  အေးလွန်းလှသည့် မြောက်ကမ္ဘာ ခြမ်း ၏ ဆောင်းရာသီက အရိုးကွဲ မတတ်ပင် ဖြစ်သည်။ အော်ကလေ
(Oakley) ကုမ္ပဏီ မှ ထုတ် သည့် Red Epic ကင်မရာ ဖြင့် ရုပ်ရှင် ရိုက် ကူး နေခြင်း
ကို မမြင် ဖူး ၍ သာ သူ လာကြည့် နေရ ခြင်း ဖြစ်သည်။ ကမ္ဘာ ကျော် ရုပ်ရှင် ဒါရိုက်တာ တစ်ဦး
၏ ရိုက် ကွင်း မဟုတ် ၍ သိပ် ပြီး တော့ ခမ်းခမ်း နား နား မရှိ လှ သော်လည်း ယူနစ် အသီးသီး
၏ လှုပ်ရှား ပြု မူ ပုံ တွင် တော့  ကျွမ်းကျင် မှု နှင့် တာဝန် ကျေပွန် အောင် ဆောင်ရွက် ပုံ ကို တွေ့ 
ရခြင်း မှာ အတော် ပင် အတု ယူ စရာ ကောင်း လှသည်။ ဒါရိုက်တာ သည် ရိုက်ကွင်း ၏ ဘုရင်
ဆို သည် ကို လည်း သူ အခု မှ တွေ့ ရခြင်း ပင် ဖြစ် သည်။

နှင်း တွေ အရမ်း ကျ သည့်နေ့  မို့  သရုပ် ဆောင် အပါ အ၀င် ရိုက် ကွင်း အဖွဲ့  သားများ က ရိုက်ကူး
ရေး ရှိ ရာ သို့  ကားလမ်း တွေ ပေါ် နှင်း မဖုံး ခင် အရောက် လာခဲ့ ကြ သည်။ သရုပ်ဆောင် မည့် မင်း
သား  ၊ မင်းသမီး က ကြို ရောက် နေ ပြီး နှင်း တော ထဲ တွင် သရုပ်ဆောင် ရ မည့် ဇာတ် ၀င်ခန်း
အတွက်  နှစ်ခါ လောက် ကြို လေ့ကျင့် ပြီး နေ ပြီ ဖြစ်သည်။

Red Epic ဖြင့် မည်သို့  ရိုက်ကူး သည် ကို ကြည့် ရ အောင် လာ သည့် သူ့ မှာ သရုပ်ဆောင် တွေ
၏ အားထုတ်မှု နှင့် ယူနစ် အသီးသီး ၏ တာဝန် ကျေပွန် မှု ကို ပါ တွေ့  ရ သည့် အတွက် အဖိုး မဖြတ်
နိုင်ခဲ့။

                                                                         (၅)

ဟောလိဝုဒ် အနောက်ပိုင်း ရှိ Sunset Trocadero (ဆန်းဆက် ထရော်ကေဒါ) စားသောက် ဆိုင်သည်
Sunset Boulevard လမ်းပေါ်တွင် ရှိသည်။ ၁၉၅၀ လောက်က Sunset Boulevard အမည်ရှိ ရုပ်ရှင်
ကား သည် အလွန် နာမည် ကြီးခဲ့ သည်။ Sunset Boulevard သည် လော့ဇ်ဂျင်းလိဇ် ၏ နှလုံးသဲပွတ်ြ
ဖစ်သလို  ၊ ဟောလိဝုဒ် ၏ လည်း အထင်ကရဖြစ်သည်။ Sunset Trocadero  သည် ဟောလိဝုဒ် ဉ်
သိပ်ပြီး ဈေးနှုန်း မမြင့် လှသည့် စားသောက် ဆိုင် တစ်ခုဖြစ်ပြီး စုံလင် လှ သည့် ၀ီစကီ နှင့် ၀ိုင် အရက်
များ ပါ ရရှိ သည့် စား သောက် ဆိုင် ကောင်း တစ်ခု လည်း ဖြစ်သည်။

သောကြာ စနေ ည မျိုး ဆိုလျှင် တွမ်ဟန့် (ခ) ၊ ဂျက်ဆီကာ ဘီးလ် တို့  လို  မင်းသား ၊ မင်းသမီး တွေ လည်း
ညစာ လာစား တတ်ကြ သည်။ များသော အား ဖြင့် တော့ စက်မှု ပိုင်း ဆိုင်ရာ ကျွမ်းကျင် သူ များ ဓာတ်ကျ
တတ် သည့် ဆိုင် ဖြစ်သည်။ ဒီ ဆိုင် က နေ ရှေ့ နဲနဲ ဆက်သွား လိုက် ရင် တော့ ဟောလိဝုဒ် ၏ နာမည် ကျော်
ဟိုတယ် နှင့် စားသောက် ဆိုင် ရှဲတို မာမွန့်  ( Chateau Marmont) ရှိသည်။

Sunset Trocader (ဆန်းဆက် ထရော်ကေဒါ) စားသောက် ဆိုင်

အဘွားကြီး အေဒရီယာနာ က မားလော့ ကလောစ် ပီဂါစီ နှစ်ဖန် ခွက် လောက် သောက်ပြီး ချိန် မှ ကိုဘမောင်
ဆိုင် ကို ရောက် သွား ခဲ့ သည်။ အေဒရီယာနာ က ရုပ်ရှင် ဇာတ်ကား များ အတွက် ရိုက်ကွင်း ရှာပေး သူ အဖြစ်
လုပ်နေသူ တစ်ယောက် ၊ အရင် ကတော့ ရုပ်ရှင် ဓာတ်ပုံ ပညာရှင် (Director of Photography) အဖြစ်
ဇာတ်ကား အချို့  မှာ တာဝန်ထမ်းဆောင်ခဲ့ ဖူးသည်။ အော်စကာ တွေ ရွှေကမ္ဘာ လုံးတွေ မချိတ်ဖူးပေမယ့်
ရုပ်ရှင် ဓာတ်ပုံ ပညာ နှင့် အေဒရီယာနာ လည်း ဆု အတော်များများ ရရှိ ခဲ့ ဖူးသည်။

“ငယ်ငယ် က ဆို ရုပ်ရှင် ဓာတ်ပုံ အတွက် ဆို ၀ိုင်ယိုမင်း (Wyoming) ကို သဘော အကျဆုံး ၊ ဘယ်နေရာ
ကြည့်ကြည့် လှနေတာ ၊ နေ၀င် … နေထွက် .. နေ မင်း ကြီး ခေါင်း ပေါ် ကနေ မိကျောင်း ပါးစပ်ထဲ  ရောက် သွား
တဲ့ အထိ ပေါ့ …နောက် တစ်ခု က တော့ နယူးယောက် ညနေ လေ… ” ဟု အေဒရီယာနာ က ကိုဘမောင် ကို
ပြောဖူး သည်။ အခုတော့ ရိုက်ကွင်း ရှာပေးသူ ( Location Manager)
လုပ် နေသူ အေဒရီယာနာ က ဒါရိုက်တာ ၊ ပရိုဂျူဆာ တို့  ၏ လက်စွဲ တော် ကြီး ဖြစ်နေသည်။
“ အေဒရီယာ နာ ရေ … ဒရူး ဘယ်ရီမိုး (Drew Barrymore)  နဲ့  ဆမ် (Sam Rockwell) တို့  သရုပ်ဆောင်
မယ် … ဇာတ်လမ်း က ဒီလို မျိုး ……..အဲ ဒီ ကား အတွက် ….. သူဌေး ရပ် ကွက် လို မျိုးမှာ ရှိတဲ့ အိမ်ကောင်း
ကောင်းတစ် လုံး ရယ် ၊ ကမ်းနံဘေးမှာ မြက် ခင်းပြင် ရှိတဲ့ မြစ်မျိုး ရယ်” လို့  ပရိုဂျူ ဆာက ပဲ ဖြစ်ဖြစ် ၊ ဒါရိုက်
တာ တစ်ယောက် ယောက် ကပဲ ဖြစ် ဖြစ် အေဒရီယာနာ ကို အလုပ် အပ် အကူ အညီ တောင်းခံ မျိုး သည့် အခါတွင်
အေဒရီယာ နာ က သူ မှတ် ဥာဏ်ထဲ က ရိုက်ကွင်း များ အစီအရီ ပေါ် လာသည်။ “ ရှိ ပါ့ တော် …ရှိပါ့ …. ယူထ
(Utah ) က Green river ဘေး မှာ ဆိုရင် နွေရာသီ ညနေ ပိုင်း တွေ အကောင်း ဆုံး ၊ အိုဟိုင်း
ယိုး မြစ်ဘေး မှာ ဆိုရင် ဆယ်နှစ် ရာသီ ကောင်း ပါ့ ၊  မြစ်ညာ ဘက်ရောက်လေ  ဘယ်သူ မှ မရိုက်ရသေးတဲ့
Scene တွေ ရှိလေ ပဲ … ၊ အိမ် က သူ ဌေး ရပ် ကွက် တော့ ဟုတ် ပါပြီ … Smart Home လား  ၊ Modern
Architecture  လား တို့  ကို ဒိုးဒိုး ဒေါက် ဒေါက် မေးပြီး အသင့် တော် ဆုံး နေရာ ကို သူ ညွှန်ပြတတ်သည်။

တကယ်တော့ Location Manger အလုပ် သည် လွယ်ကူသည့် အလုပ်တော့ မဟုတ် ။ တက္ကသိုလ် တွေ က
ရုပ်ရှင် ပညာရပ် ဖြင့် ဘွဲ့  ရ လာသည့် ကျောင်းသား များ လည်း ၀င်ရောက် လုပ်ကိုင် ကြသည်။ လိုအပ်သည့်
ရိုက် ကွင်း ကို ရှာ ဖွေ ကြရာ တွင် လည်း ပရိုဂျူဆာ ၊ ဒါရိုက်တာ ၊ ကုမ္ပဏီတွေ ဆီ ဗီဒီယို ဖိုင် တွေ ၊ ဓာတ်ပုံ
တွေ နှင့် တင်ရသည်။ နေ့ ဘက် အပူချိန် ဘယ် လောက် ၊ အရိပ် က ဘယ်လို ကျသည်။ တစ်နေ့  ကား ဘယ်နှစ်
စီး ဖြတ် သည်။ ပတ်ဝန်းကျင် ဒေသခံ တွေ ရဲ့  နေထိုင်မှု ၊ ဖက်ရှင် က ဘယ်လို စသည် ဖြင့် စုံ
နေ အောင် တင် ကြ ရသည်။ တစ်ခါ က ကိုဘမောင် Location Scout အဖွဲ့  နှင့် လိုက်ဖူးသည်။ သတ်မှတ်
နေရာ ကို ကုမ္ပဏီ ထံ ပရောဂျက် တင်ဖို့  အတွက် လုပ် နေကြ ပုံ က ရုပ်ရှင် ရိုက် နေသည် လား ထင်ရသည်။

ကိုဘမောင် ဆန်းဆက် ထရော်ကေဒါ ကို ရောက်တော့ အေဒရီယာနာ က ကိုဘမောင် ကြိုက်သည့် ကေဘာနေ
ဆော်ဗီညွန် (Cabernet Sauvignon)  အမျိုး အစား ၀ိုင် အရက် နီ ကို မှာ ပေး သည်။ ကို
ဘမောင် က တော့ သူ ကြိုက်သည့် Mediterranean Chicken Sandwich  ကို သီးသန့် မှာ လိုက်သည်။

ဆိုင် ၏ အဆင် အပြင် က အတွေးသမား တို့  နှစ် သက်သည့် ဆိုင် မျိုး မဟုတ် လှ သော် လည်း ထိုင်ရ
တာ သက်သောင့် သက်သာ ရှိလှသည်။ တစ်ကိုယ်တည်း ထိုင်ရတာထက် အဖော် အပေါင်း လေး များ
နဲ့  ဆိုရင် အလွန် အ၀ဇ္ဇန်း ရွှင် လို့  ကောင်းမည့် ဆိုင် မျိုး  Chicken Sandwich   ကို နဲနဲ စား ပြီး ကေဘာနေ
ဆော်ဗီညွန် ကို  နှစ် ကျိုက် လောက် မော့ လောက် သည့် အခါ တွင် …. ကိုဘမောင် ၏ အတွေး တွေ ရီဝေ
ဝေ ဖြစ်လာ သည်။ သိပ် မဝေး လှသည့် အတိတ် ဆီ သို့ လည်း သူ့  စိတ် က ရောက် သွား သည်။

“ အော်… သူ နဲ့  သာ ငါ ဒီလို ဆိုင်မျိုး ထိုင် လိုက် ရရင် ဘယ်လောက် ကောင်းလေမလဲ….” 

“ ဘယ်လို လဲ မောင် …… ကေဘာနေ ဆော်ဗီညွန် က ဘယ်လို နေလဲ .. မားလော့ ထက်တော့ နဲနဲ  ပိုရှ
တယ် ထင် တယ်”  ဟု အေဒရီယာနာ မေးတော့ မှ ကိုဘမောင် သတိ ၀င်လာ သည်။

အလုပ်သဘောဖြင့် ရင်း နှီးရင်း အေဒီရီယာ နာ က သူ ၏ Last Name ဖြစ်သည့် “ Maung” ကို သာ ကို
အဖျား ဆွတ် ခေါ် လေ့ ရှိသည်။

အော် ..အင်း.. ကောင်းပါ့ ဗျာ… သိပ်မ ရှ ပါဘူး ဟု ပြန်ဖြေရင်း … အရှိန် ရနေသည့် စိတ်ကူး   အတွေး တွေ 
ကို မနဲ ဖြတ်ကာ နောက် ဆက် မည့် စကား တွေ ကို ကိုဘမောင်  စဉ်းစား နေမိသည်။

အေဒရီယာနာ က ပင် ဆက်ပြီး  ကိုဘမောင် ကို ဟောလိဝုဒ် ရုပ်ရှင် ထုတ် လုပ်ရေး လုပ်ငန်း အကြောင်းများ
 ကို ရှင်း ပြသည်။ စကော့ ဆက်ဆေး တို့  ၊ စပီလ်းဘတ် တို့  လို မျိုး တွေ က
ရုပ်ရှင် တစ်ကား ရိုက်မယ် လို့  သာ ပြော လိုက် ပရိုဂျူဆာတွေ က ပုံ နေတာ ပဲ ၊ ဘီဗာလီ ဟေလ်း (ရုပ်ရှင်နယ်)
ကို လာ ချင် တဲ့ သူဌေး တွေ က လဲ ပရိုဂျူဆာ လုပ် ချင် ကြတယ်။ သူတို့ မှာ ဘယ်လို
အကောင်းစား အိမ် ကြီး တွေ ရှိတယ်။ စိတ်တိုင်း ကျ သုံး လို့  ရပါတယ်။ အကောင်းစား မော်တော်ကား
တွေ လဲ သုံးလို့  ရတယ် ဆို တဲ့ သူ တွေ  များ မှ များ ပဲ ။ ဒါရိုက်တာ လက်သစ် လေးတွေ မှာ တော့ ဒါ
မျိုး မဟုတ်ပေါင် ဟု ဆိုသည်။

ရုပ်ရှင် ထုတ်လုပ်မှု ပညာ သင်ကြား နေသည့် တက္ကသိုလ် ကျောင်းသား ဘ၀ တုန်းကတော့ ဆရာက ကို
ဘမောင် ကို အေဒရီယာ နာ ပြောသလို မျိုး နှင့် ခပ် ဆင်ဆင် တူသည့် စကား မျိုး ပြောဖူး သည်။

“ဖွံ့ ဖြိုးဆဲ နိုင်ငံတွေ က နာမည် ကျော် ဒါရိုက်တာ ကြီး တွေ ကို သူ တို့  နိုင်ငံ ကို လာပြီး ရုပ်ရှင် ရိုက်
လှည့် ပါလို့  ကမ်းလှမ်း ကြတယ်။  သူတို့  ကား တွေ မှာ ဒီနိုင်ငံတွေ အကြောင်း ပါသွား တဲ့ အခါ ကမ္ဘာ
က ပိုသိသွား ပြီး ခရီးသွား လို မျိုး စတဲ့ လုပ်ငန်း တွေ တိုးတက် လာတာပေါ့” ဟု ပြောဖူးသည်။

ဒီနေ့ ည အေဒရီယာနာ မိတ်ဆက်ပေး မည့် သူက ကိုဘမောင် ၏ ပွဲဦးထွက် ရုပ်ရှင် ဇာတ် ကား တွင်
သရုပ်ဆောင် မည့် ဆယ်ကျော်သက် ကောင်မလေး တစ်ယောက် ဖြစ်သည်။ ဟိုက်စကူး ပြီးခါစ တက္က
သိုလ် ကျောင်းသူ သစ် တစ်ယောက် ဖြစ်သည်။ ဇာတ်လမ်း တို များ နှင့် ရုပ်သံ အချို့  တွင် ငယ်စဉ် က
ကလေး သရုပ်ဆောင် တစ်ဦး အဖြစ် သရုပ်ဆောင်ခဲ့ သည်။  အေဒရီယာနာ ပြဖူး သည့် သူ သရုပ်ဆောင်
ခဲ့ သည့် ဗီဒီယို အချို့  တွင် သူ၏ ကိုယ်လုံး ကိုယ် ပေါက် က ဆယ် ကျော် သက် နှင့် ပင် မတူ လှ ။ “အေး
လေ မင်းသမီး ဖြစ်ချင် သူ မို့  ခန္တာ ကိုယ် အလှတွေ လေ့ ကျင့် ထား ပုံ ရပေလိမ့် မည်”

ဒယ်(လ)နီယလ် ကော်တေးလ် ဆိုသည့် ဆယ်ကျော်သက် မလေး က ဟောလိဝုဒ် ဒရာမာ သင်တန်း များ
ကို တက်ရောက် ပြီး သူ ဆိုသောကြောင့် လည်း ဇာတ်လမ်း နှင့် ပတ်သက် သည့် သရုပ်ဆောင်မှု မျိုး ကို
သင်ကြား ရာ တွင် အခက် အခဲ ရှိ မည့် ပုံ မပေါ် ချေ။

Sunset Boulevard လမ်း

(၆)

ကျောင်းတုန်းက ကိုဘမောင် ဒရာမ ဘာသာရပ် ကို တက်ရောက်ခဲ့ ပုံ ကို လည်း စိတ် ထဲ မယ် ပြန်သတိရ
လာခဲ့ သည်။

လွမ်းတတ်ဆွေး တတ်သည့် အခံ ရှိသည့် ကိုဘမောင် တစ်ယောက် ဒီဘာသာရပ် ကို ယူလျှင် အလွမ်း
အဆွေး ဓာတ် တွေ ပိုများ လာ မည် ဟု ထင်မိခဲ့ သည်။

သို့ သော် ထင်သလို မဟုတ်ခဲ့ …..

ဆရာက Cut ဟု အော်ပြီးချိန် တွင် မည်သည့် သရုပ်ဆောင် Mood မှ မကျန် ဆက် ပြီး မကျန် တော့ အောင်
နှင့် Action ဟု အော်ချိန် တွင် လည်း အရာ အား လုံး ကို မေ့ထား ပြီး သရုပ်ဆောင် နိုင်အောင် အထပ်ထပ်
လေ့ကျင့် ခဲ့ ရသည်။ ဒရာမာ သင်ကြား မှု ဆီမီစတာ နှစ်ခု ပြီး သွား ချိန် တွင် တော့ ဖုတ်ဖက်ခါ ပြီး ထသွား
တတ်သည့် အကျင့် ကို တော် တော် လေး ရခဲ့ သည်။ အရင် ကလို အလွမ်း အဆွေး အမျိုး လဲ မရှိတော့ ၊ လူ
တွေ နှင့် စကား ပြောနေရာမှာ ပင် ငါသရုပ်ဆောင် နောတာ လား ၊ တကယ်လား ဆို ပြီး ပြန် ပြီး မေးခွန်းထုတ်
ရသည့် အကြိမ် ပေါင်း က မနည်း တော့ ….

 

ကန္တာရ နှင်း သည် ဖေဖော်ဝါရီလ က ရေးသား ခဲ့သည့်  “အချစ်များ စွာဖြင့်” ၏ အဆက် ဖြစ်ပြီး ကျန်ရှိ နေသည့်
အခန်းများ ကို “ကန္တာရနှင်း” နာ မည် ဖြင့် သာ ဆက်ရေး သွားမည် ဖြစ်ပါသည်။

ကျန်ရှိ နေသည့် အပိုင်းများ ကို ဆက် လက် စောင့် မျှော်ဖတ်ရှု ခြင်း အတွက် ကျေးဇူး တင်ရှိ ပါသည်။

****** Smart ( ရီမို့ ကွန်ထရိုးသို့  မဟုတ် မိုဘိုင်းဖုန်း ဖြင့်  ဖြင့် ကားဂိုဒေါင် ၊ အနွေး ပေးစက် ဖွင့် ခြင်း ၊ အိမ်ပိုင်ရှင် ၏
မော်တော် ကား က ခြံ တွင်း ၀င်လာ လာသည် ကို Scan မိသွားလျှင် ၊ အလိုအလျှောက် ကော်ဖီ ဖျော်ထား ခြင်း ၊
အနွေး ပေး ခြင်း နှင့် အအေးဓာတ် စနစ်များဖွင့် ထား ခြင်း အစရှိသည်  တို့  ဖြစ်သည်)

Photo : Magna , Desert Snow

Please Note : While this story is inspired by actual events. Certain characters, characterization,
incidents,locations and dialogue were fictionalized or invented for purpose of dramatization. With
respect to such fictionalization or invention. Any similarity to the name or to the actual
characters or history of any person. Living or dead. Or any product or entity or actual
incident is entirely for dramatic purpose and not intended to reflect on any actual character,
history. Product or entity.
Copyright ©   2012 Desert Snow productions  and Nyein Chen Nyein