ရဲတပ် ဖွဲ့  က သတင်းထောက် များ နှင့် အများ ပြည်သူ ရှေ့ တွင် ၀ိုင်းဝန်း ထိုးကြိတ် ရိုက်နှက် ပြီး
နောက် ကော့ကရိတ် ရဲစခန်း တွင် ဖမ်းဆီးထား စဉ် ထပ်မံ ရိုက်နှက် စဉ် အတွင်း အကြီး အကျယ်
ဒဏ်ရာရရှိ ခဲ့ သည့် မော်တော်ကား မောင်းနှင် သူ ကို မြင့်ခင် အား ကော့ကရိတ် ဆေးရုံကြီးသို့ 
ပို့ ဆောင် ထား ရ ကြောင်း FNG မှ သတင်း ရရှိ သည်။
တံတားဖြတ်ခ နှင့် ဂိတ်ကြေး ဟု ခေါ်သည့် ဆက်ကြေး ကို သတ်မှတ်ထား သည့် နှုန်းထားထက်
ပိုမို ကောက်ခံ သည့် ဂျိုင်းမြစ် ကူးတံတား စောင့် ကရင် ပြည်နယ် ရဲတပ် ဖွဲ့  ၀င်များ ကို ” မင်း
တို့  ပါးစပ် ထဲ က ဈေးနှုန်း အတိုင်း လိုက်မပေး နိုင်ဘူး ကွာ ” ဟု ပြောမိသည့် မော်တော်ကား
မောင်းသူ တစ်ဦး ကို ရဲတပ် ဖွဲ့  ၀င်များ က ၀ိုင်းဝန်း ထိုးကြိတ် ရိုက်နှက် ရာ တွင် လက်ထိတ်
ခတ် ပြီး နောက် လည်း ဆက်လက် ရိုက်နှက် ကြသေးသည် ဟု ထိုဖြစ်စဉ် ကို မြင်တွေ့ လိုက်
ရသည့် သတင်း ထောက် တစ်ဦး က FNG သို့  ပြောသည်။
ထိုးကြိတ်ခံရသည့် ယာဉ်မောင်း ကို လက်ထိတ် ခတ် ပြီး နောက် ထပ်မံ ဆက် လက် ထိုးကြိတ်
မှု ပြု ကာ ခေါ်ဆောင် သွား ကြောင့် DKBA အဖွဲ့  ၏ သတင်းစာ ရှင်းလင်း ပွဲ မှ ပြန်လာသည့်
သတင်း ထောက် တစ်ဦး ၏ ဖေ့ဘွတ် စာမျက် နှာ တွင် ရေးသား ထား သည်။
ဘားအံ-မြ၀တီ ခရီးလမ်း တစ်လျှောက် တွင် နစက ၊ BGF ၊ ရဲ တပ်ဖွဲ့  တို့  ၏ မတရား ငွေကြေး
ကောက်ခံ မှု များ နှင့် အင်အား သုံး ဖြေရှင်း မှု များ သည် နေ့  စဉ် နှင့် အမျှ ပင် ရှိ ကြောင့် ယခု
အဖြစ် အပျက် သည် ထူးထူး ခြား မဟုတ် ပဲ ၊ အမျိုးသမီး အချို့  ကို အာဏာပိုင် များ က သား
ပြော မယား ပြောသည် ပင် ရှိ ကြောင်း မဲဆောက် – ရန် ကုန် ကုန် ကူး နေသည့် ကိုအောင်သန်း
က FNG သို့  ပြော သည်။
သူက ” ဂိတ်တွေ မှာ တစ်သောင်း တောင်း ရင် တစ်သောင်း အပြည့်ပေး ရတယ် ၊ ဂိတ်အကုန်
ရပ်ပေး ရတယ် ၊ ပိုက် ဆံ မပြည့် ရင် ပစ္စည်း ယူတာ တို့  ကား ကို တစ်နေကုန် ရပ် ခိုင်း ထား
တာ တို့  ရှိ တယ် ” ဟု ပြောသည်။


it’s corruption on breaucracy and so,if 1/4 Myanmar Junta Regime would like to construct democratic country,must move absolutely it.