နယ်သာလန် နိုင်ငံ သည် ဟိဂ် မြို့တွင် အခြေစိုက် သည့် နိုင်ငံ တကာ ရာဇ၀တ် ခုံရုံး တွင် စစ်
ဆေး နေစဉ် အတွင် ဘော့စနီးယား ဆာဘ် ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ ရက်ကို မလာဒစ် သည်
သူ၏ လက်ဖြင့် လက်ပင်း ကို ဖြတ်တောက်သည့် ပုံသဏ္ဍန် ပြု လုပ်ကာ နောက်ထပ် လည်း
အခွင့် ရလျှင် ဆက် သတ် မည့် အပြု အမူ မျိုး တရား ရုံး တွင် ပြူ လုပ်ခဲ့ သည် ဟု တရား ခွင်
တွင် သတင်း စုံစမ်း ခွင့် ရရှိသည့် ရိုက်တာ သတင်း ထောက် ၏ သတင်း ပေး ပို့  မှု တွင် ဖော်
ပြထား သည်။
၁၉၉၂ မှ ၁၉၉၅ ခုနှစ် အတွင်း ဖြစ်ပွား ခဲ့သည့် ဘော့စနီးယား ပဋိပက္ခ များ အတွင်း ဌာနေ
မွတ်စလင် များ ကို ၈၀၀၀ ကျော် ကို ရက်စက် စွာ သတ်ဖြတ် ခဲ့သည့် ဘော့စနီးယား ဆာဘ်
ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ ရက်ကို မလာဒစ် ကို ယခင် နှစ် မေလ ၂၆ ရက်နေ့  က သူ ပုန်းအောင်း
ရာ ဆာဗီးယား မြောက် ပိုင်း ရှိ ဗော့ဗိုဒစ် ခရိုင် လာဇာရေဗို မြို့ ငယ်လေး တွင် ဖမ်းဆီး ရမိခြင်း
ဖြစ်သည်။
ဂျုရီလူကြီး များ စုံညီ တရား ခွင်ဉ် မလာဒစ် သည် လက်ခုပ် လက်ဝါး တီးခြင်း ၊ လက်မထောင်
ခြင်း တို့  ပြု လုပ် ခဲ့ ခြင်း ဖြစ်ပြီး တရားသူ ကြီးများ က သူအား စွဲဆိုထား သည့် အမှု ပေါင်း ၁၁
ခု အနက် မှ အစုလိုက် အပြုံ လိုက် မျိုးပြုတ် သတ်ဖြတ် ခဲ့ မှု များ ကို စစ်ဆေး နေချိန် ဉ် ဖြစ်သည်။
ဘော့စနီးယား ၏ သားသတ်သမား ဟု နာမည် ကြီးသည့် မလာဒစ် ကို ယခင် နှစ် ဇွန်လ ၁ ရက်နေ့ 
က နိုင်ငံ တကာ တရား ရုံး သို့  လွှဲပြောင်း ပေး ခဲ့ သည်။
မလာဒစ် သည် ဘော့စနီးယား ပြည်တွင်း စစ်အတွင်း ၁၉၉၅ ခုနှစ် ဉ် ဆာရာယေဗို မြို့ ကို ၄၃ လ
ကြာ ပိတ်ဆို့ ထားစဉ် အတွင်း ခြောက်လသား ကလေး မှာ စဤ အသက် ၈၉ နှစ် အရွယ် ထိ လူ
ပေါင်း ၈၀၀၀ ကျော်ကို ရက်စက် စွာသတ် ဖြတ်ရန် အမိန့် ပေး ခဲ့သူ ဖြစ်ပြီး သူ၏ တပ်ဖွဲ့ များ က
သတ် ဖြတ်မှု ကြောင့် သေဆုံးသူများ တွင်အမျိုးသမီး နှင့် ကိုယ်ဝန်ဆောင် များ လည်း ပါဝင်သည်။
Ratko Mladic, Bosnia, The Hague.
Source : Reuters
Related articles
- Ratko Mladic’s Bosnian genocide trial begins (csmonitor.com)
- Serb leader Ratko Mladic on trial in Hague for genocide (scotsman.com)

why did he killed many people. I really don`t understand.Power is very dangerous.