ဒဲရက်(ခ) မစ်ချလ် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ်ကြီး အဖြစ် ခန့်  အပ် ဖို့ လွှတ်တော် က အတည်ပြု
အမေရိကန် အစိုးရ က မြန်မာ နိုင်ငံ ဆိုင်ရာ သံ အမတ် အဖြစ်  ခန့် အပ် ဖို့  အဆိုပြုထား တဲ့
ဒဲရက်(ခ) မစ်ချလ် ကို  လွှတ်တော် က ဒီနေ့  မှာ အတည် ပြု ပေး လိုက် ပြီ ဖြစ်သည်။ ၂၂ နှစ်
အတွင်း ပထမ ဦးဆုံး အကြိမ် မြန်မာ နိုင်ငံ ဆိုင်ရာ သံ အမတ် ကြီး ကို လွှတ်တော်က အတည်
ပြု ပေး ခြင်း ဖြစ်သည်။
ဒဲရက်(ခ) မစ်ချလ် ကို မြန်မာ နိုင်ငံ ဆိုင်ရာ သံအမတ် ကြီး အဖြစ် တာဝန် ထမ်းဆောင် ရန်
အတည် ပြု ထောက်ခံ မဲ ပေးခြင်း ကို လွှတ်တော် အမတ် မစ်ခ်ျ  မက် ကော နယ် က အတည် ပြု ပြော
ဆိုသည်။
FNG၊     ၊အမေရိကန် အစိုးရက မြန်မာ နိုင်ငံ အတွက် ခန့် အပ် ထားတဲ့ အထူး ကိုယ်စားလှယ်
ဒဲရက်(ခ) မစ်ချလ် ကို မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ် ကြီး အဖြစ် ခန့် အပ် လိုက်သည် ဟု
ယနေ့  အိမ်ဖြူတော် မှ သတင်း ထုတ် ပြန်သည်။
ဒဲရက်(ခ) မစ်ချလ် ကို အမေရိကန် အစိုးရ က ၂၀၁၁ ခုနှစ်မှာ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံ
ကိုယ်စားလှယ်  နှင့် ညှို နိုင်း ရေး မှု တစ်ဦး အဖြစ် အမေရိကန် အစိုးရ ခန့် အပ်ခဲ့ ခြင်း ဖြစ်သည်။
အမေရိကန် အစိုးရ က ၂၂ နှစ် အတွင်း မြန်မာ နိုင်ငံ နှင့် သံအမတ် ကြီး အဆင့် ထား ရှိ မှု ကို
ပြု လုပ် ခဲ့ ခြင်း ဖြစ် ပြီး ယခင် က သံ ရုံး ယာယီ တာဝန်ခံ အဆင့် သာ ထား ရှိ ခဲ့ သည်။
သမ္မတ အိုးဘားမား က လက်မှတ် ရေး ထိုး ထုတ်ပြန်သည့် သံအမတ်ကြီး ခန့်  အပ်လွှာ တွင်
မြန်မာ နိုင်ငံ ဉ် အကျဉ်းထောင်း တွင်း နိုင်ငံ ရေး အကျဉ်းသား များ ကျန် ရှိ နေခြင်း ၊ တိုင်းရင်း
သား ဒေသများ တွင် လူ့  အခွင့် အရေး ချိုး ဖောက် မှု များ နှင့် နိုင်ငံ တွင်း လက်နိုင်ကိုင် ပဋိပက္ခ
ဒဲရက်(ခ) မစ်ချလ် ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ တွင် ဂျော်ဂျီယာ ပြည်နယ်  အတ္တလန်တ္တာ
မြို့  တွင် မွေးဖွား ခဲ့ ပြီး Orange, Connecticut တွင် အခြေခံ ပညာ ရေး ပြီး မြောက် ပြီး နောက်
University of Virginia နှင့် Tufts University မှ ဥပဒေ ၊ နိုင်ငံ ရေး သိပ္ပံ နှင့် သံတမန် ရေး၊ အရှေ့ 
အာရှ ရေး ရာ  ဆိုင်ရာ ဘွဲ့ များ ရရှိ ခဲ့ သည်။ ၎င်း ၏ ဇနီးမှာ ကိုရီးယား လူမျိုး ဖြစ်သည်။