HKT ၊ ၊မြန်မာ နိုင်ငံ တ၀ှမ်း တွင် လျှပ် စစ်မီး ပျက် ခြင်း နှင့် မီးလုံးဝ မလာခြင်း တို့  ဖြစ်ပေါ် နေသော
ကြောင့် မွန်ပြည် နယ် မြို့  နယ် အချို့  ၊ ရန်ကုန် တိုင်း သုံးခွ နှင့် သံလျှင် မြို့  နယ် တို့  တွင် လူ
ထု က ကန့် ကွက် မှု များ ပေါ်ပေါက် သည် ဟု FNG မှ သတင်း ရရှိ သည်။
ပဲခူး တိုင်း ပြည်မြို့ နယ် တွင် မူ ပုံမှန် မီးပျက် ရက် ထက် ပို မို နေသောကြောင့် ဒေသခံ များ က
မီးသံချောင်းများ ခေါက်ခြင်း ၊ သံပုံး များ တီးခြင်း နှင့် မီးမှန် မှန် ရရှိ ရေး တောင်း ဆိုမှု များ ဖြစ်
ပွား ခဲ့ သည် ဟု သိရသည်။
ရန်ကုန်တိုင်း သုံးခွ ၊ သံလျှင် နှင့် ဒလ မြို့ နယ် များ တွင် မူ လျှပ်စ်မီး ပြတ်တောက်မှု ကြောင့် သောက်
သုံး ရေ ပြတ်တောက် မှု များ ပါ ဆိုး ရွား စွာ ကြုံ တွေ့ နေရ သည်။ ကြာသပတေး နေ့  ညက သုံးခွ
ဒေသခံ များ သည် လျှပ်စစ်မီး ရရှိ ရေး အတွက် မီးပျက် သည့် ည တွင် တောင်း ဆို ဆန္ဒြုပ မှု များ
ဖြစ်ပွား ခဲ့ သည်။
မွန်ပြည်နယ် မော်လမြိုင် မြို့  တွင် လည်း မီးပျက်သည့် နေ့ ဉ် လက်ဖက်ရည် ဆိုင် ၊ အရက် ဆိုင် နှင့်
ညလုံးပေါက် အလင်း ဆိုင် များ စော ပိတ် ပေး ရန် အာဏာ ပိုင် တို့  က ဖိအား ပေး မှု ကြောင့် စား
သုံးသူ နှင့် လုံခြုံရေး ၀န်ထမ်း များ ပြဿနာ ဖြစ်ကြသည်။
မီးပျက် မှု ကြောင့် ရေရှာပါး မှု ပြဿနာ ပါ အကျိုးဆက် အဖြစ် ဆက်လက်ဖြစ်ပေါ် နေရာ သောက်
သုံး ရေသန့် မရရှိခြင်း ၊ ၀မ်းရောဂါ များ ဖြစ်ခြင်း စသည့် ကျန်းမာရေး ဆိုင်ရာ ဂယက် ရိုက် မှု များ
လည်း ဖြစ်ပေါ် လျှက် ရှိသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလက နေပြည်တော်တွင် ပြု လုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ ဉ် လျှပ်
စစ်ဝန်ကြီး ဦးဇော်မင်းက ” ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။
အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟုသတင်း
ထောက်များ ကို ပြောခဲ့ သည်။
ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီး ဦးဥာဏ်ထွန်းဦး က တရုတ်ထံ ရောင်းချထားသည့် လျှစ်စစ် ယူနစ်များ ထဲမှ
မဂ္ဂ၀တ် ၁၀၀ ကို ပြန်လည် ၀ယ်ယူပြီး ရန်ကုန် မြို့ အား လျှပ်စစ်မီး ပုံမှန် ရရှိရန် ပြု လုပ် နေသည် ဆိုသော်
လည်း တရုတ်ဆီမှ ၀ယ်ယူ သတင်း ကို ကြားသိရခြင်း မရှိသေးချေ။
အမေရိကန် အခြေစိုက် GE ကုမ္ပဏီမှ လျှပ်စစ်မီး ၂၅ မဂ္ဂ၀တ် စီ ထုတ်ပေး နိုင်သည့် လျှပ်စစ်ဓာတ်အား
ပေး စက် လေးလုံး ၀ယ် ယူ အသုံး ပြု ပေး မည် ၀န်ကြီး ဦးစိုးသိန်း က ဧပြီလ က ပြုလုပ်ခဲ့ သည့် သတင်း
စာရှင်း လင်း ပွဲ တွင် ပြော ခဲ့ သော်လည်း ရန်ကုန် တိုင်း လျှပ်စစ် စွမ်းအား ဌာန မ အရာရှိ တစ်ဦး က နောက်
တစ်နှစ် နဲ့  အကောင် အထည် ဖော် နိုင်မှာ မဟုတ်သေး ဘူး ဟု FNG ကို ပြောသည်။
ယမန်နေ့  ညက ပြည် မြို့  နယ် တွင် ဖြစ်ပွား ခဲ့ သည့် သံချောင်း ခေါက် ဆန္ဒပြမှု တွင် ပြည်သူအများ စု
ပါဝင် ခဲ့ ပြီး လာမည့် တနင်္လာ နေ့  ည တွင် မြို့  လုံး အနှံ ပြု လုပ် သွား ရန် စီစဉ် ထား ရှိသည် ဟု သိရ
သည်။
Update
နောက်ဆုံး သိရသည့် သတင်းများ အရ မန္တလေး မြို့ တွင် လည်း လျှပ်စစ်မီး ပုံမှန် ရရှိ ရေး လှုံဆော်မှု
တစ်ခု ဖြစ်သည့် ဖယောင်း တိုင်မီး ထွန်း ညှို လမ်းလျှောက် တောင်း ဆို ပွဲ တစ်ခု ကို မကြာခင် ရက်
ပိုင်း အတွင်း ပြု လုပ် မည် ဟု သိရသည်။
လျှပ်စစ်မီး အပျက်များနေသည့်ကိစ္စကို မကျေနပ်၍ မနက်ဖြန် (၂၀၊ ၅၊ ၂၀၁၂)၊ တနင်္ဂနွေနေ့၊ ည
၇ နာရီ မှစတင်ကာ ၂၆ (ဘီ) လမ်းနှင့် ၇၈ လမ်းထောင့်ရှိ တိုင်း EPC ရုံးရှေ့ (သို့မဟုတ်) ၆၂ လမ်း၊
မနော်ယမံဥယျာဉ်ရှေ့တွင် ဖယောင်းတိုင်မီးထွန်းပြီး လျှပ်စစ်မီး မှန်မှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်တောင်းဆိုသွားကြမည်ဖြစ်ကြောင်း မန္တလေးမြို့တွင် သတင်းများ ပျံ့နှံ့လျက်ရှိနေပါသည်
ဟု CJ မြန်မာ FB စာမျက် နှာ တွင် ဖော်ပြထား သည်။
Photo Credit : AP

ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တန်းမြို့နယ်၊ညောင်ဝိုင်းကျေးရွာမှာလည်း သောက်သုံးရေကန်ကိုကျေးရွာမှ ဦးပဇဉ်များ၊လူကြီး၊ကလေးမကျန် ကိုယ်ထူကိုယ်ထဖြင့်လုပ်ကိုင်နေကျသော်လည်း ရပ်ကွက်အုပ်ချုပ်သူများအနေဖြင့် လုံးဝမကူညီကြောင်း၊လျှပ်စစ်မီးမှာလည်း ညခြောက်နာရီမှာမနက်ခြောက်နာရီအထိလာသော်လည်းမီးအားအ၀င်မှာ 100 နှင့် 130 ကြားမှာရှိပါကြောင်းကို တင်ပြလိုပါသည်။ရပ်ကွက်နေပြည်သူများလည်း သောက်ရေသုံးရေရရှိရန် မိုးကိုသာမျှော်နေရပါသည်။
အေးဗျာ.တိုင်းပြည်ရဲ့အဆီအနစ်တွေကို စုပ်ယူနေတဲ့ ကြံ့ဖွတ် အမည်ခံ စစ်တပ်ကောင်တွေက လူကြီး မဟုတ်
ပါဘူး.လူချီးတွေပါ..တိုင်းပြည်လဲ ရဲ့ရဲ့ကျန်တော့တယ်.တခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့များကွာပ.ဗုဒ္ဓဘာသာအမည်ခံပြီး တလွဲစီလုပ်နေကြ
တယ်.ဘုန်းကြီးတွေ သေနတ်နဲ့ပစ်သတ်တယ်..ကြုံရင်တော့ ပြန်ပြီးသတ်ချင်သေးတယ်.တွေ့ကြသေးတာပေါ့ကွာလို့ ကျိန်းနေကြတဲ့သူတွေလဲ စစ်တပ်ထဲက အောက်ချေက စစ်သားတွေ အပါအဝင်ပြည်သူတွေအများ
ကြီးနော်သတိထားကြပေတော့ စစ်ဗိုလ်များရေ့