သီရိလင်္ကာ ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဆာရတ် ဖုန်စက္က ကို အကျဉ်းထောင် တွင် ဖမ်းဆီး
ထိမ်းသိမ်းထား ရမှာ ပြန်လွှတ်ပေး မည် ဟု သီရီလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျာ ပါခ် ဆီ က အတည်
ပြု ပြောကြား သည်။
ဆာရတ် ဖုန်စက္က သည် ကာကွယ်ရေး ဦးစီးချုပ် မှ နှုတ် ထွက် ပြီး ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ တွင် သီရိ
လင်္ကာ ရွေးကောက် ပွဲ ဉ် ပြိုင်ဘက် သမ္မတ ကို ရှုံး နိမ့် ခဲ့ ပြီး နောက် ထောင်သွင်း အကျဉ်း ချ ခံ ခဲ့ ရ
သည်။
မြောက်ပိုင်း ဂျဖနာ ကျွန်းဆွယ်ရှိ တမီလ် ကျားသူပုန် တို့ အား ၂၀၀၉ ခုနှစ် မေလက အမြစ်ဖြုတ်
တိုက်ခိုက်နိုင်ခဲ့ သည့် စစ်ပွဲ ကို ဦးဆောင် နိုင်မှု ကြောင့် ဖုန်စက္ကသည် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်
လာခဲ့ သည်။
၎င်း ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာ ချိန် ဉ် အာဏာသိမ်း မည့် သတင်းများ ထွက် ပေါ် လာခဲ့ သော်
လည်း ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တွင် ကာကွယ်ရေး ဦးစီးချုပ် မှ နှုတ် ထွက် ခဲ့ သည်။
ရေတပ် ပါရှိ သည့် နိုင်ငံ မြောက် ပိုင်း ရှိ တမီလ် သူပုန် တို့  နှင့် နှစ်ကြာရှည် စွာ ဖြစ်ပွား ခဲ့ သည့်
ပြည်တွင်း စစ် ကို အောင်မြင်စွာ တိုက် ခိုက် နိုင်၍ ပြည်သူ အများ စု က ဖုန်စက္က ကို လိုလား ကြ
သည်။
ယခင် စစ်အစိုးရ လက်ထက် စစ်ဗိုလ်ချုပ် များ မှာ သီရိလင်္ကာ စစ်တပ် က တမီလ် သူပုန် များ ကို
အောင်မြင်စွာ တိုက် ခိုက် နိုင်ခြင်း ကို အတုယူ အားကျ ပြီးနောက် ကိုးကန့် ဒေသ ထိုးစစ် ကို ဆင်
နွှဲခဲ့ သည်။
ဖုန်စက္က ကို ၂၆ နှစ်ကြာ သီရိလင်္ကာ ပြည်တွင်း စစ် ပြီး ဆုံးခြင်း သုံး နှစ် ပြည့် အခမ်းအနားကို
မြို့ တော် ကိုလံဘို တွင် ကျင်း ပရန် လာမည့် သီတင်း ပတ် အတွင်း စီစဉ် နေ ချိန် တွင် ပြန်လွှတ်
မည် ဖြစ်သည်။
Sri Lanka, Sareth Fonseka
Related articles
- Fonseka’s release delayed (thehindu.com)
- Sri Lanka grants bail for ex-army chief (miamiherald.com)
- Sri Lanka parade in Colombo marks war anniversary – BBC News (bbc.co.uk)
