မန္တလေး မီးရရှိရေး ဆန္ဒထုတ်ဖော်မှု များ တွင် လူ ထောင်းချီ ပါဝင်
HKTမလ ၂၀ ရက်နေ့  ည ၇ နာရီ မှာ ည ၁၁ နာရီ အထိ မန္တလေး မြို့  တွင် လျှပ် စစ်မီး ပုံမှန်
ရရှိ ရေး အတွက် ပြည်သူ များ က ဖယောင်း တိုင် မီးများ ၊ သဘောထား ဆန္ဒ ရေးထား
သည့် ဘုတ် ပြား များ ကို ကိုင် ပြီး တောင်း ဆို ဆန္ဒပြ မှု များ ဖြစ် ပွား ခဲ့ ရာ အနည်း ဆုံး
လူ တစ်သိန်း ကျော် ပါ ၀င် ခဲ့ သည် ဟု FNG မှ သတင်း ရရှိသည်။
မန္တလေးမြို့ ဆီဒိုနား ဟိုတယ်ရှေ့  ၊ Swan ဟိုတယ် ၊ မန္တလေး တရုတ် ကောင် စစ်ဝန် ချုပ်
ရုံး ၊ ရ၈ လမ်း ထောင့် ရှိ လျှပ်စစ် ညွှန်ကြား မှု ဦးစီးဌာန ရုံးချုပ် ရှေ့  တို့  တွင် ဆန္ဒပြသူ များ
က ချီတက် လမ်းလျှောက် ခဲ့ ကြ သည်။
ဆန္ဒပြ သူများ က တရုတ် ကောင်စစ်ဝန်ချုပ် ရုံး အရှေ့  သို့ လည်း သွားရောက်ပြီး “တရုတ်
ပြည်သူများ မီးပုံမှန် လာပါစေ ” ဟု တောင်းဆို ဆန္ဒပြကြရာ ရဲတပ် ဖွဲ့  နှင့် လုံခြုံရေး တပ်
ဖွဲ့  ၀င်များ က ကောင် စစ်ဝန် ချုပ် ရုံး ရှေ့  အ၀င် လမ်း များ ကို ပိတ် ဆို့ ထား ကြသည်။
နေသည် ဟု ပြောခဲ့ သည့် လျှပ် စစ်ဝန်ကြီး ဦးဇော်မင်း နှုတ်ထွက်ပေး ရန်ပါ တောင်း ဆို
ခဲ့ သည်။
ဆန္ဒပြ မှု များ ကြောင့် မန္တလေးတိုင်း လျှပ်စစ်ရုံးတွင် အရေးပေါ် သတင်း စာ ရှင်းလင်းပွဲ
ကျင်း ပခဲ့ ရာ မန္တလေး တိုင်းလျှပ်စစ် ၀န်ကြီး ဒေါက်တာ မြင့်ကြူ က  ရွှေလီလျှစ်စစ်ဓာတ်
အားပေးစက်ရုံ မိုင်းခွဲခံရသဖြင့် ယခုကဲ့သို့မီးပြတ်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ခြောက်နာ
ရီတစ်လှည့်စီမီးပေးနေရမည်ဖြစ်ကြောင်း၊  မီးရရှိ ရန်  မိုးမှန်မှန်ရွာဖို့လိုကြောင်း ပြောခဲ့
သည်။ အရေး ပေါ် သတင်းစာ ရှင်းလင်း ပွဲ သို့  ဖိတ်ကြား ထား သည့် သတင်းစာ တိုက် များ
တက်ရောက် ခဲ့ သည်။
ဆန္ဒပြ မှု များ စတင် ပြီး နောက် ည ၁၁ နာရီ အကျော် တွင် မန္တလေး တစ်မြို့ လုံး လျှပ် စစ်မီး
များ ပြန်လည် ရရှိ သည် ဟု ဆန္ဒပြ မှု တွင် ပါဝင် သည့် ရတနာ ပုံ တက္က သိုလ် ကျောင်းသား
ကို မင်းသူအောင် က FNG ကို ပြောသည်။
မန္တလေး လျှပ်စစ်အင်ဂျင်နိယာ ဒေါ်အေးအေးမင်း က မနက်ဖြန် တွင် မန္တလေး သို့  မီးစက်
၁၀ လုံး ရောက်ရှိ မည် ဖြစ်သည် ဟု သတင်းစာ ရှင်းလင်း ပွဲ ဉ် ပြောကြား ခဲ့ သော် လည်း
ဆန္ဒပြ သူများ က တနင်္လာ နေ့  ည ၁၁ နာရီ တွင် မန္တလေး Swan Hotel အနီး ဉ် ထပ်မံ
ဆန္ဒ ပြ ကြ ရန် စီစဉ် ထား သည် ဟု FNG မှ သတင်း ရရှိသည်။
_____________________________________________________________________
တရုတ်ကောင်စစ်ဝန် ချုပ် ရုံး ရှေ့ မှ ငြိမ်းချမ်းစွာ ဆန္ဒပြ # MDY @Protests Electricity Shortage
via Facebook
၂၀. ၅. ၂၀၁၂ ရက်နေ့ တနင်္ဂနွေ ည ၇ နာရီကျော်ခန့်မှ စတင်၍ လူအင်အား (၂၀၀)ခန့် ရှိသော မန္တလေးမြို့သူ/
သားများက မန္တလေး တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား လှည့်ပတ်၍
လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးများထွန်း၍ ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ
ကျင်းပနေစဉ်…….။ တစ်ချိန်တည်မှာပင် မန္တလေး၊ စွမ်းဟိုတယ်ရှေ့ တွင်လည်း စီတန်းလမ်းလျှောက်ပွဲနှင့်
ဖယောင်းတိုင်မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းကာ ၂၆လမ်းမှ ၇၈ လမ်း၊ ၇၈လမ်းမှ ၃၅လမ်း၊၃၅
လမ်းအတိုင်းအရှေ့ဘက်သို့ ဆက်လက်၍ ငြိမ်းချမ်းစွာချီတက်လမ်လျှောက်ကြပြီး တရုတ်ကောင်စစ်ဝန်ရုံးအနီး
အရောက်တွင် ဆရာတော်ဝီရသူမှ နောက်ရက်များတွင်ဆက်လက် တောင်းဆိုသွားမည့်အတွက် ရှေ့ဆက်
လုပ်ဆောင်ရမည့် ကိစ္စလုပ်ငန်းများရပ်တန့်သွားလိမ့်မယ် အားလုံးပြန်ကြပါ ဟုမိန့်ကြားလိုက်သောအခါတွင်
ဘာသာတရားကိုကိုင်းရှိုင်းသော ယဉ်ကျေးမှုမြို့တော်သူ/သား များဖြစ်သည်နှင့်အညီ မြို့သူ/သားအပေါင်းတို့မှာ
မိမိတို့နေအိမ်များသို့ ငြိမ်းချမ်းစွာပြန်သွားကြပါကြောင်း FB သူငယ်ချင်းအပေါင်းသိစေရန် တင်ဆက်လိုက်ရ
ပါကြောင်း။။။။။ PS; မနက်ဖြန်အတွက်အားမွေးရင်း ကင်မရာသွေးလိုက်အုံးမယ်။
Photo Credit : CJ Myanmar, Kyawmoe Win, ရဲဘော်သူရိန် ၊ Aung Sin