လျှပ်စစ်မီး ရရှိရေး တောင်းဆို ဆန္ဒပြ မှု တစ်ခု ယနေ့  ည ၇ နာရီ အချိန် ခန့်  က ရန်ကုန် မြို့  မြို့ 
တော် ခန်းမ နှင့် ဆူးလေ စေတီတော် ရင်ပြင် တွင် ပေါ်ပေါက် ခဲ့ သည်။ အဆို ပါ ဆန္ဒပြ ပွဲ မစတင်
ခင် ကတည်း က လုံခြုံရေး များ တင်း ကျပ် ထား ပြီး မြို့ တော် ခန်းမ အနီး တစ်ဝိုက် လုံထိမ်း
ရဲ တပ်ဖွဲ ၀င်များ နှင့် မော်တော်ယာဉ် များ အသင့် နေရာယူ ထား သည်။
မီးရရှိရေး ဆန္ဒပြ တောင်း ဆို သူများ ဆူးလေ ဘုရား လမ်း ရှိ လက်ရွေးစင် ကဖေး နှင့် ပန်းဆိုး
တန်း လမ်း တို့  တွင် အသင့် နေရာယူထား ကြပြီး ည နေ ၆ နာရီ မိနစ် ၃၀ အချိန် တွင် ဆူးလေ
စေတီ တော် နှင့် မြို့ တော် ခန်းမ အနီး သို့  စုရုံးရောက် ရှိ လာခဲ့ ကြသည် ဟု ဆန္ဒပြ ပွဲ တွင် ခြေ
ထောက် မသန် သော်လည်း ပါဝင် ခဲ့ သည့် ကိုထင်ကျော် က FNG ကို ပြောသည်။
လက်ရွေးစင် ကဖေး မှ စထွက် ခါ စ မြို့ တော် ခန်းမ ဘေး တွင် ဒုတိယ ရဲမှုးကြီး တစ်ဦးက လူစု
ခွဲရန် နှင့် ဥပဒေ များ အဆင်သင့် မဖြစ်သေး ဟု ပြော ဆိုကာ တား မြစ် သော်လည်း ဆန္ဒပြ သူ
များ မှ ” မိမိ တို့  သည် ပြည်သူများ ၏ အခက် အခဲ အတွက် ဆန္ဒထုတ်ဖော် ခြင်း ပင် ဖြစ်ကြောင်း
နှင့် ချီတက်ရာ ခရီး တစ်လျှောက်မှာ ဆူးလေစေတီ တော် နှင့် မြို့ တော် ခန်းမ တစ်ဝိုက် ပင် ဖြစ်
ကြောင်း ရှင်း ပြသည့် အခါ ဆက်လက် တားမြစ် ခြင်း မပြု တော့ ဟု ဆိုသည်။
ယနေ့  ည ရန်ကုန် မြို့  တွင် ပြု လုပ် သည့် လျှပ် စစ်မီး ရရှိရေး ဆန္ဒပြ ပွဲ တွင် ဆန္ဒပြသူ ရာ နှင့်
ချီ ပါဝင်ခဲ့ ကြ သည်။
ယနေ့  ရန်ကုန် မြို့ တွင် ကျင်း ပသည့် ဆန္ဒပြ ပွဲ ကို ဒေါ်နော်အုံးလှ ၊ ကိုဟန်ဝင်းအောင် နှင့် ဦး
ဝင်းချို တို့  ဦးဆောင် ပါဝင်ခဲ့ ကြပြီး စာရေး ဆရာ ဝေမှုးသွင် အပါ အ၀င် စာရေး ဆရာ နှင့် ပန်း
ချီ ဆရာ အချို့ လည်း ပါဝင် ခဲ့ ကြသည်။
နောက်ရက် များ တွင် လည်း လျှပ် စစ်မီး ရရှိရေး အတွက် ဆန္ဒပြ မှု များ ပြု လုပ် သွား အုံး မည်
ဟု သတင်း ရရှိသည်။
မန္တလေး မြို့  တွင် မူ လျှပ်စစ်မီး ရရှိရေး အတွက် မြတောင် ကျောင်း တိုက် တွင် ဆန္ဒပြမှု တစ်ခု
ပြုလုပ်ခဲ့ ရာ လူ ၂၀၀ ကျော် ခန့်  ပါဝင်ခဲ့ သည်။ မန္တလေး မြို့  တွင် တတိယ မြောက် နေ့  အဖြစ်
ဆန္ဒပြ ခြင်းဖြစ်သည်။
ယနေ့  မနက် အစောပိုင်း က မန္တလေး မြို့ လျှပ်စစ်မီး ရရှိရေး ဆန္ဒပြ မှု တွင် ပါဝင် သူ များ ကို ဖမ်း
ဆီးရာ စာရေး ဆရာမ လူထု ဒေါ်အမာ ၏ သား ဖြစ်သူ စာရေး ဆရာ ညီပုလေး ၊ ကို ဥက္ကကျော်၊
ကိုမင်းထက်ငြိမ်းချမ်း တို့  ကို ဖမ်းဆီး ခဲ့သည်။
Photo Credit : Aung Shin, The Voice Weekly, San Oo, The Messenger
Yangon, Myanmar, Electricity Cut, Protests
Related articles
- Rare protests in Myanmar against power cuts (sfgate.com)
- Myanmar explains power cuts to calm rare protests (seattletimes.nwsource.com)
- Myanmar government gives rare explanation of power cuts to calm growing protests (foxnews.com)

လျှပ်စစ်က ပြည်မကြီးမှာတောင် မလုံလောက်သေးဘူး။
ပူညံပူညံ လုပ်မနေကြနဲ့။
ရုတ်ရုတ် ရုတ်ရုတ် လုပ်ရင် ပြည်မကြီး(တရုပ်ပြည်)ကတပ်တွေ ခေါ်ပြီး အကုန်ပစ်သတ် ပြစ်မယ်။
ပုံ……သန်းရွှေ။
ပြည်နယ်အုပ်ချုပ်ရေး အကြီးအကဲ။
မြန်မာ။