ထိုင်း နိုင်ငံ ဘန်ကောက် မြို့  မှာ ကျင်း ပနေ တဲ့ အရှေ့  အာရှ ဆိုင်ရာ ကမ္ဘာ့  စီးပွား ရေး ညီလာခံ
ကို တက်ရောက် နေတဲ့ မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် နဲ့ လွှတ်တော် အမတ် ဒေါ်အာင်ဆန်းစုကြည်
ဟာ ထိုင်း နိုင်ငံ စမတ်စခွန် ပြည် နယ် မဟာချိုင် မြို့ မှာ ရောက် ရှိ နေတဲ့ မြန်မာ ရွှေ့ ပြောင်း အလုပ်
သမား တွေ ကို မိန့် ခွန်း ပြောခဲ့ ပါ တယ်။
မဟာချိုင် မှာ မြန်မာ အလုပ်သမား တွေ နဲ့  တွေ့ ဆုံ တဲ့ အချိန် မှာ သူ တို့  ရဲ့  အခက် အခဲ တွေ နဲ့  ပြဿ
နာ တွေ ကို လည်း နားထောင်ခဲ့ ပါတယ်။ ပင်လယ်ငါး စည်သွတ် စက်ရုံ မှာ တာဝန် ထမ်းဆောင် နေတဲ့
မြန်မာ အလုပ်သမား ကိုအောင်မင်း ကတော့ အလုပ်က ခွင့် ယူ ပြီး ဒေါ်အောင်ဆန်းစု ကြည် ကို ကြိုဆို
မှု ပြု ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့  မဟာချိုင် ခရီး စဉ် နဲ့  ပတ်သက် ပြီး သူ က” မဟာ ချိုင် က
National Verification Center for Myanmar Migrate Workers ရုံး မှာ ဒေါ်အောင်ဆန်းစုကြည်
မိန့် ခွန်း ပြောတယ်။ အလုပ် သမား တွေလည်း မိမိရဲ့  ရွှေ့ ပြောင်း အလုပ်သမား အရေး တွေ နဲ့  ပတ်သက်
ပြီး သိထား ရမှာ ဖြစ်တယ်။ ပြည်သူ တွေ ကို မလှည့် ဖျား ချင် တဲ့ အတွက် သူ ကတိ တော့ လွယ် လွယ်မ
ပေး ဘူး” လို့  ပြောသွား တယ် လို့  Freedom News Group ကို ပြောပါတယ်။
ထိုင်း အစိုးရ ဒုတိယ ၀န်ကြီး ချုပ် ချာလမ် ယွန်ဘာရမ် နဲ့  တွေ့ ဆုံ စဉ် မှာ လည်း ဒေါ်အောင်ဆန်းစုကြည်
ဟာ မြန်မာ ရွှေ့ပြောင်း အလုပ် သမား တွေ အတွက် ထိုင်း အစိုးရ က ရွှေ့ ပြောင်း အလုပ်သမား ဥပဒေတွေ
နဲ့  အညီ ဖြစ် စေဖို့  ကို တိုက်တွန်း ပြော ဆို ခဲ့ ပါတယ်။
မြန်မာ နိုင်ငံ သား တွေ ဟာ ထိုင်း နိုင်ငံ အတွက် အရေး ပါတဲ့ အင်အားစု တစ်ရပ် ပဲ ၊ ဘာ လို့  လဲဆို တော
သူ တို့  ဟာ ခက်ခဲ ပြီး ကြမ်းတမ်း တဲ့ အလုပ် တွေ လုပ် ဆောင် ရ လို့  ဖြစ်တယ် လို့ သူ က ပြောပါတယ်။
ထိုင်း နိုင်ငံ တွင်း မှာ ရောက် ရှိ နေတဲ့ မြန်မာ ဒုက္ခသည် တွေ နဲ့  ပတ်သက် ပြီး ထိုင်း ဒုဝန်ကြီး ချုပ် နဲ့  ဆွေး
နွေး ရာ မှာ မြန်မာ နိုင်ငံ မှာ စိတ်ချ လုံခြုံမှု အာမခံ ချက် မပေး နိုင် သေး သမျှ ကာ လ ပတ် လုံး ထိုင်း အစိုး
ရ က မြန်မာ ဒုက္ခ သည် တွေ ကို နေရပ် ပြန်လည် ပို့  ဆောင် မှာ မဟုတ် ဘူး လို့  အာမ ခံ ချက် ရရှိ ခဲ့ တယ်။
Photo Credit : AP, AFP, Nation Multimedia, Instagram, Reuters, Bangkok Post, Freedom News Group

































