ထိုင်း နိုင်ငံ ဘန်ကောက် မြို့  မှာ ကျင်း ပနေတဲ့ ကမ္ဘာ့ စီးပွား ရေး ဖိုရမ် အစည်း အဝေး မှာ မြန်မာ့
ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာ နိုင်ငံ ရဲ့  အပြောင်း အလဲ တွေ နဲ့  ပတ်
သက် ပြီး သိပ် အကောင်း မြင်တာ မစော လွန်း ဘို့  ပြောကြား ခဲ့ ပါတယ်။
၂၄ နှစ် အတွင်း ပထမ ဦး ဆုံး ပြည်ပ ခရီးစဉ် ဖြစ် တဲ့ အိမ် နီးချင်း ထိုင်း နိုင်ငံ ခရီးစဉ် မှာ မြန်မာ နိုင်ငံ
တွင်း လူငယ် ထု တွေ အတွက် အလုပ် အကိုင် တွေ ဖန် တီး ပေး ဖို့  လို ကြောင်း နဲ့  သင်တန်း တွေ
ဖန်တီး ပေး ဖို့  လို ကြောင်း ၊ ပြည်ပ က ၀င်လာ တဲ့ ရင်း နှီး မြုပ် နှံ မှု တွေ ဟာ နိုင်ငံ သား တွေ အ
အတွက် အလုပ် အကိုင် နဲ့  အခွင့် အလမ်း အသစ် တွေ ဖြစ် သင့် တဲ့ အကြောင်း သူက ထည့် သွင်း
ပြောကြား ခဲ့ ပါတယ်။
မြန်မာ နိုင်ငံ တွင်း မှာ ကျား-မ ခွဲခြား ဆက်ဆံ မှု တွေ ရှိ နေတာ ၊ အခု လို ခွဲခြား ဆက်ဆံ မှု ဟာ အုပ်ချုပ်
ရေး ပိုင်းမှာ သာမက ပညာ ရေး ပိုင်းမှာ လည်း ရှိ နေကြောင်း အမျိုးသမီး တွေ ဟာ ဘာသာရပ် ၀င် ခွင့်
စာမေးပွဲ တွေ အတွက် အမျိုးသား တွေ ထက် ပို ပြီး အမှတ် ကောင်း ရတဲ့ အကြောင်း တွေ ကို ကမ္ဘာ့ စီးပွား
ရေး ဖိုရမ် ဒုတိယ နေ့  အစည်း အဝေး မှာ ပြော ခဲ့ ပါတယ်။
မြန်မာ နိုင်ငံ တွင်း မှာ တရား ဥပဒေ စိုးမိုး မှု စနစ် နဲ့  ပတ်သက် ပြီး အစိုးရ ရဲ့  လုပ် ဆောင်မှု ကို သိပ် အား
ရမှု မရှိ ကြောင်း တကယ် တမ်း အပြောင်း အလဲ လုပ် ချင် ရင် ချက် ခြင်း ဆောင် ရွက် လို့  ရတဲ့ ကိစ္စ လို့ 
သူက ပြောပါတယ်။
ဖွဲ့ စည်း ပုံ အခြေခံ ဥပဒေ ပြင် ဖို့  ကို တော့ အချိန် ယူရမှာ ဖြစ် ပြီး အရပ်သား အမတ် ၇၅ ရာ ခိုင် နှုန်း အပြင်
စစ်သား အမတ် တစ်ယောက် ထောက်ခံ မှ လည်း ပြင် နိုင် မှာ ဖြစ်တယ် လို့  ဒေါ်အောင်ဆန်း စုကြည် က
ပြောပါတယ်။
ကမ္ဘာ့ စီးပွား ရေး ဖိုရမ် အစည်း အဝေး မှာ မြန်မာ နဲ့  နိုင်ငံ တကာ သတင်း ထောက် တွေ ရဲ့  မေးမြန်း ချက် ကို
လည်း ဒေါ်အောင်ဆန်း စုကြည် က ဖြေကြား ခဲ့ ပါတယ်။
ထိုင်း နိုင်ငံ တွင်း ခြောက် ရက် ခရီးစဉ် ဖြစ် တဲ့ စတ္ထု ထ မြောက် နေ့ မှာ ဒေါ် အောင်ဆန်း စု ကြည် ဟာ ထိုင်း-
မြန်မာ နယ်စပ် က ကရင် ဒုက္ခသည် စခန်း တွေ ကို လည်း သွား ရောက် မှာ ဖြစ်ပါတယ်။
သတင်းထောက် များ ၏ မေး မြန်း မှု ကို ဖြေကြား နေသည့် ဒေါ်အောင်ဆန်း စုကြည် ( ဗီဒီယို) ကြာမြင့်ချိန် ၂၄ မိနစ်)
Aung San Suu Kyi, World Economic Forum, Thailand, Poverty
Related articles
- Suu Kyi presses for migrants’ rights in Thailand (theglobeandmail.com)
- Nobel Peace Prize winner Aung San Suu Kyi to leave Burma for first time in 24 years – @itvnews (itv.com)
- Myanmar’s Suu Kyi begins landmark foreign trip (news.yahoo.com)
