ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေ သားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်ပင်ပမ်းဖြစ်နေမည်။ ငွေဝင်သည်။ သို့သော်ငွေအတွက်သောကဖြစ်နေမည်။
ဖုန်းအတွက်စိတ်ညစ်နေမည်။ ဖုန်းအသစ်အဟောင်းပြောင်းစရာဖြစ်လာတတ်သည်။ စာရွက်စာ
တမ်းကြောင့်စိတ်ညစ်နေရတတ်သည်။ အလုပ်များလုပ်သမျှခေါင်းရှုပ်နေရတတ်သည်။
ကျိုးစားပြီးလောဘတကြီးလုပ်နေသမျှအရာမထင်ဖြစ်နေပြီးစိတ်ပင်ပမ်းခြင်း၊ လူ
ပင်ပမ်းခြင်းဖြစ်နေမည်။ အစစအရာရာသည်းခံပြီးနေပါ။
ကျန်းမာရေး။ ရင်ဘတ်အောင့်ခြင်း၊ ကျောအောင့်ခြင်းဖြစ်နေမည်။
အချစ်ရေး။ မိမိကိုစိတ်ဝင်စားသူများနေမည်။ ချစ်သူလည်းရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား
စံပယ်ပန်းကပ်လှူဆူတောင်းပါ။
လာဘ်ရခြင်း၊ စီးပွားရေးကောင်းမွန်ခြင်း၊လုပ်ငန်းသစ်လုပ်ရခြင်း၊ နေရာသစ်ပြောင်းရန်ဖြစ်ခြင်း၊
ပျော်ရွှင်သောခရီးသွားရခြင်း၊ ပြောင်းလျှင်လဲရသည်။ မပြောင်းလဲကောင်းသည်။ အခုရက်ပိုင်း
တွင်ကောင်းသောသတင်းများ၊ ကောင်းသောအလုပ်များ လုပ်ကိုင်နေရတတ်သည်။
သူတပါး၏အကူအညီများ လဲရနေမည်။ မိမိကလဲ အကူအညီများပေးနေရမည်။ မြေထွက်ခြင်း၊
ကွန်ပြူတာထွက်ခြင်း၊ ဖြစ်တတ်သည်။ သို့သော်အသစ်ပြန်ဝင်မည်။
ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ သွေးလျှံခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ပျော်ရွှင်စရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရေသပ္ပာယ်ပြီးဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၂ ၁)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားခရီးသွားရခြင်း၊ သို့မဟုတ်ပြည်တွင်ခရီးသွားရခြင်းဖြစ်မည်။ မြေ၀င်ခြင်း၊
နေရာသစ်ပြောင်းရခြင်း၊ မိတ်ဆွေသစ်များရခြင်း၊ ဖုန်းဟောင်းမှဖုန်းအသစ်ပြောင်းရခြင်းဖြစ်မည်။
ခင်မင်ရင်းနှီးသောမိတ်ဆွေများနှင့်လမ်းခွဲရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်းဖြစ်တတ်သည်။
စာရွက်စာတမ်း သတိထားပါ။ အရေးကြီးစာရွက်စတမ်းကြောင့်စိတ်ညစ်ရတတ်သည်။ ငွေဝင်မည်။
သို့သော်အကုန်များနေသည်။
ကျန်းမာရေး။ အကြောနာခြင်း၊ ကိုယ်လက်မအီအသာဖြစ်ခြင်းဖြစ်နေမည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်အလုပ်များနေမည်။ စိတ်မအားဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်ပုံတော်အသစ် (သို့) ဆင်းတုတော်အသစ်ထပ်ပြီးပူဇော်ပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၇ ၁ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ငွေများစွာနှစ်ကြိမ်ဝင်လိမ့်မည်။ အလှူလုပ်ရမည်။ ဆွေမျိုးသားချင်းများထဲမှာမင်္ဂလာဆောင်၍
သွားရောက်ပါဝင်ရတတ်သည်။ သို့မဟုတ်မိမိကိုယ် တိုင်မင်္ဂလာလက်ထပ်ပွဲပြုလုပ်ရတတ်သည်။
ကောင်းသောခရီးသွားရတတ်သည်။ မိတ်ဆွေ၏အထင်လွဲခြင်းခံရတတ်သည်။ စီးပွားတက်နေမည်။
မြေများဝင်လိမ့်မည်။ လူလိမ်ခံရတတ်သည်။ သတိထားပါ။
ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ လေအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းပွင့်နေမည်။ လက်ထပ်မင်္ဂလာပြုလုပ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ကန်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၆ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြားနိုင်ငံရပ်ခြားခရီးသွားရမည်။ ဆွေမျိုးကိစ္စကြောင့်သွားရတတ်သည်။ ပူပင်သောကခရီးဖြစ်မည်။
သို့သော် အစစအရာရာအေးချမ်းသွားပါမည်။ စက်ပစ္စည်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ ကားဝင်ခြင်း၊
ကွန်ပြူတာဝင်ခြင်းဖြစ်မည်။ စီးပွားရေးကောင်းမည်။ အလုပ်တွင်လက်အောက်ငယ်သားများ အချင်းချင်းရန်
ဖြစ်တတ်သည်။ သတိထားပါ။
ကျန်းမာရေး။ သွေးတိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရမည်။ မိမိဘ၀လက်တွဲဖေါ်ကောင်းဖြစ်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းပေါင်းစုံကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၅ ၀ )
သောကြာသားသမီးများ၏ကံကြမ္မာ
စိတ်တိုင်းမကျဖြစ်နေမည်။ သူတပါးကိစ္စ၊ မိမိကိစ္စများနှင့်စိတ်ပင်ပမ်း၊လူပင်ပမ်းဖြစ်နေမည်။
ခရီးထွက်ရတတ်သည်။ ပြည်တွင်းပြည်ပခရီးများဖြစ်တတ်သည်။ အမှုအခင်းမဖြစ်အောင်နေပါ။
စာချုပ်စာတမ်းအာမခံခြင်းများမလုပ်ပါနှင့်။ ငွေစိုက်ဖြေရှင်းရတတ်သည်။ မိမိကိုယ်တိုင်ငွေအတွက်
ခက်ခဲမှုမရှိပါ။ မိမိနားကပ် ကျောက်ထွက်ခြင်း၊ ကျပျောက်ခြင်းဖြစ်တတ်သည်။ သူခိုးခိုးခံရတတ်သည်။
လုပ်ငန်းတွင်အခက်အခဲ အတိုက်အခံများနှင့်ရင်ဆိုင်နေရတတ်သည်။ အစစအရာရာသတိထားပါ။
ကျန်းမာရေး။ စိတ်ကြောင့်နှစ်လုံးရောဂါဖြစ်တတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူ/ အိမ်ထောင်ဖက်၏မပွင့်လင်းမှုကြောင့် အလိုမကျဖြစ်နေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နေကထိုင် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၅)
စနေသားသမီးများ၏ကံကြမ္မာ
ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ငွေဝင်ခြင်း၊ ကားဝင်ခြင်း၊ ကားအဟောင်းမှအသစ်ပြောင်းရခြင်း၊
တိုက်ခန်းဝင်ခြင်းများဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ရွှေထွက်ခြင်း၊
ရွှေပြင်ရခြင်းပြုလုပ်ရတတ်သည်။ လုပ်ငန်းတိုးချဲ့ရတတ်သည်။ အောင်မြင်မည်။ စီးပွားတက်မည့်အချိန်ဖြစ်သည်။
ငွေလူလိမ်ခံရတတ်သည်။ သတိထားပါ။ ဆိုင်ကယ်စီးလျှင်/ ကားမောင်းလျှင်သတိထားပါ။ တိုက်တတ်သည်။
ငွေကုန်များတတ်သည်။
ကျန်းမာရေး။ လက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေထီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၂ ၀ ၀)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း၊
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)
ဖုန်း-+6016 690 3513 ,+6012 9133 093
E-mail: swezinwati@gmail.com
www.facebook.com၊/ swezinwati
*မလေးရှားမဟုတ်သော တခြားနိုင်ငံမှဗေဒင်ဝါသနာပါသူများဗေဒင်မေးမြန်းလိုသူများ
အီးမေးလ်ဖြင့်ဟောစာတမ်းပို့ပြီးဟောပေးပါသည်။
