တောင်ကုတ် မြို့ တွင် ဖြစ်ပွားခဲ့ သည့် ရိုးမ သစ္စာ အဝေးပြေးယာဉ်အား
အကြမ်းဖက်ခဲ့ သည့် ဖြစ်စဉ် ဉ် တောင်ကုတ် မြို့ သား / မြို ခံ တစ်ဦးမျှ ပါဝင်
ခြင်း မရှိ ဟု တောင်ကုတ် မြို့  ရှိ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခု မှ အရာရှိ
တစ်ဦး က FNG ကို ပြောသည်။ တောင်ကုတ် အခြေစိုက် လုံခြုံရေး အဖွဲ့  ၀င်
များ သည် ထို ပြဿနာ ကို အချိန် မှီ သိရှိ ပြီး တားဆီး နိုင်စွမ်း ရှိသော်
လည်း မသိကျိုးကျွံ ပြုခဲ့ သည် ဟု သူက ဆက် ပြောသည်။
ရိုးမ သစ္စာ မော်တော် ယာဉ် ပြည် မြို့  မှ ထွက်ခွာ ပြီး အုတ်ရှစ် ပင် စသည့် လမ်း
ခရီး တစ်ထောက် နားရာ နေရာ များ သို့  ရောက်ရှိ စဉ် က တည်း က ဆိုင်ကယ်
နှင့် လူ အချို့  သည် စုဝေး နေကြ ပြီး ထိုသူ များ သည် တောင်ကုတ် မှ လည်း မ
ဟုတ် သလို သံ တွဲ မြို့  မှ လည်း မဟုတ် ဟု သိရသည်။
မွတ်ဆလင်ဘာသာဝင် များ လိုက်ပါလာသည့် မော်တော်ကား တောင်ကုတ်-
သံတွဲ လမ်းဆုံ သို့  မ၀င်ရောက် ခင်ကတည်း က လမ်းရှိ မြို့ ဝင် စစ်ဆေးရေး
စခန်း တစ်ခု က ရှေ့  တွင် အန္တရာယ် ရှိသည် ဟု ကြို ပြောခဲ့ ထိုလူစုလူဝေး မှ
သံတွဲ မြို့  တွင်း သို့  ၀င်ရောက် လာနေသည့် မော်တော်ယာဉ် ကို တစ်ခုခု လုပ်
ကြံမှု ပြုရန် ကြိုတင် သိရှိ နေပုံ ရသည် ဟု ဒေသခံ တို့  က ထောက်ပြသည်။
မော်တော် ကား ပေါ် မှာ လူများ ကို ဆွဲ ချ ပြီး ကားအောက်တွင် တန်းစီ ဒူးထောက်
ခိုင်းပြီး ရိုက်သတ် မှု ပြု နေစဉ် ကလည်း မဆိုင်သူ အနားမကပ် နှင့် အော်ကာ စိမ်
ပြေ နပြေ ဖြင့် ရိုက်သတ်ခဲ့ ကြကြောင့် အနီး ဆုံး တွေ့  ရှိ ခဲ့ ရသူ တစ်ဦး က ပြော
သည်။
တောင်ကုတ် အကြမ်းဖက် မှု တွင် ပါဝင် ပတ်သက် သူများ မှာ လမ်းလျှောက် စကား
ပြောစက် များ ကို လည်း ကိုင်ဆောင်ကာ ဆက်သွယ်မှု ပြု လုပ် နေကြ ပြီး မှတ်တမ်း
ဓာတ်ပုံ ရိုက်ယူသည့် ဗီဒီယို ကင်မရာ နှင့် လက်ကိုင် ဖုန်းများ လည်း ပါရှိ လာသည်။
မြန်မာ အစိုးရ က မေလ နှင့် ဇွန်လဆန်း တွင် ရခိုင် ပြည်နယ် ဉ် ဖြစ်ပွား ခဲ့ သည့် အကြမ်း
ဖက်မှု ကို စုံစမ်းစစ်ဆေး ရန် ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး
ကော်မရှင် ကို ဖွဲ့  စည်းထား သည်။

အောင်သောင်းပေါ့
အိုးလူရို့ ယေပိုင် လုပ်ဇာတ်တိခင်းနီဂတ်ရေ ဗမာအစိုးရရာ ဖြစ်ပါရေ။ ဗမာတိက ရခိုင်ပြည်တိုးတက်ဖို့စွာ ငြိမ်းချမ်းဖို့စွာ လုံးဝမလိုလားဂတ်ပါ။ တကယ်လို့ ရခိုင်ပြည်တိုးတက်နီကေ သူရို့အတွက် စားပေါက်ပိတ်လီဖို့ဗျယ်။ အေအတွက်နဲ့ ဗမာတိက သွေးထိုးကခိုင်းတိုင်းမကဂတ်ပါကေ့။
arr lone aye chan thar yar say chin tal
bad news twy ma kyar chin bu
It is very clear who did it. What will the commission do?