ယနေ့ ည ၁၀ နာရီ နောက်ဆုံး ရရှိသည့် သတင်း များ အရ ရွှေတွင်းတူး လုပ်သား များ ခရီးတစ်
ထောက် နားရာ ရွှေမြင်တင် စေတီ သပိတ် စခန်း ကို လုံထိန်း နှင့် ရဲ တပ် ဖွဲ့  ၀င် များ က ပိတ်
ဆို့ ထား ပြီး မန္တလေး တိုင်း သတ္တုတွင်း ၀န်ကြီး က ဆန္ဒပြ ချီတက် သူများ ကို လာရောက် ခြိမ်း
ခြောက် မှု ပြု ပြီး ၊ ရမည်း သင်း မြို့ နယ် သံဃနာယက အဖွဲ့  က ချီတက် မှု ကို ခေါင်းဆောင်
သည့် ရန်အောင်မင်းကျောင်း ဆရာ တော် များ ကို သပိတ် စခန်း ကို မစွန့် ခွာ ပါ က လူဝတ်
လဲပြီး ထောင် ချ မည် ဟု ခြိမ်းခြောက် ခဲ့ သည်။
ဆန္ဒပြသူ များ ကို အကူအညီ ပေး ရန် လာသည့် ရပ်ဝေး မှ အဖွဲ့  အစည်း များ ကို တည်း ခိုခန်း
ဌား ၍ မရ နိုင်ရန် အတွက် ဌာနေ အာဏာပိုင် များ က တည်းခိုခန်း ပိုင် ရှင် များ ကို ဖိအား ပေး မှု
များ ရှိ နေ သည် ဆန္ဒပြ ချီတက် ပွဲ ကို ရန် ကုန် မှ သွား ရောက် သတင်း ရယူသည့် ဂျာနယ်လစ်
တစ်ဦး က FNG ကို ပြောသည်။
လုံထိမ်း တပ် ဖွဲ့  များ ၏ ပိတ် ဆို့  မှု ကို ခံ ထား ရသည့် အလုပ် သမား များ တွင် သက်ကြီး ရွယ်
အိုများ လည်း ပါဝင် ပြီး ရေ နှင့် စားနပ် ရိက္ခာ အခက် အခဲ ဖြစ် နေသည် ဟု သိရသည်။ ညပိုင်း
တွင် အလုပ် သမား ခေါင်းဆောင် များ က မကြောက် တရား နှင့် အခွင့် အရေး အတွက် အဆုံး
ထိ တိုက် ပွဲ ၀င် ရန် တရား ဟောကြေား ပြီး ၊ ကမ္ဘာ မကြေ သီချင်း ကို သံ ပြိုင် သီဆို ကြသည်။
ဆန္ဒပြ ချီတက် သူများ ကို ကူညီရန် ရောက် ရှိ လာသည့် ရမည်း သင်း မြို့ ခံ များ ကို ရဲတပ်ဖွဲ့ 
က ၀င် ခွင့် မပေး ဘဲ ပိတ် ဆို့ ထား သည်။
ယနေ့ မနက် ၉ နာရီ နောက်ဆုံး ရရှိသည့် သတင်း အရ ဆန္ဒပြ ချီတက် နေသည့် ရွှေတွင်း တူး
အလုပ် သမား များ ကို လက်နက် ခဲယမ်း မီးကျောက် အပြည့် အစုံး တပ် ဆင်ထား သည့် ရဲတပ်
ဖွဲ့  ၀င် ၅၀၀ ခန့် က ပိတ် ဆို့ ထား ပြီး လူစု မခွဲ လျှင် ဖြိုခွဲ ရန် စီစဉ် နေသည် ဟု သတင်း ရရှိသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++
နေမျိုးဦး၊ ၊မန္တလေး တိုင်း ရမည်း သင်း မြို့ နယ် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ
လက်အောက် ရှိရွှေတွင်း တူးဖော် ရေး လုပ်ငန်း တွင် တာဝန်ထမ်းဆောင် နေသည့် ရွှေတွင်း
တူး လုပ်သားများသည် ဇွန်လ ၁ ရက်နေ့  ကတည်း က ဆန္ဒပြ တောင်းဆိုချက် များ ကို ကုမ္ပဏီ
မှ လိုက်လျောပေး ခြင်း မရှိ သဖြင့် ဇွန် လ ၁၁ ရက်နေ့  နံနက် ၁၀ နာရီ မှ စတင် ကာ ရမည်း သင်း
ရှိ ရွှေ တွင်းမှ သည် နေ ပြည်တော် သို့  ချီ တက် ဆန္ဒပြ ကြသည်။
ချီတက် ဆန္ဒပြ သည့် ရွှေတွင်း တူး အလုပ်သမား များ ယနေ့ ည တွင် ရမည်း သင်း မြို့  အ၀င် ရှိ
ရွှေ မြင် တင် ဘုရား တွင် ညအိပ် ရပ် နား မည် ဖြစ် ပြီး ဇွန်လ ၁၂ ရက်နေ့ နံ နက် အစော ပိုင်း
တွင် ငါးပါး သီလခံ ပြီး ဘုရား မှ ဆက် လက် ထွက် ခွာ က ရမည်းသင်း မြို့  ကို ဖြတ် ပြီး နေပြည်
တော် သို့  ချီတက် မည် ဟု ချီတက် ဆန္ဒပြ သည့် ရွှေ တွင်း လုပ်သမား တစ်ဦး ဖြစ်သည့် ကိုအောင်
သန်းမြင့် က FNG သို့  ပြောသည်။
ဆန္ဒပြ ချီ တက် ရာ တွင် လူ ၂၀၀၀ ခန့်  ပါဝင် ပြီး တောင်ပေါ် မှ တောင်အောက် သို့  ဆင်းရန် အတွက်
ကုမ္ပဏီ မှ မော်တော် ကား များ ကို အသုံး ပြု ခွင့် မပေး ခြင်း ကြောင့် ဆန္ဒပြ ရန် အတွက် လိုက်ပါမည့်
သူ နည်းရခြင်း ဖြစ်သည် ဟူ ချီတက် လမ်းလျှောက် သူ တစ်ဦး က ပြောသည်။
ဆန္ဒပြ ချီတက် မှု သည် ဗုဒ္ဓဟူး နေ့ တွင် တပ် ကုန်း မြို့  ကို ၀င်ရောက် မည် ဖြစ်ကာ သောကြာ
နေ့ နံနက် တွင် နေပြည်တော် မြို့  ကို ၀င်ရောက် နိုင် မည် ဟု ခန့် မှန်းထား သည် ။ ဆန္ဒပြ ချီတက်
သည့် ရွှေတွင်း အလုပ်သမား များ ကို နိုင်ငံရေး သမား များ အကျိုးဆောင် ကူညီရေး ကွန်ယက်
မိတ္ထီလာ ပြည့် သူ့  အကျိုးဆောင် ကွန်ယက် များ မှာ လိုက် လံ ကူညီစောင့် ရှောက် မှု များ ပြုလုပ်
လျှက် ရှိသည်။
မိုးထိ-မိုးမိ ရွှေတွင်း တူး အလုပ်သမား များ ၏ ချီတက် ဆန္ဒပြ မှု သည် ၁၉၃၈ ခုနှစ် ရေနံမြေ အလုပ်
သမား သပိတ် မကွေး မှ ရန်ကုန် သို့  ချီတက် မှု ပြီး လျှင် ဒုတိယ မြောက် မိုင်ပေါင်း ရာ ချီ ချီတက်
ဆန္ဒပြ ခြင်း ဖြစ်သည်။
ရွှေတွင်း အလုပ် သမား များ ၏ ချီတက် ဆန္ဒပြ မှု ကို လမ်းခရီး တစ်လျှောက် ရှိ ပြည်သူ များ က အား
ပေး ထောက်ခံ မှု ပြု ကာ အချို့  က ပူးပေါင်း ပါဝင် ချီတက် ကြသည် ဟု သိရသည်။
ဆန္ဒပြ ချီတက် သူ များ သည် နေ ပြည်တော် သို့  ရောက် လျှင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ
ရုံးချုပ် နှင့် အခြား သက်ဆိုင် သည့် နေရာ ဌာန များ ရှေ့ တွင် ၎င်းတို့  တောင်းဆို ထား မှု ရရှိရန်
ဆက်လက် ဆန္ဒ ပြ သွား မည် ဖြစ်သည်။
မိုးထိ-မိုးမိ တောင်ပေါ် ရွှေ တွင်း တွင် ဆန္ဒပြ စဉ် က အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ သည်
ဆန္ဒပြ သူများ ကို လာရောက် တွေ့ ဆုံသည့် အဖွဲ့  အစည်းများ သတင်း မီဒီယာ များ ကို တွေ့ ဆုံ ခွင့်
မပြု ခဲ့ ဟု သိရသည်။
Photo : Wai Hmu Thwin
( YE AUNG THU, AFP/Getty Images / May 10, 2012 )






Caution!
All the police men.
Your are standing @ wrong side. You have to kill all teh kalar.
Not to fight with our own national people.
So many problems now!