အစိုးရက ရခိုင် ပြည်နယ် မှာ အရေးပေါ် အခြေအနေ ကြေငြာ ပြီး လုံခြုံရေး တပ် ဖွဲ့  ၀င် အင်အား
တိုးမြှင့် ချထား သော်လည်း ထိထိရောက်ရောက် မနှိမ် နှင်း တာတွေ ကြောင့် နှစ်ဖက် သေကြေ
ထိခိုက် ဒဏ်ရာ ရရှိ မှု တွေ နဲ့  ပျက် စီးဆုံး ရှုံး မှု တွေ တိုးလာတယ် လို့  စစ်တွေ မြို့  မှာ အင်တာ
နက် ဆိုင် ဖွင့် ထား သူ တစ်ဦး က FNG ကို ပြော ပါတယ်။
ယနေ့  ညနေ ၅ နာရီ အထိ ကျောင်းကြီး လမ်း ရပ် ကွက် နာဇီ ရပ် ကွက် တွေ မှာ ဘင်္ဂါလီ ရိုဟင်ဂျာ
တွေ ရဲ့  မီးရှို့ မှု တွေ ကြောင့် ဒေသခံ ရခိုင် လူ မျိုး တွေ ဟာ အိုးမဲ့ အိမ်မဲ့ ဆက် လက် ဖြစ် နေရဆဲ
ဖြစ်ပါတယ်။
ဘုမေ ရပ် ကွက် မှာ ယနေ့  ညနေ ၃ နာရီလောက် မှာ ဘင်္ဂါလီ တွေ က ၀င်ရောက် ရှင်းလင်း
တဲ့ ရဲတပ် ဖွဲ့  ကို သေနတ် နဲ့  ပြန်လည် ခုခံ ပြစ်ခတ် မှု တွေ ပြု လုပ် တယ် လို့  ဆိုပါတယ်။
စစ်တွေ မငြိမ်သက်မှု များ ကို အစိုးရ တပ်များ ထိထိရောက်ရောက် မနှိမ်
နှင်း နိုင်သေဆုံးသည့် ရခိုင် တိုင်းရင်းသား အရေ အတွက် တိုးလား စစ်တွေ
တစ်မြို့ တည်းမှာ ပင် သေဆုံးသည့် ရခိုင် တိုင်း ရင်းသား ၁၆ ဦးထိ ရှိလာ သည် ဟု သိရသည်။
ယနေ့  ညနေ နောက်ဆုံး သတင်းရရှိသည် အထိ စစ်တွေ မြို့  တွင် လူနေ အိမ်ခြေ ၉၀၀ ကျော်
ဘုန်းတော် ကြီး ကျောင်း ၄ လုံး နှင့် ဟိန္ဒူ ဘုရားကျောင်း တစ်ခု မီးရှို့  ခံ ရပြီး ဖြစ်သည်။
စစ်တွေ မြို့  အပါ အ၀င် ရခိုင် ပြည် နယ် ရှိ မြို့  အချို့  တွင် ပေါ်ပေါက်နေသည့် မငြိမ် သက် မှု
များ ကို အစိုးရ က တရား ၀င် သတင်း အတိအကျ ထုတ် ပြန်ရန် နှောင့် နှေး နေမှု ကို ဝေဖန်
မှုများ ရှိ နေသည်။
စစ်တွေ မြို့  တွင် ဖြစ်ပေါ် နေသည့် မငြိမ်သက်မှု များ ကို ထိရောက်စွာ မနှိမ် နှင်းပါက ရက် အနည်း
ငယ် အတွင်း အခြား မြို့ များ သို့  ပျံ့  နှံ့  နိုင်သည် ဟု ကျွမ်းကျင် သူများ က သုံးသပ် ကြသည်။
(နောက်ဆုံး ရ ဓာတ်ပုံများ ဖြစ်သည်)
Photo : AP, AFP, Reuters, DW














သေနတ်နဲ.ပစ်ပြန်ရင်လည်း စစ်တပ်ကအင်အားသုံးဖြေရှင်းပါတယ်ဝိုင်းပြောကြဦးမယ် မပစ်တဲံအခါကျတော့
ထိရောက်စွာမနှိမ်နှင်းနိုင်ဘူးပြောကြတယ်..လူတွေတော်တော်ခက်တာပဲ…..
လျှပ်တပြက်ဂျာနယ်နယ်မှာ-
အချပ်ပို-မျက်နှာဖုံး နိုင်ငံပိုင်သတင်းစာ နိုင်ငံပိုင်မီဒီယာ၏မှားယွင်းဖေါ်ပြမှုမည်သူတာဝန်ယူမည်နည်း။ ခေါင်းစဉ်စာသားမှာ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့်လည်းကောင်း။ စာမျက်နှာ ၈ -မဒိမ်းကျင့်ခံသတ်ရသည့်မိန်းကလေးဓာတ်ပုံနှင့်စာသားများ။ စာမျက်နှာ ၄ တတိယကော်လံ(အောက်ခြေစာသား)စာပေစိစစ်ရေး ဖျက်သိမ်းရေး ဒို့အရေးစာသားမှာ ပုဒ်မ ၅(ည)၊၅၀၅(ခ) ဆူပူမှုဖြစ်စေရန်ရေးသားသည့်အတွက်လည်းကောင်း။စာနယ်ဇင်းကျင့်ဝတ်နှင်.မညီသဖြင့်ဥပဒေနှင့်အညီအရေးယူပေးပါရန်သတင်းစာဆရာအုပ်စုမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အားတောင်းဆိုပါသည်။ဝန်ကြီးချုပ်ကြီး ဂျာနယ်များတွေ့ဆုံစဉ်က လျှပ်တပြက်မှတာဝန်အရှိဆုံး အယ်ဒီတာချုပ်၊ရေးသားသူမပါရှိပါ။မသက်ဆိုင်သည်. ဂျာနယ်သမားများကို ခြိမ်းခြောက်သကဲ့သို့သာဖြစ်ပါသည်။တာဝန်ရှိသူကိုသာ ဥပဒေနှင့်အရေးယူပေးပါ။
သတင်းစာဆရာများအုပ်စု
Some would like to become form small case towards big problem on Ma Thi Dar Htawe’s case to national ethenic problem between Rakhine & Rohenja and it will be chance for Myanmar Junta Army to coup 1/4 Myanmar Junta Regime and if they coupped,Military government will be sure to oppress rule long time all Burma’s national peoples together with china & India.