ILO ညီလာခံ မှာ ရိုဟင်ဂျာ အရေး နဲ့  ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

နော်ဝေ နိုင်ငံ သို့  မထွက် ခွာ မှီ ဆွစ်ဇာလန် နိုင်ငံ ဘန်းမြို့  တွင် သတင်း စာ ရှင်းလင်းပွဲ ပြု လုပ်ရာ
ဉ် မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် မှာ ခရီးပန်း မှု ကြောင့် မူးဝေ အော့အန်
မှု ဖြစ်ခဲ့ ရာ သတင်း စာ ရှင်းလင်းပွဲ ကို ရပ်နား ခဲ့ ရသည်။  ဒေါ်အောင်ဆန်းစုကြည် က တက်ရောက်
လာသည့် နိုင်ငံတကာသတင်း ဂျာနယ် လစ် များ     ခရီးပန်း မှု နှင့် အချိန်ပြောင်းလဲ မှု ဖြစ်စဉ် တွင်
နေသား မကျ မှု ကြောင့် အင်အားကုန် ခမ်း မောပန်း နွမ်းနယ် သဖြင့်    ဖြေကြား မှု ကို ရပ် ဆိုင်း ပေး ပါ
ရန် တောင်း ပန် ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၁၉ ရက်နေ့ တွင် အသက် ၆၇ နှစ် ပြည့်
မည် ဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဥရောပ ခရီးစဉ် တစ်ထောက် အဖြစ်
ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မြို့ မှာ ကျင်းပတဲ့ နိုင်ငံ တကာ အလုပ်သမား အဖွဲ့  (ILO) ရဲ့  ညီလာခံ
ကို တက်ရောက် ပြီး မိန့် ခွန်း ပြောကြား ခဲ့ ပါတယ်။

အဆိုပါညီလာာခံ မှာ နိုင်ငံတကာ က ရင်းနှီးမြုပ် နှံ သူ တွေ အနေနဲ့  မြန်မာ နိုင်ငံ မှာ လာရောက် ရင်း
နှီး မြုပ် နှံ ဖို့  လို ကြောင်း အဲဒီလို မျိုး ရင်းနှီး မြုပ် နှံ မယ် ဆိုရင်လဲ တာဝန်ယူမှု ၊ တာဝန်သိတတ်မှု
တွေ နဲ့  အတူ ရင်း နှီး မြုပ် နှံ ဖို့  လို ကြောင်း ကို ဒေါ်အောင်ဆန်းစုကြည် က ပြော လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဂျနီဗာ မရောက် ခင် တစ်ရက် အလို မှာ ILO က မြန်မာ နိုင်ငံ အပေါ် အရေး
ယူပိတ် ဆို့  မှု တွေ ကို ဖယ်ရှား လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က လည်း အရေးယူမှု ရပ်
ဆိုင်းတာ တွေ ကို ကြိုဆို ကြောင်း ညီလာခံ မှာ ပြောကြား တဲ့ မိန့် ခွန်း မှာ ထည့် သွင်း ပြောကြား
ခဲ့ ပါတယ်။

ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမား တွေ အရေး မှာ ILO ကနေ ပြီး တော့ အလုပ် သမား တွေ ရဲ့ 
ခံစား ခွင့် လစာ တွေ နဲ့  ပတ်သက် ပြီးဝင်ရောက် ဖြေရှင်း ပေး ဖို့  ကို လည်း သူက ပြောကြား ခဲ့
ပါတယ်။

ညီလာ ခံ ပြီး နောက် သတင်း ထောက် တွေ ရဲ့  မေးခွန်း ကို ဖြေကြား ရာမှာ လတ်တလော ဖြစ်ပေါ်
နေတဲ့ ရခိုင် ပြည်နယ် ဒေသ က မငြိမ် သက် မှု တွေ ရယ် ရိုဟင်ဂျာ ပြဿနာ နဲ့  ပတ် သက် ပြီး AFP
သတင်းဌာန က မေးမြန်းတာ တွေ ကို ဒေါ်အောင်ဆန်းစုကြည်က ” အဆင်း ရဲ ဆုံး ဒေသ ဖြစ်တဲ့ အတွက်
ပြဿနာ တွေ အတော် များ ကြောင်း ၊ နယ်စပ် လုံခြုံရေး နဲ့  နိုင်ငံ တွင်း ရွှေ့ ပြောင်း ၀င်ရောက် နေထိုင်
သူ တွေ အခြေချရေး ကိစ္စတွေ မှာ သက် ဆိုင်ရာ အာဏာ ပိုင် တွေ အနေနဲ့  လာဘ်စား မှု ကင်းပြီး ၊
မဟုတ်တာ မလုပ် တဲ့ အခြေအနေ မျိုး ရှိ သင့် ကြောင်း သူမ က ထောက်ပြ ပြော ဆိုခဲ့ ပါတယ်။

ရိုဟင်ဂျာ တွေ မှာ နိုင်ငံ သား ဖြစ်ဖို့  အခွင့် အရေး ရှိသလား ဆိုတာ တွေ နဲ့  ပတ်သက် တဲ့ မေးခွန်း ကို
ဒေါ်အောင်ဆန်းစုကြည် က ဖြေကြား ရာမှာ “ ဘယ်လိုလူတွေ နိုင်ငံ သား ဖြစ်ဖို့  အရည် အချင်း ပြည့်မှီ
သလဲ ၊ နိုင်ငံ သား အခွင့် အရေး က ဘာ တွေ လဲ ဆိုတာ နဲ့  ပတ်သက် ပြီး ရှင်းလင်း တိကျ တဲ့ ဥပဒေ
တစ်ရပ် လို အပ် တယ် “ လို့  ပြန်လည် ဖြေကြား ခဲ့ ပါတယ်။

ရိုဟင်ဂျာ တွေ နိုင်ငံသား ဖြစ်ခွင့် ရှိသလား ဆိုတဲ့ မေးခွန်း ကို အနည်း ဆုံး သတင်း ထောက် နှစ်ဦးက
မေးမြန်း ခဲ့ ရာ ဒေါ်အောင်ဆန်းစုကြည်က မေး မြန်း သည့် အကြိမ် တိုင်း တွင် တိကျရှင်းလင်း ပြတ်
သား သည့် နိုင်ငံ သား ဖြစ်မှု ဆိုင်ရာ ဥပဒေ တစ်ရပ် လိုအပ် ကြောင်းသား ပြောကြား ခဲ့ သည်။

သတင်း ထောက်များ က ရိုဟင်ဂျာ ဟု အမည် နာမ မှည့် ခေါ် ပြီး မေးသော်လည်း ဒေါ်အောင်ဆန်း
စုကြည် က နယ်စပ် က ၀င်ရောက် လာသူ ဟု ပြောခဲ့ ပြီး ဖြေရှင်း ရမည့် ပြဿနာ တွင် ရခိုင် ပြည်
နယ် နှင့် နယ်စပ် လုံခြုံ မှု အရေး ဟု သုံး နှုန်းခဲ့သည်။

ILO ရဲ့  ၁၀၁ ကြိမ်မြောက် ကျင်းပတဲ့ အစည်း အဝေး ကို တက်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်
ကို နိုင်ငံ တကာ ကိုယ်စား လှယ် တွေ နဲ့  ILO ခေါင်းဆောင် တွေ က ကြို ဆို ဂုဏ်ပြု ခဲ့ ကြ ပါတယ်။

ဇွန်လ ၁၅ ရက်နေ့ မှာ တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ မရဲ့  ဥရောပ ခရီးစဉ် ရဲ့  ဒုတိယခရီး
တစ်ထောက်နားရာ ဖြစ်တဲ့ နော်ဝေ နိုင်ငံ ကို ထွက် ခွာ မှာ ဖြစ် ပြီး အော်စလို မှာ ၁၉၉၀ ခုနှစ် က
သူမ ရရှိခဲ့ တဲ့ ငြိမ်းချမ်းရေး နိုဘဲလ် ဆု ကို တက်ရောက် လက်ခံ ရယူ မှာ ဖြစ်ပါတယ်။

Photo Credit : AP, AFP , MSNBC , FOX , Euro News

2 thoughts on “ILO ညီလာခံ မှာ ရိုဟင်ဂျာ အရေး နဲ့  ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

  1. နိုင်ငံခြားသားတွေက ဘာလူမျိုးလဲလို့ ဘင်္ဂါလီ ဒုက္ခ သည်တွေကို မေးတော့ အင်္ဂလိပ်လို ကောင်းကောင်းမတတ်တဲ့ ဘင်္ဂါလီတွေက ရင့်ဂျာ ဆိုတဲ့ ဒေသခံစကား(ဒုက္ခသည်)လုံးကို ပြောရာက နိုင်ငံခြားသားတွေက ရိုဟင်ဂျာ လူမျိုးလို့ ထင်မှတ်ရာက စတင်သုံးနုန်းခဲ့ပါတယ်.ပြီးတော့ မူဆလင်ထဲက သဘောထားမမှန်သူတွေက ဒေါ်လာ စား စာရေးဆရာနဲ့ ဘီဘီစီ၊ ဗွိအိုအေတို့နဲ့ပေါင်းပြီး ရိုဟင်ဂျာ တွေလို့ ဘင်္ဂလားဒေ့ရှ်ကဝင်လာသူတွေကို တိုင်းရင်းသားဖြစ်အောင် သမိုင်းကို ပြောင်းပြန်ရေးခဲ့ ခြင်းပါ။

Comments are closed.