အမေရိကန် အစိုးရ ရဲ့  လှို့ ဝှက် မှတ်တမ်း တွေ ကို ဖွင့် ချခဲ့ တဲ့ ၀ီကီလိခ် တည်ထောင်သူ ဂျူ
လီယန် အဆန်း ဟာ အင်္ဂလန် နိုင်ငံ မှာ ခရီးသွားလာ ခွင့် ဆိုင်ရာ ကန့် သတ်မှု ချမှတ် ခံ ထား
ရာ က နေ ဒီနေ့ မှာ လန်ဒန် မှာ ရှိ တဲ့ အီကွေဒေါ သံရုံး မှာ နိုင်ငံ ရေး ခိုလှုံ မှု ပြု ခဲ့ တယ် လို့ 
အီကွေဒေါ နိုင်ငံခြား ရေး ၀န်ကြီး ရီကာဒို ပန်တီနို က မြို့ တော် ကွီတို မှာ ရှိ တဲ့ သတင်း စာ
ရှင်းလင်း ပွဲ မှာ ထုတ် ဖော် ပြောကြား ခဲ့ ပါတယ်။
၂၀၁၀ ခုနှစ်က ဆွီဒင် နိုင်ငံ မှာ အမျိုးသမီး နှစ်ဦး ကို လိင် ပိုင်း ဆိုင်ရာ မတော် မတရား မှု
ပြု ခဲ့ တယ် ဆို တဲ့ စွပ် ဆွဲ ချက် နဲ့  သူ့  ကို အင်္ဂလန် လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ တရားရုံး
က စစ်ဆေး နေ ပြီး ပြစ်မှု ထင် ရှား ရင် ဆွီဒင် နိုင်ငံ ကို လွှဲ ပြောင်း ပေး အပ် မှာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရ စစ်ဘက် လှို့ ဝှက် ချက် မှတ်တမ်း နှစ်သိန်း ခွဲ ကျော် ကို ဖွင့် ချ ခဲ့ တဲ့
ဂျူလီယန် အဆန်း ကို အမေရိကန် အစိုးရ က လည်း အလို ရှိ နေတဲ့ အတွက် သူဟာ
ဆွီဒင် နိုင်ငံ ကို လွှဲ ပြောင်း ခံ ရရင် အမေရိကန် ကို တစ်ဆင့် ထပ်မံ လွှဲ ပြောင်း ခံ ရ မှာ
ဟာ ၀ီကီလိခ် တည်ထောင်သူ အတွက် စိုးရိမ်စရာ ဖြစ်တယ် လို့  ဂါးဒီယန်း သတင်းစာ
မှာ ဖော်ပြထား ပါတယ်။
အဆန်း ကို အင်္ဂလန် နိုင်ငံ မှာ အမှု စစ်ဆေး နေ တာ တစ်နှစ် ခွဲ ကျော် ကြာ မြင့် နေ ခဲ့ ပြီး ဒီကာ
လ အတွင်း သူ ဟာ မော်စကို လိုလား တဲ့ Russian Times ရုပ်သံ မှာ The World Tomorrow
အစီအစဉ် ကို တင်ဆက် သူ အဖြစ် တာဝန်ထမ်းဆောင် ခဲ့ ပါတယ်။
၂၀၁၀ ခုနှစ် က အီကွေဒေါ နိုင်ငံခြား ရေး ၀န်ကြီး က ဂျူလီယန် အဆန်း ကို သူ့  နိုင်ငံ မှာ လာ
ရောက် နေ ထိုင် ဖို့  ဖိတ် ခေါ် ကမ်းလှမ်း ခဲ့ ပါတယ်။
အီကွေဒေါ သံရုံး မှာ နိုင်ငံ ရေး ခိုလှုံ ခွင့် လုပ် တယ် ဆို တဲ့ သတင်း ထွက် ပေါ် ပြီး နောက် ပိုင်း
မှာ တော့ အမေရိကန် မှာ ရှိ အီကွေဒေါ သံရုံး က ဂျူလီယန် အဆန်း ကို အီကွေဒေါ နိုင်ငံ သမ္မ
တ Rafael Correa က ဖိတ် ခေါ် ကမ်းလှမ်း ခဲ့ တာ မရှိ ဘူး လို့  ငြင်း ဆို ခဲ့ ပါတယ်။
ဂျူလီယန် အဆန်း ရဲ့  တည်ထောင်ထား တဲ့ ၀ီကီလိခ် စာမျက် နှာ ရဲ့  အသုံးပြု သူ ဖိုရမ်မှာ
တော့ သူ့  ရဲ့  နိုင်ငံရေး ခိုလှုံ ခွင့် အသနား ခံစာ ကို လက်ခံ တဲ့ အတွက် အီကွေဒေါ အစိုးရ
နဲ့  ပြည်သူတွေ ကို ကျေးဇူး တင် ကြောင်း ပြောကြား ထား ပါတယ်။
ဇွန်လ ၁၉ ရက်နေ့  နေ့ လည် ပိုင်း မှာ လန်ဒန် မှာ ရှိ တဲ့ အီကွေဒေါ သံရုံး ထဲ ကို ၀င်ရောက်
ခဲ့ ဂျူလီယန် အဆန်း ၀င်ရောက် ခဲ့ ပါတယ်။ သူ့ ရဲ့  ဒီလုပ် ဆောင် ချက် ဟာ ဗြိတိသျှ အထက်
တရား ရုံးက သူ့  ရဲ့  ဆွီဒင် နိုင် ငံ ကို လွှဲပြောင်းခြင်း မပြု ဖို့  အသနား ခံ စာ ကို ပယ်ချ ပြီး ငါး
ရက် မြောက် နေ့ မှာ ဖြစ်ပါတယ်။
Wikileaks, Julian Assange,
Related articles
- Ecuador says WikiLeaks’ Assange seeks asylum – Reuters (reuters.com)
- Julian Assange seeks asylum in Ecuador (arstechnica.com)
