ရိုမေးနီးယား ၀န်ကြီးချုပ် ဟောင်း တရား ရုံး အမိန့် ကြောင့် သတ်သေဖို့ ကြိုးစား

ရိုမေးနီးယား ၀န်ကြီး ချုပ် ဟောင်း အဒ်ဒရီယန် နာတာဆေး  ဟာ   ရွေးကောက် ပွဲ မှာ တရား မ၀င်
ရံပုံ ငွေ ရှာ ဖွေ မှု အတွက် အပြစ် ရှိ ကြောင်း တရား ရုံးက  ထောင်ဒဏ် ၂ နှစ်  အမိန့် ချမှတ် ပြီး နောက်
မိမိ ကိုယ်ကို သတ်သေ ဖို့  ကြိုးစား ခဲ့ တယ် လို့  အစိုးရ က တရား ၀င် သတင်း ထုတ် ပြန်ထား ပါတယ်။

အဒ်ဒရီယန် နာတာဆေး ဟာ ၂၀၀၀ ခုနှစ် က နေ ၂၀၀၄ ခုနှစ် ထိ ရိုမေနီးယား ၀န်ကြီး ချုပ် တာဝန်ထမ်း
ဆောင် ခဲ့ ပြီး ၁၉၉၀ မှ ၁၉၉၂ ခုနှစ် ထိ နိုင်ငံခြား ရေး ၀န်ကြီး တာဝန် ထမ်းဆောင် ခဲ့ သည်။

ရိုမေးနီးယား နိုင်ငံ ဘူခါရက် (စ) ရှိ တရား ရုံး ချုပ် က ၀န်ကြီး ချုပ် ဟောင်း အား ထောင်ဒဏ် အမိန့် 
ချမှတ် ပြီး နောက် ရဲ တပ် ဖွဲ့  ၀င် က သူ ၏ အိမ် သို့ လာရောက် ရာ တွင် နာတာဆေး က အိမ်တွင်းစာ
ကြည့် တိုက် ဉ် စာအုပ် သွား ယူ မည် ဟု ပြော ပြီး နောက် သေနတ် ဖြင့် လည်ပင်း ကို ပြစ်ကာ မိမိကိုယ်
ကို သတ်သေရန် အားထုတ် ခဲ့ ခြင်း ဖြစ်သည်။

နာတာ ဆေး ၏ ရှေ့  နေ ဖြစ်သူ အွန် ချောက်ဇက်ကူ က နာတာဆေး ၏ အမှု သည် ဥရောပ သမဂ္ဂ လူ့ 
အခွင့် အရေး ဆိုင်ရာ တရား ရုံး သို့  အယူ ခံ ၀င် ၍ ရ နိုင် သေး သည် ဟု ဆိုသည်။

လက်ရှိ ၀န်ကြီး ချုပ် ဖြစ်သူ ဗစ်တာ ပွန်တာ က  နာတာ ဆေး အား ကုသပေး နေသည့် ဆေးရုံ သို့ 
သွား ရောက် ကြည့် ရှု ပြီး နောက် သူ့  ကို ကြည့်   တာ အခြေအနေ နဲနဲ ဆိုး နေတယ် ဟု ရိုက်တာ
သတင်း ဌာန ကို ပြောသည်။

အသက် ၆၂ နှစ် အရွယ် ရှိ အဒ်ဒရီယန် နာတာဆေး သည် နိုင်ငံ ကို ၂၅ နှစ် ကြာ အုပ် ချုပ် ခဲ့ သည့်
အာဏာရှင် ချောင်ဇက်ကူ တို့  ဇနီး မောင် နှံ ကို ၁၉၉၈ ခုနှစ် တွင် သေဒဏ် ပေး ခဲ့ ပြီး နောက် ပထမ
ဦး ဆုံး ပြစ်ဒဏ် ချမှတ် ခံရသည့် ရိုမေးနီးယား ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။

Romania, Adrian Nastase , Victor Ponta

Photo: AFP/Getty Images