မိုးသီးဇွန် ၊ ၊ကျနော်တောထဲတုံးက တိရစ္ဆာန်လေးတွေမကြာခနရတယ်။ မုဆိုးတွေနဲ့  ရဲဘော်တချို့  က တောလိုက်ပြီး ပြန်လာကြရင် တောကြောင်၊မျောက်တွေ တွေရလေ့ရှိတယ်။ ဒီတော့ တောကြောင်ပေါက်တွေ၊
မျောက်လေးတွေပါရလာတယ်။ ကျနော်ကလဲ ငယ်ငယ်ကထည်းက တရိစ္တာန်ချစ်သူဆိုတော့
တောကောင်ပေါက်တွေကိုမွေးသပေါ့။ ဒီထဲမှာ မျောက်လေးတကောင်နဲ့ မြွေ တကောင်ကိုတော့သတိရပေါဗျာ။
မြွေက တော့ကျနော်ချစ်တဲ့တိရစ္ဆာန်ထဲမှာပါတယ်။ သူတို့ ဟာတည်ငြိမ်တယ်။ အေးချမ်းတယ် လေ။ မြွေတွေ
ထဲမှာ စပါးကြီးမြွေနဲ့ မြွေဟောက်က သိပ်ကြက်သရေရှိတယ်။ ကျနော်အိမ်မှာမွေးထားခြင်တယ်။ ဒါပေမဲ့ဒီ
ဆန္ဒကမပြည့်ဝနိင်သေးဘူး။
တနေ့ တောထဲသွားရင်း စပါးကြီးမြွေပေါ်က်စတကောင် ကောက်ရတယ်။ကျနော်လွယ်အိပ်ထဲထည့်ပြီး
မွေးထားတယ်။ အရွယ်က ကြပ်ဝိုင်းလောက်ရှိပြီး အရှည်က ၂ ပေလောက်ပဲရှိတာပါ။ စပါးကြီးမြွေတွေကို
အကြီးကြီးတွေ တွေ့ ဖူးပေမဲ့ ခုလို အကောင်ငယ်လေးကိုမတွေ ဘူးတော့ ကျနော်သိပ်ပျော်တယ်။
သူကိုယ်ဟာ ရွေရောင်အကွက်ကြီးတွေနဲ့  လှတယ်။ သူခေါင်းကရှည်လျှားလှပြီး တခါတခါမှာ တော့ ကျယ်ပြောတဲ့
သူပါးစပ်ကို အားပါတရာ ဟ ပြီး သမ်းဝေ နေတယ်။
အချိန်တော်တော်များများမှာတော့ သူဟာ ကျနော့ လွယ်အိပ်ထဲမှာခပ်ခွေခွေပဲ နေတယ်။ တခုခုကိုလေးလေး
နက်နက်စဉ်းစား နေဟန်ရှိတယ်။ ကျနော်နဲ့မြွေ လေးဟာသွားလေရာအတူတူပေါ့။ (ဒီအချိန်မှာကျနော်မှာမျောက်လေး
တကောင်လဲမွေးထားပြီးပြီးးသူနာမည်ကထွေးညို ၊ မျောက်မလေး။ သိပ်ချစ်ဖို့ ကောင်းတယ်။ နောက်မှာသူ
အကြောင်းပြောပြမယ်။ )
သူကအိပ်ချိန်ဆိုရင် ကျနော်အိပ်ရာဘေးမှာ ခပ်ခွေခွေအိပ်နေတယ်။ တောထဲဆိုတော့မီးမရှိဘူး။ ကျနော်ပြန်
လာရင် လက်နိပ်ဓါတ်မီးကိုထွန်းပြီး သူကိုရှာလိုက်ရင် သူမျက်လုံးဟာရဲရဲတောက်ပြန်ကြည့်နေတယ်။
အမြဲတမ်းအသင့်ဖြစ်နေတတ်တဲ့ သူအကျင့်ကိုကျနော် သဘောကျနေတယ်။
အခန်းထောင်တနေရာရာမှာခွေနေလေ့ရှိတယ်။ ဘယ်မှ မသွားဘူး။ သူကိုကြည့်ပြီးဒီနေ့ ရာသီဥတုကိုပြောနိင်သမို့ 
သိပ်ကိုအဖေါ်ရသပေါ့။ ပူရင်သူကအခန်းထောင့်မှာ အေးရင် ကျနော်ခေါင်းအုံးပေါ်မှာခပ်ခွေခွေအိအိပ်နေတယ်။
အပ်ကျသံတောင်မကြားရဘူး။ သူအိပ်နေတာသိပ်ကြည့်လို့ ကောင်းတယ်။ ကျနော်က ခေါင်းဦးပေါ်ကိုလှဲချလိုက်လို
့ပျော့စိစိဖြစ်နေရင် သူခေါင်းဦးပေါ်မှာ ရှိနေတယ်ဆိုတာသိလိုက်ပြီ။ ဒါဆိုရင်ဒီညအေးမယ်။ စောင်ကို ယူခြုံလိုက်တယ်လေ။
သူအရွယ်ရောက်လာတော့ သူကိုယ်သူရမ်ဘိုလို အောင်းမေ့ရှာမယ်။ မြွေစိတ်ဝင်ပြီး ကျနော်ကိုအားလေးဘာလေးစမ်းတယ်။
ကျနော်အိပ်ပျော်နေတုံး အသက်ရှု ကြပ်ပါတယ်အောင့်မေ့  တယ်။ ဘာဟုတ်မလဲ သူကလည်ပင်းကိုညစ်ပြီး အားစမ်းနေတာကိုး။
အဲဒါဆို သူအမြီးကနေ ဆွှဲပြီး ဖြေလိုက်ရုံပါပဲ။ ခြေရင်းဖက်ကို တွန်းရွေ့ ပြီးအိပ်ရတယ်။
ကိုယ်တော်မြတ်က လူကိုဟိုကျော်ဒီကျော်ကျော်နေသေးတယ်။
တခါတလေ ခြေထောက်ကို ပတ်ပြီး ညစ်တယ်။ ဒါမျိုးဆိုရင်တော့ အညောင်းလေးဘာလေးပြေသပေါ့လေ။
ကျနော်ရဲဘော်တွေက တခါတလေမှာကျနော်ဆီကပိုက်ဆံကိုခိုးလေ့ရှိတယ်။
(နောက်ပြောင်တဲ့အနေနဲ့ ခိုးတာပါ။) တောထဲက ကရင်လဘက်ရည်ဆိုင်မှာ
အကျော်ဆိုင်မှာသူတို့  စားကြဖို့ ပါ။ သူတို့ ခိုးပြီးဘယ်လိုစားလိုက်တယ်
ဘယ်လို ၀ါးလိုက်တယ်ဆိုတာကို နောက်ပိုင်းမှာ မသိမသာကြွားတယ်။
ရီစရာမောစရာအဖြစ်နောက်ကြတယ်။ ကျနော်ကိုအတယ်ပေါ့လေ။
အခုမြွေလေးရလာတော့ ကျနော်က မြွေလေးကို ကျောပိုအိပ်ထဲထည့်ထား
တယ်။ ကျနော်အိပ်နေတုံး သူတို့ ကျောပိုးအိပ်ကို နိက်လိုက်တော့
မြွေလေးကိုစမ်းမိတယ်။ ဒီအခါမှာ ဘာပြောကောင်းမလဲ ကြွက်ကြွက်
ညံအော်ကြတယ်လေ။ ဒီတခ်ါတော့ ကျနော် ရီရတဲ့အလှည့်ပေါ့။
သူတို့  လှန့် သွားတာကိုကြည့်ပြီး ရီရတာသိပ်အရသာရှိတယ်။
မြွေလေးရကတည်းက ကျနော်အဖို့ လုံခြုံမှုအပြည်ရှိသလိုခံရတယ်။
+
တနေ့ တော့မြွေလေးနဲ့လမ်းခွဲဖို့ ဖြစ်လာတယ်။
သိတဲ့အတိုင်းပဲပေါ့ဗျာ။ ကျနော်တို့  ရဲဘော်တွေက တိရိစ္ဆာန်သိပ်မချစ်ကြဘူး။
ကျနော်ကို သံအမတ်ကြီးတယောက်ကပြောဘူးတယ်။ မင်းတို့ ဗမာတွေ
က ခွေးတွေ ကိုသိပ်မချစ်ကြဘူးနော်တဲ့။ သူနဲ့ ကျနော်က ခွေးချစ်ပုံတူကြတော့ သူရင်ဖွင့်တာပေါ့ဗျာ။
သူပြောသလိုပဲ ကျနော်တို့ ရဲဘော်တွေကို ကျနော်ချစ်ပါတယ်။ ဒါပေမဲ့
ဒီကောင်တွေက ခပ်လှုပ်လှုပ်အကောင်ဆိုရင် စားဖို့ သာသိကြတာကိုး။
ဒီကြားထဲမှာ မြွေကြတော့ကြောက်ကြတယ်ဗျ။ ကျနော်ရုံးခန်းကို
ခါတိုင်းလို စွပ်ကယ်စွပ်ကယ်မလာဝံကြတော့ သူတို့ မြွေလေးကိုရန်လုပ်ကြတယ်။
အစည်းဝေးလုပ်နေချိန် ကျနော့်မြွေလေးကလွယ်အိပ်ထဲကထွက်လာရင်
ပြေးတဲ့ကောင်ပြေးကြ၊ အော်ကြနဲ့ရှုပ်နေတယ်။
တယောက်ကဆိုရင် ရန်သူသာသူကိုမိသွားရင် မြွေနဲ့ တာတို့ လို့ ကတော့
အကုန်ဖေါ်မိတယ်လို့ တောင်ဆိုသဗျ။
သူတို့ ပူညံပူညံလုပ်ကြတော့ကို အောင်သူငြိမ်းက တနေ့ မှာကျနော် မြွေကိစကို
ဆွေးနွေးတယ်။ သူကလဲ မြွေကို ခပ်လှန့် လှန့် ရှိတယ်။
ခင်ဗျားမြွေကိုလွတ်လိုက်ပါဗျာတဲ့။ ဟိုရဲဘော်တွေ စိတ်မချမ်းမသာဖြစ်နေကြတယ်တဲ့။ ကျနော်လည်း ရင်ကွဲပက်လက်ဖြစ်။
အများဆန္ဒ ဆိုတော့ နောက်ဆုံးမှာ မြွေလေးကို ကျနော်တောထဲကို ပြန်
လွတ်ဖို့ ဆုံးဖြတ်လိုက်ရတာပေါ့။
တနေ့ မနက်အစောကြီးမှာသူကိုအစာကျွေးပြီး
ကျနော် ချောင်းစပ်မှာပြန်လွတ်ပေးလိုက်တယ်။
နံနက်ခင်းမှာ နေရောင်ခြည်က သိပ်ကိုလှနေတယ်။
အလင်းတန်းက သစ်ရွက်တွေကို ဖြတ်ပြီး ကနွဲ့ ကရဆင်းလာတယ်။
စမ်းချောင်းကလေး က ရေသံ ကိုကျွန်တော် ကြားနေရတယ်။ ကျနော်မျက်နှာသစ်
ပြီး တဲ့ နောက် မှာ တော့
ကျောပိုးအိပ်ထဲက မြွေလေးကိုထုတ်ပြီးလွတ်ပေးလိုက်တယ်။
မြွေလေးဟာ ခါတိုင်းလိုပဲသူကိုပြန်ခေါ်မယ်လို့ ယူဆပုံရတယ် ထင်ပါတယ်။
သူဘယ် မှာ ဆက် မသွား သေး ပဲ နဲ့  သောင်ပြင်မှာ မလှုပ်မရှက်ငြိမ်နေတယ်။
နောက်တော့ ကျနော်က သူ ကို တွန်း နိုးသတိပေးလိုက်တဲ့အခါမှာ သစ်ရွက်ခြောက်တွေကိုဖြတ်ပြီး
သူရင်ဆိုင်ရမဲ့ ကမ္ဘာသစ် ကို တရွေ့ ရွေ ပဲထွက်သွားပါ တော့တယ်။
ကျွန်တော် သူ နဲ့  ပြန် မဆုံ ဖြစ် တော့ ပါဘူး။
မိုးသီးဇွန်
